ဒီမိုကရေစီအရေး စုစည်းရာမျိုးချစ်ညီအကိုများသို့ကြိုဆိုပါ၏.......

Saturday, 9 June 2012

ကိုကိုကြီး : အခုဖြစ်နေတဲ့ ပြဿနာဟာ မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်များနဲ့ မြန်မာနိုင...်ငံသား အစ္စလာမ်ဘာသာ ဝင်များကြားမှာ၊ ဗုဒ္ဓဘာသာဝင်အားလုံးနဲ့ အစ္စလာမ်ဘာသာဝင်အားလုံးကြားမှာ ဖြစ်ပွားနေတဲ့ ပြဿနာ မဟုတ်ဘူး။ဒါကို လူမျိုးရေး၊ဘာသာရေးအသွင် ဖန်တီးမယ်ဆိုရင်လည်း ဒါဟာ မရိုးမသားလုပ်ဆောင်နေတဲ့ ဖန်တီးမှုပဲလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။
အဲဒီတော့ ရခိုင်တိုင်းရင်းသားတွေ နှစ်ပေါင်းများစွာခံစားနေရတဲ့ဝေဒနာ၊ သူတို့ခံစားမှုကိုလည်း ကျွန်တော်တို့ အလေးအနက်ထားဖို့ လိုပါလိမ့်မယ်။ ရိုဟင်ဂျာပြဿနာဟာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ကျွန်တော်တို့ ၈၈ မျိုးဆက်ကျောင်းသား များအနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးပြဿနာကို ပြေလည်ဖို့ ကြိုးစားနေတဲ့အခါမှာ အတတ်နိုင်ဆုံး အငြင်းပွားစရာ ကိစ္စတွေ၊ မပြောမဖြစ်တဲ့ကိစ္စတွေကလွဲလို့၊ တော်တော်များများကို ရှောင်ရှားနေခဲ့ပါတယ်။ အခုနေမှာတော့ ရိုဟင်ဂျာနဲ့ပတ်သက် လို့ ကျွန်တော်တို့အတိအလင်းပဲပြောပါမယ်။ ရိုဟင်ဂျာသည် ကျွန်တော်တို့တိုင်းရင်းသား လုံးဝမဟုတ်ပါဘူး။ အခုဖြစ်နေတဲ့ ဘူးသီးတောင်-မောင်တောကိစ္စသည် နယ်စပ်ကနေ တရားမဝင်ဖြတ်ကျော်လာတဲ့၊ ဝင်ရောက်လာတဲ့၊ ရိုဟင်ဂျာများနဲ့ ပြည်ပသွေး ထိုးလှုံ့ဆော်မှုတွေပါ ပါနေတယ်လို့ ကျွန်တော်တို့မြင်ပါတယ်။
ရိုဟင်ဂျာပြဿနာကို ဘယ်ကမှ လက်ခံမယ့်နိုင်ငံမရှိသလိုမျိုးဖြစ်နေတဲ့ ဒုက္ခသည်တွေအနေနဲ့ လူသားချင်းစာနာမှုအရ ကျွန်တော်တို့ ကိုယ်ချင်းစာပါတယ်။ စာနာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့လူမျိုးရဲ့ သဘောကောင်းမှု၊ လိုက်လျောမှုကို နိုင်ငံကြီး တွေကနေပြီးတော့ ဒီအားနည်းတဲ့နိုင်ငံက ဒီပြဿနာကို လက်ခံရမယ်လို့ ဖိအားပေးနေတာမျိုးကို ကျွန်တော်တို့ လုံးဝ သည်းခံမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့က ဒီနေရာမှာ နိုင်ငံသားအနေနဲ့ သီးခြားပြောပါ့မယ်။ ကျွန်တော်တို့နိုင်ငံမှာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်စပ်နေတဲ့အားလျော်စွာ တရုတ်ရှိတယ်၊ အန္ဒိယန်းလူမျိုး မျိုးနွယ်စုတွေရှိတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဘိုးဘွားဘီဘင် အဆက်ဆက်က နေလာခဲ့ကြတဲ့အတွက် နိုင်ငံသားအဖြစ်ခံယူခွင့်ရရှိထားတဲ့ နိုင်ငံသားတွေရှိပါတယ်။ အဲ့ဒါဟာ နိုင်ငံသားဆိုတဲ့ ကိစ္စပါ။ ဒီတော့ ဘင်္ဂါလီပဲဖြစ်ဖြစ် နိုင်ငံသားအသိအမှတ်ပြုခံထားရတဲ့ ပုဂ္ဂိုလ်များကိုတော့ ကျွန်တော်တို့နိုင်ငံသား တစ်ဦးရဲ့ အခွင့်အရေး၊ နိုင်ငံသားတစ်ယောက်အပေါ် ကာကွယ်စောင့်ရှောက်မယ့်တာဝန်ကို နိုင်ငံသားတစ်ယောက်အနေနဲ့ ကျွန်တော်တို့ အပြည့်အဝ လက်ခံမှာပါ။ ဒါဟာ တရုတ်၊ ကုလား ကျွန်တော်တို့မခွဲပါဘူး။
See More

No comments:

Post a Comment