ဒီမိုကရေစီအရေး စုစည်းရာမျိုးချစ်ညီအကိုများသို့ကြိုဆိုပါ၏.......

Monday, 11 June 2012

သျှမ်းသံတော်ဆင့်မှ ဖေဖေါ်ဝါရီလတွင် ထုတ်ဝေသည့် Independence စာစောင် ရိုဟင်ဂျာ အမည်ခံသူများ အကြောင်းနှင့် ပတ်သက်၍ ထိုင်းသတင်းစာများမှ ကူးယူဖေါ်ပြသည် ဟူသောဆောင်းပါး၌...

သျှမ်းသံတော်ဆင့်မှ ဖေဖေါ်ဝါရီလတွင် ထုတ်ဝေသည့် Independence စာစောင် ရိုဟင်ဂျာ အမည်ခံသူများ အကြောင်းနှင့် ပတ်သက်၍ ထိုင်းသတင်းစာများမှ ကူးယူဖေါ်ပြသည် ဟူသောဆောင်းပါး၌ “ရိုဟင်ဂျာဆိုတာ လူဦးရေ ၇ သိန်းကနေ၊ ၁.၅ သန်းထိရှိပြီး အေဒီ ၇-ရာစုလောက်က ရခိုင်ပြည်မြောက်ပိုင်းတ၀ိုက်စီးပွား ကုန်သွယ်အလုပ်နဲ့ ရွှေ့ပြောင်း အခြေချ လာတဲ့ အာရပ်လူမျိုးစုကနေ တဆင့် မူဆလင်ဖြစ်လာကြတာ”ဟု ရေးသားဖေါ်ပြထား သည်ကို တွေ့ရှိရ၍ အံ့သြသင့်ရပါသည်။ ဤဆောင်းပါးကို ဖေါ်ပြသော ထိုင်းသတင်းစာများ သည်...... ရိုဟင်ဂျာဆိုသူများထံမှ ရရှိ သော အချက်အလက်ဖြစ်ဟန်တူသည်။



အမှန်မှာ ၁၄၀၄-ခု လေးမြို့ခေတ်၌ မင်းစောမွန် ဘုရင်လက်ထက် ရခိုင့်ဘုရင့်နိုင်ငံတော်ကို ဗမာဘုရင်သိမ်းပိုက်သဖြင့် ရခိုင်ဘုရင် မင်းစောမွန်သည် ဘင်္ဂလားဒေသရှိ ဂေါလ်ဒေသသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ဂေါလ်ကကောင်း မွန်စွာ လက်ခံခဲ့သည်။ ဘင်္ဂလားဂေါလ် ဆူလတန်ဘုရင်၏ အကူအညီဖြင့် ရခိုင်ထီးနန်းကို အရယူခဲ့ရသည်။ အေဒီ ၁၄၃၀-တွင် မြောက် ဦးမြို့တည်၍ မြောက်ဦးခေတ်ကို စတင် တည်ထောင်ခဲ့ပါသည်။ မြောက်ဦးခေတ်တွင် ရခိုင့် တပ်မတော်၌ အာရပ်မှစစ်သည်တော်များ၊ ဥရောပမှ ပေါ်တူဂီများနှင့် ဂျပန်တို့ပါအမှုတော်တမ်းခဲ့ သည်ကိုတွေ့ရှိရ သည်။ ယင်းအာရပ်မှစစ်သည်တော် မျိုးဆက်အများစုမှာ သံတွဲ၊ ရမ်းဗြဲကျွန်းနှင့် မြောက်ဦးမြို့ပတ်ဝန်းကျင်တွင် နေထိုင်ကြပါသည်။ ယင်းတို့ကိုရခိုင်တို့က ကမန်ဟု ခေါ်ဝေါ်ပြီး ရခိုင်ပြည်၌ တိုင်းရင်းသား မျိုးနွယ်စုအဖြစ် အသိ အမှတ်ပြုထားပါသည်။





ယင်းမူဆလင် ဘာသာဝင် ကမန်တို့သည် ရခိုင်ပြည်၌ ပြဿနာဖန်တီးခြင်း၊ ရခိုင်တို့နှင့် ဘာသာရေး အဓိကရုဏ်း၊ လူမျိုးရေးအဓိကရုဏ်း ဖန်တီးခြင်းမျိုးကို လုံးဝပြုလုပ်ခြင်းမရှိဘဲ၊ ရခိုင်ပြည်နှင့်ရခိုင် လူမျိုး အပေါ် သစ္စာရှိရှိဖြင့် ရခိုင်တို့နှင့် အေးအတူ ပူအမျှ ငြိမ်းချမ်းစွာ နေ ထိုင်လာခဲ့ကြသောလူမျိုး တမျိုးဖြစ်သော ကြောင့် ရခိုင်ပြည်၌ ဤကဲ့သို့ မူဆလင် ဘာသာကိုးကွယ်သော ရခိုင်တိုင်းရင်းသား ကမန်လူမျိုး ရှိသည်ကိုပင်သတိပြု မိကြဖူးမည် မဟုတ်ပေ။





သို့သော် မိမိကိုမိမိ ရိုဟင်ဂျာဟု ကြွေးကြော်နေသူများမှာ ၁၈၂၅-နောက်ပိုင်း ရခိုင်ကို အင်္ဂလိပ်တို့ သိမ်းပိုက်ပြီးမှ ၀င်ရောက်လာသော မူဆလင်ဘာသာ ကိုးကွယ်သည့် စစ်တကောင်းတောင်း တန်းနေ ဘင်္ဂလီများသာ ဖြစ်သည်။


၁၈၂၅-တွင် ရခိုင်ပြည်၌ မူဆလင်ဦးရေ ၃၀,၀၀၀ ရှိခဲ့ရာမှ ၁၉၃၀ ပြည့်တွင် ၂၁၇၈၀၀-ရှိခဲ့ရာ ဗြိတိသျှအစိုးရက မူဆလင်ဦးရေ တိုးလာမှုကိစ္စကို စိုးရိမ်လာသောကြောင့် အခြေအနေစုံစမ်းရန် ၁၉၃၉ ၌စုံစမ်းရေးကော်မရှင် တခု ဖွဲ့စည်းပေးခဲ့သည်။ ကော်မရှင်က မူဆလင်ဦးရေ အတားအဆီးမရှိ တိုးဝင်လာမှုကို မဟန့်တားပါက နောင်အခါ၌ လူမျိုးရေး ပဋိပက္ခ္ခများ ဖြစ်နိုင်ကြောင်း အစီရင်ခံခဲ့သော်လည်း ဒုတိယ ကမ္ဘာစစ်ကြောင့် မည်သို့မျှ မလုပ်နိုင်ခဲ့ပေ။ အစီရင်ခံသည့် အတိုင်းပင် ၁၉၄၂-တွင် ကုလား-ရခိုင်အဓိကရုဏ်း ဖြစ်ခဲ့လေသည်။ မောင်တော မြို့နယ်ရှိ ရခိုင်ရွာအား လုံး ဖျက်ဆီးခံရသည်။ ရခိုင်တချို့မှာ ပြည်တွင်းသို့ဝင်ပြီး၊ တချို့မှာ အင်္ဂလိပ်ပိုင်နက် ဒိန်နာဂ်ျပူသို့ထွက်ပြေးခဲ့ကြရ သည်။



၁၉၄၂-ဂျပန်များဝင်လာသောအခါ ရခိုင်များကို သတ်ဖြတ်ခဲ့သော ကုလားအဖွဲ့သည် ဘာသာရေး အသွင်ပြောင်းကာ ဂျမေယာတူ အိုလမာအသင်း ဖွဲ့စည်းကြသည်။ အဖွဲ့ဥက္ကဌမှာ အုံမော်မျာ (ဘီအေဘီအယ်လ်) ဖြစ်သည်။ အုံမော်များ အဖွဲ့သည် အနောက် ပါကိစ္စတန်မှ အော်လနာ မူဟာမတ် မူဇဟတ်ခန်နှင့် မော်နာအီဗြာဟိန်း တို့ကိုခေါ်၍ မူဂျာဟိန်းအဖွဲ့ ဖွဲ့စည်းကြသည်။ ပါကိစ္စတန်နယ်သို့ ရခိုင်ပြည်ထည့်သွင်းရေး အစီစဉ်ပင်ဖြစ်သည်။





စစ်ရေးအရ မြန်မာစစ်တပ်နှင့် မယှဉ်ပြိုင်နိုင်သော မူဂျာဟိန်းတို့သည် အခြား တိုင်းရင်းသား များနည်းတူ အခွင့်အရေးရလို၍ မစ္စတာဂေါ်ဖားက ရိုဟင်ဂျာဟူသော လူမျိုးသစ်တခုကို ၁၉၅၀- စက်တင်ဘာလထုတ် ဂါဒီးယန်းသတင်းစာတွင် အသက်သွင်းခဲ့သည်။



သို့သော် ၁၉၅၁- ဇွန်လတွင်ကျင်းပခဲ့သော အလယ်သံကျော် မူဆလင်ညီလာခံကမူ ရိုဟင်ဂျာမဟုတ်ဘဲ ဗမာ မူဆလင် ကဲ့သို့ ရခိုင်မူဆလင်လူမျိုးဟု ခေါ်ဝေါ်ရန် ဆုံးဖြတ်ခဲ့ကြ သည်။ ရခိုင်တို့က ငါတို့ရခိုင်တွင် မူဆလင် ဘာသာဝင် မရှိဟု ပြောလာကြသောအခါ ရိုဟင်ဂျာဘက် သို့ ဖေါက်ထွက်ရန် ထွက်ပေါက်ရှာ လာကြသည်။ ၁၉၆၀-ပတ်ဝန်းကျင်တွင် ရိုဟင်ဂျာသတင်းစာ၊ ရန်ကုန်တက္ကသိုလ် ရိုဟင်ဂျာ ကျောင်းသားအသင်းထိ လှုပ်ရှားလာခဲ့ကြသည်။


၁၃၊ ၅၊ ၈၈ - နေ့က မောင်တောမြို့နယ်တွင် အလွန် ကြောက်မက်ဖွယ်ကောင်းသော ကုလားလှုပ်ရှားမှုတခုဖြစ်ပွား ခဲ့သည်။ ကုလား ၅၀၀၀၀-ခန့်သည် မောင်တောမြို့ကို အရပ်ရှစ် မျက်နှာ မှ ၀ိုင်းပြီးဟစ်အော်ကြွေးကြော် မီးရှို့သတ်ဖြတ် ရန်ချီတက်လာခဲ့ကြသည်။ လှုပ်ရှားမှုမှာ ညနေရှစ်နာရီခွဲမှ နောက် တနေ့နံနက် ၃-နာရီခွဲအထိ ကြာခဲ့သည်။





သူတို့ ဘာသာစကားဖြင့် ဘုရားသခင် အလိုကျတိုက်ပွဲဝင်ကြ၊ မင်းတို့ တိုင်းပြည်ငါတို့ တိုင်းပြည် ဖြစ်ရမည်ဟူ၍ ဟစ်အော်ကြ သည်။



၁၉၄၂ မတိုင်မှီက မောင်တောမြို့နယ်အတွင်း တည်ရှိခဲ့သော ရခိုင်ရွာပေါင်း ၁၉၅-ရွာမှာ ၁၉၉၂ တွင် ၄၆ ရွာသာ ကျန်ပါတော့သည်။ ကျန်ရွာများအား မူဆလင်များက လူဦးရေအသာစီးရမှုဖြင့် သိမ်းပိုက်ခဲ့ကြပါသည်။ ဤသည်မှာ ရိုဟိန်ဂျာ ဆိုသူများပေါ်ပေါက်လာပုံ သမိုင်းအကျဉ်းဖြစ် သည်။ လက်ရှိအဖြစ်အပျက်များနှင့်တိုက်ဆိုင်၍ အောက်ပါ ဆောင်းပါးဖြင့် ချေပတင်ပြလိုက် ရပါသည်။



လိမ်လည်ခြင်းနှင့် ဟန်ဆောင်ခြင်းနောက်ကွယ်မှရိုဟိန်ဂျာဟူသောအသံသည် ၁၉၈၈ လူထုအုံ-ကြွမှုနှင့် ၁၉၉၀ ရွေးကောက်ပွဲနောက်ပိုင်း အော်ကြီးဟစ်ကျယ်ထွက် ပေါ်လာ မှု နှင့်အတူ “ရိုဟိန်ဂျာအမည်ခံ” ဘင်္ဂလီမူဆလင်များ၏ စတန့်ထွင်လုပ်ဇာတ်ခင်းမှုများလည်း Media များမှ တဆင့် ပလူပျံထွက်ပေါ်လာပါသည်၊၊ မိမိတို့၏သမိုင်းမှန်၊ ဖြစ်ရပ်မှန်များကို ဖုန်းကွယ်၍ သမိုင်းလိမ်၊ ဖြစ်ရပ်လိမ်များ အစားထိုးတင်ပြကာ “ရိုဟိန်ဂျာ” အမည်ကိုသုံး၍ လူမျိုးသစ်ဖန်တီးရေးနှင့် နိုင်ငံသစ်ထူထောင်ရေးလုပ်ငန်းများ စနစ်တကျ အကွက်ချ လုပ်ကိုင်လာကြပါသည်၊၊




မှတ်မိသလောက်၊ ၁၉၉၀ ရွေးကောက်ပွဲတွင် ရိုဟိန်ဂျာအမည်သုံး၍ ရွေးကောက်ပွဲဝင်ခဲ့မှု မရှိခဲ့ပေ။ ၁၉၈၈ လူထု အုံကြွမှု တွင်လည်း ရိုဟိန်ဂျာအမည် အသုံးမပြုခဲ့ကြပေ၊၊ ၁၉၉၁ တွင် မူဆလင် အများအပြား ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခိုင်းပြီး ယင်းဘင်္ဂလားဒေ့(ခ်ျ) ရှိ ဆင်းရဲသားများ၊ အခြေမဲ့အနေမဲ့များနှင့် ပူးပေါင်းကာ ဗမာစစ်အစိုးရ နှိပ်စက် ညှင်းပမ်းမှုကြောင့် လူ (၂၀၀,၀၀၀) ကျော်ထွက်ပြေးရကြောင်း စာရင်းပြကာ ရိုဟိန်ဂျာ အမည်ကို ကမ္ဘာကျော် အောင်နည်းမျိုးစုံ လုပ်ကြံဖန်တီးလာကြ ပါသည်။ ၁၉၉၀ တွင် မြန်မာနိုင်ငံသား အဖြစ် အသိအမှတ်ပြုခံထားရသော မူဆလင်များအား ရွေးကောက်ပွဲဝင် ခွင့်ပြုခဲ့သည်ကို ရိုဟိန်ဂျာအမည်ဖြင့် ရွေးကောက်ပွဲ ၀င်ခဲ့ရသလိုလို လိမ်လည် လှည့်ဖြားလာကြပါသည်။ ဘာသာရေး အစွန်းရောက် တချို့၏ ဤကဲ့သို့ လုပ်ကြံဖန်တီးမှုများ အစပိုင်းတွင်အောင်မြင် သယောင်ယောင် ရှိခဲ့သော်လည်း နောက်ပိုင်းတွင် တိမ်ကောလာပြီဖြစ်သည်။



အင်္ဂလိပ်အုပ်ချုပ်မှု လက်အောက်၌ လယ်ကူလီများအဖြစ် ရခိုင်ပြည်သို့ လာရောက်လုပ်ကိုင် လာခါစ၌ စီးပွားရေးနှင့် ဘ၀ရပ်တည်ရေး ရည်မှန်းချက်သာရှိကြသဖြင့် ဒေသခံဗုဒ္ဓဘာသာဝင် ရခိုင်များက လူသားချင်းစာနာ၍ အမှတ်မထင် လက်ခံထားခဲ့ကြသည်။





နောက်ပိုင်း ဘင်္ဂလားဒေသမှ ရခိုင်ပြည်ဘက်သို့ ယင်းဘင်္ဂလီမူဆလင်များ မတရားလိမ့် ၀င်လာ မှုကြောင့် အင်္ဂလိပ်အစိုးရကိုယ်တိုင် စိုးရိမ်၍ လူဦးရေစာရင်း စစ်တမ်းများ လုပ်လာခဲ့ရသည်၊၊ ရခိုင်မြေ၌ လူဦးရေ အလုံးအရင်းဖြင့် အခြေချနေထိုင်ခွင့်ရပြီးနောက် ဘာသာရေးအစွန်းရောက် များနှင့် နယ်မြေချဲ့ထွင်ရေး မူဆလင် ခေါင်းဆောင်များ နိုင်ငံရေးဘက်သို့ ဦးတည်လှုပ်ရှား လာခဲ့ပြီး သူတို့ကို သူတို့ ဒေသခံတိုင်းရင်းသား၊ ရိုဟိန်ဂျာ များဖြစ်ကြောင်း လိမ်လည်လှည့်ဖြား တင်ပြလာကြပါသည်။ စစ်တကောင်းဒေသမှ ယင်းဘင်္ဂလီမူဆလင်များ သည် ယနေ့ထက်ထိ လည်း ရခိုင်ပြည်ထဲနည်းမျိုးစုံ ခိုးဝင်နေကြရုံသာမက မြန်မာ အာဏာပိုင်များအား လာဘ်ထိုး၍ ရခိုင်ပြည်၏ စီးပွားရေး ချုပ်ကိုင်ဖို့ကြိုးစားနေကြသည်ကိုတွေ့ရှိ ရပါသည်။



အစပိုင်းတွင် မြန်မာနိုင်ငံရှိ အခြား တိုင်းရင်းသားများက ရိုဟိန်ဂျာအမည်နှင့် သူတို့ နိုင်ငံရေး အရတိုက်ပွဲဝင်မှုကို လက်ခံရန် ရခိုင်တို့အား ဖိအားပေးမှုများ ရှိခဲ့သည်။ နိုင်ငံတကာ NGO များမှလည်း လူ့အခွင့်အရေးရှုထောင့်မှနေ၍ ရိုဟိန်ဂျာဆိုသူများအား အသိအမှတ်ပြုမှုများ ရှိလာသည်သာမက ရခိုင်တို့အားလည်း ရိုဟိန်ဂျာအမည်နှင့် နိုင်ငံရေး အရတိုက်ပွဲဝင်မှုများကို အသိအမှတ်ပြုကာ ရိုဟိန်ဂျာဆိုသူများနှင့် လက်တွဲတိုက်ပွဲဝင်ရန် နည်းမျိုးစုံ ဖိအားပေးမှုများ လုပ်လာခဲ့ပါသည်၊၊ နောက်ပိုင်း မြန်မာနိုင်ငံ ဒေသခံ တိုင်းရင်းသားများက သူတို့၏လိမ် လည်ခြင်းနှင့် ဟန်ဆောင်မှုများ ကို သိလာရသောအခါ ရိုဟိန်ဂျာအမည်နှင့်တကွ သူတို့၏ နိုင်ငံရေးအရ ရပ်တည် တိုက်ပွဲဝင်မှုများ ကိုပါ လုံးဝ အသိ အမှတ်မပြု ဖြစ်လာ ကြသည်၊၊



ယင်းရိုဟိန်ဂျာ အမည်ခံများသည် ရခိုင်ပြည်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခြင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ရခိုင်ပြည်မှ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံသို့ လှေစီးဒုက္ခသည်ပုံစံမျိုးဖြင့် အလုံးအရင်းဖြင့် ၀င်ရောက်ခြင်းများ ပြုလုပ်လျက် ယင်းနိုင်ငံများ၌လည်း လူမှုရေးနှင့် ဘ၀ရပ်တည်ရေး အပါအ၀င် နိုင်ငံရေးအရ ကြွေးကြော်တိုက်ပွဲ ၀င်မှုများ ပြုလုပ် လာကြပါသည်။ ယင်းရိုဟိန်ဂျာအမည်ခံများသည် ယခုအခါတွင် မလေးရှားနိုင်ငံ၌ သောင်းနှင့် ချီရောက်ရှိနေ ပြီဖြစ်ပြီး၊ ထိုင်းနိုင်ငံ၌လည်း စနစ်တကျ ၀င်ရောက်ထိုးဖေါက် နေပြီဖြစ်သည်၊၊ ထိုင်းအစိုးရက ယင်း ရိုဟိန်ဂျာအမည်ခံများ ထိုးဖေါက် ၀င်ရောက်မှုကို စနစ်တကျ တားဆီးမှုပြုလုပ်လာသော အခါယင်းရိုဟိန်ဂျာ အရေးသည် ဒေသခံနိုင်ငံများ အား ရိုက်ခတ်လာသဖြင့် ဒေသခံနိုင်ငံများ သတိထား ဆောင်ရွက်လာကြသည်ကို တွေ့ရှိရသည်။ အာစီယံ ထိပ်သီး အစည်းဝေး၌ပင် ယင်းရိုဟိန်ဂျာပြဿနာသည် နံပါတ်(၁) နေရာရယူထားပြီး ဖြစ်သည်၊၊



ထိုင်းနိုင်ငံက အဘယ်ကြောင့် ယင်းရိုဟိန်ဂျာဆိုသူများအား ဒုက္ခသည်စခန်းများဖွင့်ခွင့် လက်မခံသနည်း။



အဖြေမှာ ရှင်းနေသည်၊၊ ယင်းရိုဟိန်ဂျာ အမည်ကိုသုံး၍ နိုင်ငံရေးအရ တိုက်ပွဲဝင်နေသူများသည် Al-Quada အဖွဲ့နှင့် ဆက်နွယ်မှု ရှိနေသည်။ ထိုင်းနိုင်ငံ အကြမ်းဘက် လှုပ်ရှားနေသူ များနှင့် ပေါင်းမိပြီး ထိုင်းနိုင်ငံ၏ လုံခြုံရေးကိုပါ ခြိမ်းခြောက် လာမည်ကို စိုးရိမ်၍ဖြစ်သည်၊၊



နိုင်ငံတကာ NGO များနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများက ရိုဟိန်ဂျာအမည်ခံများအား “နိုင်ငံမဲ့များ” အဖြစ် လူသား ချင်းစာနာ ရှုထောင့်မှနေ၍ ယင်းတို့၏ နိုင်ငံရေးအရတိုက်ပွဲဝင်မှုများ အသိအမှတ်ပြုရန် ရခိုင်တို့အား ဖိအားပေးနေကြသည်ကို တွေ့ရှိရသည်၊၊ သို့သော် ယင်းဘင်္ဂလီမူဆလင်များ အလုံးအရင်းနှင့် ၀င်ရောက်ပြီး နောက်ပိုင်းဘာသာရေး အဓိက ရုဏ်းများ ဖြစ်ပွါးပြီးနောက် မိမိတို့၏ ပိုင်ဆိုင်မှုနယ်မြေ၊ အိုးအိမ်များ စွန့်ခွာ ထွက်ပြေးလာ ကြရသော ဒေသခံ ရခိုင်များ၏ ရှေ့အနာဂတ် အရေးကို တွေးပူသည်ကိုကား မတွေ့ရှိရသေးပေ၊၊





ယင်းအဓိကရုဏ်းကာလ၌ မူဆလင် များ၏ သတ်ဖြတ်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသော ရခိုင်ပြည်သူများ၊ ဗုဒ္ဓဘာသာရဟန်းတော်များ၊ မူဆလင်များ၏ မီးတိုက်ဖျက်ဆီးမှုကြောင့် ပြာ ကျခဲ့ရသော ရခိုင်ရွာများ၊ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများ၊ ဘာသာရေးအစွန်းရောက် ယင်းမူဆလင်များ၏ မုဒိမ်းကျင့်သတ်ဖြတ်ခြင်းခံခဲ့ရသော ရခိုင်သူမများနှင့် မိမိအသက် အိုးအိမ် စည်းစိမ် လုံခြုံရေး အတွက် အမြဲတမ်းအထိတ် တလန့်ဖြစ်နေရသော ရခိုင်သူ၊ ရခိုင်သားများ၏ အနာဂတ်အရေးကို တွေးပူစဉ်းစားမိသော NGO များနှင့် ကုလသမဂ္ဂ္ဂ အဖွဲ့အစည်းများကို မတွေ့ဖူးသေးပေ၊၊



ဗမာစစ်အစိုးရ၏ နှိပ်စက်မှုကို ခံနေရသူများမှာ ရခိုင်ပြည်ရှိ မူဆလင်ဘာသာဝင်သက်သက် မှမဟုတ်ဘဲ၊ ရခိုင်ပြည်ရှိ ဗုဒ္ဓဘာသာဝင် များအပါအ၀င် မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူများ သည်လည်း နည်းမျိုးစုံ ဖိနှိပ်ညှင်းဆဲခံနေရသည်ကို သတိတရား လက်ကိုင်ထားဖို့ လိုအပ်သည်။ အကယ်၍ အိမ်နီးချင်းနိုင်ငံများ၊ NGO များ ကုလသမဂ္ဂအဖွဲ့အစည်းများက ချင့်ချိန်မစဉ်းစားဘဲ ရိုဟိန်ဂျာဆိုသူများ၏ အရေးကိုဇောင်းပေးပြီး ရိုဟိန်ဂျာအမည်နှင့် ယင်းတို့၏ နိုင်ငံရေးအရ ရပ်တည် တိုက်ပွဲဝင်မှုကို လက်ခံခဲ့လျှင် မကြာသော တနေ့၌ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် ဒေသ အားလုံး ယင်းရိုဟိန်ဂျာ အမည်ခံသူများ လက်ထဲသို့ကျရောက်သွားပြီး၊ ဒေ သခံရခိုင်ပြည်သူများ အသတ်ခံရမှု၊ ရပ်ရွာ အိုးအိမ် စွန့်ခွာ ထွက်ပြေးရမှုနှင့် ရင်ဆိုင်ရမည်။ ယင်းအရေးသည် ရခိုင်ပြည်တခုလုံး၊ ဗမာပြည်တစ်ခုလုံးနှင့် အိမ်နီးချင်းနိုင်ငံ များ၏ လုံခြုံရေးကိုပါ ခြိမ်းခြောက်လာပြီး ယင်းနိုင်ငံ၌ နေထိုင်နေကြသော ဒေသခံပြည်သူများလည်း ရခိုင်သားများ ကဲ့သို့ ဘေးဆိုးကြီးများနှင့် ရင်ဆိုင်ရမည်ဖြစ်ပါကြောင်း။

Saturday, 9 June 2012

ဖေ့(စ်)ဘွတ် မှ ကိုအောင်ဇေယျ ရဲ့ရင်ဖွင့်စာ

DVB က သတင်းထောက်တွေကို နာရင်းသာ ရိုက်ပစ်ကြဟေ့

Myo Set
ပည်ပမီဒီယာတွေကို စံနစ်တကျ တိုက်ဖျက်ဖို့ စစ်မျက်နှာဖွင့်ရပါတော့မယ်။

... (၁)အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လို နိုင်ငံတကာမှာ ပုံရိပ်အကြီးဆုံး ပြည်တွင်းပါတီရဲ့ ပေါ့လျော့မှု၊ မသိကျိုးကျွန်ပြုမှုနဲ့ အတူထွက်ရှိလာတဲ့ ပြီးစလွယ်ကြေငြာချက် ကြောင့်၊

(၂)မြန်မာမီဒီယာများရဲ့ နိုင်ငံတကာနဲ့ချိတ်ဆက်ခြင်းအားနည်းမှု၊ စည်းလုံညီညွတ်ခြင်းနည်းပါးကာ ငါးပွက်ရာငါးစာချ သတင်းများကိုသာ တောက်လျှောက်တင်ဆက်လိုသည့် ဥာဏ်အမျှော်အမြင်နည်းပါးမှု

(၃)၊ မြန်မာအစိုးရ၏ နှစ်ပေါင်းများစွာ အထီးကျန်အဖြစ်ရပ်တည်ကာ နိုင်ငံတကာနှင့် သဟဇာတမဖြစ်မှု

(၄) ပြည်ပရောက်နိုင်ငံရေးသမားများ၏ အလွန်အကျွံတစ်ကိုယ်ကောင်းဆန် ကိုယ်ကျိုးရှာမှုများကြောင့် အင်အားစုစည်းမိခြင်းမရှိဘဲ ဝါးအစည်းပြေသလိုဖြစ်နေမှု

ဒီလို အထက်ပါအချက်တွေရဲ့ စုစုပေါင်းရလာဒ်ဟာ ကျုပ်တို့ မြန်မာနိုင်ငံက ရခိုင်ပြည်နယ်ထဲကို နယ်ခြားက လူမျိုးခြားမိစ္ဆာတွေ ဝင်ရောက်ကျူးကျော် နှိပ်စက်ခြင်းကို ခံနေခဲ့ကြရပြီ။

ဒီအထက်ပါအချက်တွေကြောင့် ပြည်ပမီဒီယာများဟာ ကိုယ်ကျိုးရှာနိုင်ငံရေးသမားဟောင်းတွေနဲ့ ဖွဲ့စည်းထားပြီး မြန်မာပြည်ကို စံနစ်တကျ သစ္စာဖောက်ခဲ့ကြပြီ။

DVB ဆိုတဲ့သတင်းတစ်ပုဒ်မှာ ဒီလို လုပ်ကြံမှုကို တွေ့နိုင်တယ်။

"ဇွန် ၈ရက်နေ့ မောင်တောမြို့နယ်မှာ အစ္စလာမ်ဘာသာဝင်များရဲ့ နေအိမ်များကို မီးရှို့ဖျက်ဆီးမှု၊ အကြမ်းဖက်ပြီးလူအချို့ကို သေကြေဒဏ်ရာရအောင်လုပ်မှုတွေဖြစ်ပွားခဲ့ပြီးနောက်တစ်နေ့မှာ ရန်ကုန်မှာရှိတဲ့ရခိုင်တိုင်းရင်းသားတွေက ဆန္ဒပြခဲ့ကြတာပါ" ( DVB June 9,2012, ပီတာအောင်)

ဒီလောက်အထိ သွေးသံရဲရဲသတ်ဖြတ်ခံနေရတဲ့ပုံတွေ၊ သတင်းတွေပျံ့နှံ့နေပေမယ့် တိုင်းပြည်နဲ့အမျှ ကြားနေရတဲ့ သူတို့မီဒီယာကို လူထုကို လှည့်ဖျားဖို့ ဘယ်လို အဆိပ်ခတ်အသုံးချလိုက်တယ်ဆိုတာ သိသာနေပြီ။

ဒါကို ကျုပ်တို့ မျက်စိရှိနေပါလျက်၊ လက်ပါနေပါလျက်၊ စာတတ်နေပါလျက် ဒီအတိုင်းထိုင်ကြည့်နေကြမလား။ အစွမ်းကုန်သပိတ်မှောက်ကြ။ ပြည်ထောင်စုကို ထိခိုက်စေမယ့် သတင်းတွေကို ဖြန့်ဖြူးနေတဲ့ ပြည်ပမီဒီယာတွေကို ချက်ခြင်း သပိတ်မှောက်ကြ။ ကန့်ကွက်ကြ။

ကျုပ်တို့မှာ အမေလည်းမရှိ၊ အဘလည်းမရှိပေမယ့် ကျုပ်တို့ကိုယ့်အားကို ကိုးလို့ရတယ်။
အစွမ်းကုန် ဆန့်ကျင်ကြ။ တစ်ကြောင်း၊ တစ်ပိုဒ်၊ တစ်မိနစ်၊တစက္ကန့် မျှ မကျန် မိမိတိုင်းပြည်ကို သစ္စာဖောက် မီဒီယာများဘေးရန်မှ စုပေါင်းကာကွယ်ကြ။

စာရေးဆရာကြီး ဦးအောင်သင်း ပြေတဲ့ ရိုအင်ဂျာ ဆိုတာ

ကိုကိုကြီး : အခုဖြစ်နေတဲ့ ပြဿနာဟာ မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်များနဲ့ မြန်မာနိုင...်ငံသား အစ္စလာမ်ဘာသာ ဝင်များကြားမှာ၊ ဗုဒ္ဓဘာသာဝင်အားလုံးနဲ့ အစ္စလာမ်ဘာသာဝင်အားလုံးကြားမှာ ဖြစ်ပွားနေတဲ့ ပြဿနာ မဟုတ်ဘူး။ဒါကို လူမျိုးရေး၊ဘာသာရေးအသွင် ဖန်တီးမယ်ဆိုရင်လည်း ဒါဟာ မရိုးမသားလုပ်ဆောင်နေတဲ့ ဖန်တီးမှုပဲလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။
အဲဒီတော့ ရခိုင်တိုင်းရင်းသားတွေ နှစ်ပေါင်းများစွာခံစားနေရတဲ့ဝေဒနာ၊ သူတို့ခံစားမှုကိုလည်း ကျွန်တော်တို့ အလေးအနက်ထားဖို့ လိုပါလိမ့်မယ်။ ရိုဟင်ဂျာပြဿနာဟာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ကျွန်တော်တို့ ၈၈ မျိုးဆက်ကျောင်းသား များအနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးပြဿနာကို ပြေလည်ဖို့ ကြိုးစားနေတဲ့အခါမှာ အတတ်နိုင်ဆုံး အငြင်းပွားစရာ ကိစ္စတွေ၊ မပြောမဖြစ်တဲ့ကိစ္စတွေကလွဲလို့၊ တော်တော်များများကို ရှောင်ရှားနေခဲ့ပါတယ်။ အခုနေမှာတော့ ရိုဟင်ဂျာနဲ့ပတ်သက် လို့ ကျွန်တော်တို့အတိအလင်းပဲပြောပါမယ်။ ရိုဟင်ဂျာသည် ကျွန်တော်တို့တိုင်းရင်းသား လုံးဝမဟုတ်ပါဘူး။ အခုဖြစ်နေတဲ့ ဘူးသီးတောင်-မောင်တောကိစ္စသည် နယ်စပ်ကနေ တရားမဝင်ဖြတ်ကျော်လာတဲ့၊ ဝင်ရောက်လာတဲ့၊ ရိုဟင်ဂျာများနဲ့ ပြည်ပသွေး ထိုးလှုံ့ဆော်မှုတွေပါ ပါနေတယ်လို့ ကျွန်တော်တို့မြင်ပါတယ်။
ရိုဟင်ဂျာပြဿနာကို ဘယ်ကမှ လက်ခံမယ့်နိုင်ငံမရှိသလိုမျိုးဖြစ်နေတဲ့ ဒုက္ခသည်တွေအနေနဲ့ လူသားချင်းစာနာမှုအရ ကျွန်တော်တို့ ကိုယ်ချင်းစာပါတယ်။ စာနာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့လူမျိုးရဲ့ သဘောကောင်းမှု၊ လိုက်လျောမှုကို နိုင်ငံကြီး တွေကနေပြီးတော့ ဒီအားနည်းတဲ့နိုင်ငံက ဒီပြဿနာကို လက်ခံရမယ်လို့ ဖိအားပေးနေတာမျိုးကို ကျွန်တော်တို့ လုံးဝ သည်းခံမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့က ဒီနေရာမှာ နိုင်ငံသားအနေနဲ့ သီးခြားပြောပါ့မယ်။ ကျွန်တော်တို့နိုင်ငံမှာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်စပ်နေတဲ့အားလျော်စွာ တရုတ်ရှိတယ်၊ အန္ဒိယန်းလူမျိုး မျိုးနွယ်စုတွေရှိတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဘိုးဘွားဘီဘင် အဆက်ဆက်က နေလာခဲ့ကြတဲ့အတွက် နိုင်ငံသားအဖြစ်ခံယူခွင့်ရရှိထားတဲ့ နိုင်ငံသားတွေရှိပါတယ်။ အဲ့ဒါဟာ နိုင်ငံသားဆိုတဲ့ ကိစ္စပါ။ ဒီတော့ ဘင်္ဂါလီပဲဖြစ်ဖြစ် နိုင်ငံသားအသိအမှတ်ပြုခံထားရတဲ့ ပုဂ္ဂိုလ်များကိုတော့ ကျွန်တော်တို့နိုင်ငံသား တစ်ဦးရဲ့ အခွင့်အရေး၊ နိုင်ငံသားတစ်ယောက်အပေါ် ကာကွယ်စောင့်ရှောက်မယ့်တာဝန်ကို နိုင်ငံသားတစ်ယောက်အနေနဲ့ ကျွန်တော်တို့ အပြည့်အဝ လက်ခံမှာပါ။ ဒါဟာ တရုတ်၊ ကုလား ကျွန်တော်တို့မခွဲပါဘူး။
See More