ဒီမိုကရေစီအရေး စုစည်းရာမျိုးချစ်ညီအကိုများသို့ကြိုဆိုပါ၏.......

Friday, 30 December 2011

နိုင်ငံ၏ စွန်းထင်းသွားသည့် ဂုဏ်သိက္ခာကို မပယ်ရှားပစ်နိုင်သေးသရွှေ့ ကျွန်ပ်သည် အသက်ရှင်တိုက်ပွဲဝင်မည်။


election for...

www.bbc.co.uk
ရန်ကုန်တိုင်း ကော်မရှင် ဥက္ကဌက ဘီဘီစီကို အတည်ပြုပြောကြား။

ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေး ရန်ပုံငွေ တေးဂီတဖျော်ဖြေပွဲကို ဒေါ်အောင်ဆန်းစုကြည်တက်ရောင်ဖွင့်လှစ်


ရန်ပုံငွေပွဲမှ အဆိုတော်တွေအားလုံး ထိုးထားသော တီရှပ်


မင်္ဂလာတောင်ညွန့် မီးဘေး အကူညီများစတင်

    အိမ်ချေ ၂၂၀ ကျောင်ပျက်စီးပြီး လူတထောင်ကျောင် အိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့သော ရန်ကုန် မင်္ဂလာတောင်ညွန့် မီးလောင်ပေါက်ကွဲမှုမှ မီးဘေးဒုက္ခ အတွက်အကူညီများစတင်နေပြီး အကူညီများလိုအပ်နေသေးကြောင်း သိရသည်
ဒုက္ခသည်များကို ခိုလှုံခွင့်ပေးထားသည့် မဟာဝိဇယရာမ ကျောင်းတိုက်မှ ဆရာတော်က “သူတို့ခမျာ ပစ္စည်းတွေက ဘာမှပြန်မရ၊ အ၀တ်တထည် ကိုယ်တခုနဲ့၊ ငိုယိုနေကြတာ။ စားစရာ၊ သောက်စရာ၊ အ၀တ်အစား၊ ကျန်းမာရေး စောင့်ရှောက်မှု၊ အားပေးမှုတွေ အများကြီးလိုနေတယ်။ လိုအပ်တာတော့ အကုန်ပဲ။ ဘာဆို ဘာမှကို မရှိတာ။ ဘုန်းကြီးကျောင်းထဲမှာရော၊ ကျောင်းအပြင်ဖက်တွေမှာရော နေရာချထားပေးရတယ်” ဟု ဧရာဝတီသို့ မိန့်သည်။
အဆိုပါကျောင်းတိုက်တွင် မီးဘေးသင့်ပြည်သူ ၁၂၀၀ ခန့်ကို ယာယီနေရာချထားပေးပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လူမှုအထောက်အကူပြု အဖွဲ့အပါအ၀င် တခြားလူမှုရေး အဖွဲ့အစည်းများ၊ ရန်ကုန်ဆေးရုံကြီးမှ ဆရာဝန်အဖွဲ့များ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ကြက်ခြေနီအဖွဲ့ဝင်များနှင့် ထူးကုမ္ပဏီမှ ကူညီမှုများ လာရောက် လုပ်ဆောင်ပေးနေသည်ဟု သိရသည်။
“ဒုက္ခသည်တွေထဲမှာ နည်းနည်းပါးပါး ဒဏ်ရာရတဲ့သူတွေလည်း ပါတယ်။ သိပ်ပြီး ဒဏ်ရာမသည်းတဲ့သူတွေကို ကျောင်းဆောင်တဆောင်မှာ ထားပြီး ကုသပေးနေတယ်” ဟု ကယ်ဆယ်ရေး လုပ်နေသည့် NLD အဖွဲ့ဝင် လူငယ်တဦးက ပြောသည်။
ယနေ့ နံနက် ၂ နာရီခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်၊ အေဘီစီ စက်ဆန်းရှိ ကုန်လှောင်ရုံများ မီးလောင်ပေါက်ကွဲမှုကြောင့် ဘေးပတ်ဝန်းကျင်ရှိ လူနေအိမ်ခြေများ ပြိုကျပျက်စီးပြီး ပေါက်ကွဲမှုအရှိန်ဖြင့် လွင့်စင်လာသော အပိုင်းအစများ ထိမှန်မှုကြောင့် သေဆုံးသူ၊ ဒဏ်ရာရသူများ ရှိခဲ့သည်။
ဒဏ်ရာရသူ ၉၀ ကျော်အနက် ဒဏ်ရာ အလွန်ပြင်းထန်သူများလည်း ပါဝင်နေသောကြောင့် သေဆုံးသူဦးရေ တိုးလာမည်ကို စိုးရိမ်ရကြောင်း ကယ်ဆယ်ရေး လုပ်ဆောင်နေသူများက ဆိုသည်။
လျှပ်စစ်ပစ္စည်းများ သိုလှောင်ရာ ကုန်လှောင်ရုံအမှတ် ၈၀ မှ စတင်လောင်ကျွမ်းပြီး ယမ်းစိမ်း၊ ကန့်၊ ဇ၀က်သာ စသည့် မီးလောင်ပေါက်ကွဲလွယ်သည့် ပရဆေးပစ္စည်းများ သိုလှောင်ရာ ကုန်လှောင်ရုံအမှတ် ၇၉ သို့ မီးကူးကာ ပေါက်ကွဲမှု ဖြစ်ခဲ့ကြောင်း၊ ၀န်းအတွင်းရှိ ကုန်လှောင်ရုံ ၄၂ အနက် ၁၆ လုံး မီးလောင်ပျက်စီးပြီး ကျန်ကုန်လှောင်ရုံများလည်း ပေါက်ကွဲမှုအရှိန်ဖြင့် ပျက်စီးခဲ့ကြောင်း၊ အနီးရှိဆိပ်ကမ်းတွင် ကပ်ထားသော သင်္ဘောနှစ်စီးလည်း ပျက်စီးခဲ့ကြောင်းနှင့် ဆုံးရှုံးမှု ကျပ်သိန်း တထောင်နီးပါးရှိမည်ဟု ခန့်မှန်းကြောင်း ရန်ကုန်တိုင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
“မီးလောင်ရတဲ့ အကြောင်းရင်းမြစ်ကိုတော့ မသိရသေးပါဘူး။ အသေးစိတ် အခြေအနေတွေကို လူကြီးတွေက စုံစမ်းစစ်ဆေးနေတုန်းပါပဲ” ဟု ရန်ကုန်တိုင်း ဗဟိုမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။
သေဆုံးသူများတွင် တာမွေ မီးသတ်စခန်းမှ မီးသတ်ရဲဘော် ၅ ဦး၊ အရပ်သား ၁၂ ဦးပါဝင်ပြီး ဒဏ်ရာရသူ ၉၁ ဦးတွင် မီးသတ်ရဲဘော် ၃၇ ဦး ပါဝင်ကြောင်း၊ ဒဏ်ရာရသူများကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း၊ အိမ်ထောင်စု ၂၂၆ စုနှင့် လူဦးရေထောင်ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြောင်း ၎င်းက ဆိုသည်။
မီးလောင်မှုဖြစ်ပွားသည့် ဂိုဒေါင်များမှာ ပုဂ္ဂလိကသို့ လွှဲပြောင်းထားသော ကုန်ပစ္စည်းသိုလှောင်ရုံများဖြစ်ကြောင်း အစိုးရပိုင် မြန်မာ့ရုပ်မြင်သံကြားသတင်းက သတင်းထုတ်ပြန်သွားသည်။

                                                                                                     ဓာတ်ပုံ-ဧရာဝတီ

မီး​ဘေးသင့်သူမှားကို ခေါ်အောင်ဆန်းစုကြည့်အားပေး

မင်္ဂလာတောင်ညွန့် မီးဘေးဒုက္ခသည်များ ရှိရာ မဟာဝိဇယ ဘုန်းကြီးကျောင်းသို့ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နေ့လယ်တွင် သွားရောက်သည်။ မဟာဝိဇယ ကျောင်းထိုင် ဆရာတော်ကို ဖူးမျှော်ပြီး မီးဘေးဒုက္ခသည်များကို နှစ်သိမ့်အားပေး ခဲ့ကြောင်း၊ ဒုက္ခသည်များ ပြန်လည်ထူထောင်ရေး အတွက် အိမ်ဆောက် ပစ္စည်းများကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လှူဒါန်းရန် စီစဉ်နေကြောင်း သိရသည်။ မီးဘေးဒုက္ခသည် အိမ်ထောင်စု ၁၄၀ ရှိသည်။

Thursday, 29 December 2011

The Lady on the Lake- Burma 2011


ရန်ကုန် မင်္ဂလာတောင်ညွန့် မီးလောင်ပေါက်ကွဲ 29/Dec/2011 12:18 AM


Residents in several areas of the city were woken by the blast around 2am, which appeared to have occurred at a medical warehouse in the eastern township of Mingalar Taung Nyunt, sparking a large blaze.
A security official at the scene said 10 men, including three firefighters, and five women had died while at least 65 people were injured, including some 30 firemen.
"We are still trying to make the list. We are also trying to find out the cause of the explosion and the fire," he told AFP.
Fire rescue services were still working to put out the flames, but "were able to control the fire", the official said.
"We heard a very loud noise from the explosion and saw smoke in the sky. Our building was also shaken by the explosion. We have no idea what's happening," a resident in nearby Botahtaung township said.
မင်္ဂလာတောင်ညွန့်မြို့နယ် မီးလောင် ပေါက်ကွဲမှုကြောင့် ဒုက္ခရောက်နေတဲ့လူတွေအတွက် မင်္ဂလာတောင်ညွန့်မြို့နယ် ပုသိမ်ညွန့်ခြောက်လမ်းထိပ်ရှိ မဟာဝိဇယာရာမကျောင်းတိုက်တွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ပေးထားပြီး ကယ်ဆယ်ရေးစခန်းတွင်ရောက်ရှိနေသော မီးဘေးဒုက္ခသည်များအတွက်..... .အ၀တ်အစား၊ အသုံးအဆောင်၊ အိမ်သုံးပစ္စည်းအမျိုးမျိုးတို့လှူဒါန်းလိုလျှင်....ဆက်သွယ်ပါ.... 095155891., 095104850, 095077986, ...
ကျေးဇူးပြုပြီး လက်ဆင့်ကမ်းပေးပါရန်

Wednesday, 28 December 2011

ဗိုလ်ချုပ်မှုးကြီးဟောင်း သန်းရွှေ သတိလစ် မေ့မျော


တင်ကျော်ကျော်စိုး ၊                 ။ယခု ထက်တိုင် နိုင်ငံ တော် အာဏာ ကို ချုပ် ကိုင် ထား ဆဲ လို့ 
ယူဆရတဲ့ မြန်မာ့ စစ်အာဏာရှင် ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ ဟာ ပြီး ခဲ့ တဲ့ တနင်္ဂနွေ နေ့ ညနေ
က  မြန်မာ ရုပ်ရှင် ဇာတ်ကားတစ်ခု ကို  မြေးဖြစ်သူ နေရွှေသွေးအောင် အပါအ၀င် မိသားစု နဲ့ 
အတူ ကြည့်ရှုအပြီး မှာ သတိလစ် မေ့ မျော သွား ခဲ့ ပြီး တနင်္လာ နေ့  ညနေမှာ သတိ ပြန်လည် လာ က နောက်နေ့  တွေ မှာတော့ သတိမရ တစ်ချက် ရတစ် ချက် ဖြစ်
နေပြီး အခု ထက်ထိ
အိပ်ရာ ထက် လဲ နေဆဲ ရှိကြောင်း သူ့  မိသား စု နဲ့  နီးစပ် သူ တစ်ဦး က
FNG ကို အတည် ပြု
ပြောကြား ပါတယ်။
ကနဦးက သူဟာ သေဆုံးသွား ခဲ့ ပြီ ဟု သတင်းများ ထွက် ပေါ် ခဲသေး သည် ဟု နေပြည်တော်
ရှိ စစ်တပ် အရာ ရှိ အသိုင်းအ၀ိုင်း က အတည် ပြုပြောကြားသည်။
အသက် ၇၉ နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ ရဲ့  ကျန်းမာရေး အခြေအနေ နဲ့ 
ပတ်သက်ပြီး ရန်ကုန် မြို့  က သူ့ မိသား စု နဲ့  နီးစပ် တဲ့ အကြီးစား စက်မှုလုပ်ငန်း ရှင် တစ်ဦး
က ” တနင်္လာ နေ့ မှာ ကျွန်တော် တို့  စကြားတယ်။ အဖိုးကြီး အိပ်ယာထဲ မျော သွား တယ်လို့ 
သမ္မတရော ၊ ကာကွယ် ရေး ဦးစီးချုပ် ရော အိမ်မှာ အသင့် ရှိနေကြရတယ်။ ကိုမာ လို သတိ
မလည် တော့ မယ့် ပုံစံမျိုး ဖြစ်နေ တယ်။ သူ့ ရဲ့  လုပ်ဖော် ကိုင် ဖက် တွေ က စင်္ကာပူ မှာ သွား
ပြီး ဆေးကု သစေချင် တယ်။ မိသား စု က သဘောမတူ ဘူး” ဒါနောက် ဆုံး သိရတာ ပဲ ဟု
FNG သို့ ပြောသည်။
ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ သည် ပြီး ခဲ့ သည့် မတ်လ ၃၁ ရက်နေ့ က စစ်အုပ်ချုပ် ရေး ယန္တယား
ဖြစ်သည့် နိုင်ငံတော် အေးချမ်း သာယာရေး နှင့် ဖွံ့ ဖြိုးရေး ကောင်စီ ကို ဖျက် သိမ်းကာ အများ
က သံသယ  ရှိသည့် အရပ်သား အုပ်ချုပ် ရေး ကို အသက်ဝင်စေခဲ့ သည်။
ပြီးခဲ့ သည့် ဇူလိုင် လ ဆန်း က ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ ၏ ဇနီး ဖြစ်သူ ဒေါ်ကြိုင်ကြိုင် လည်း
သည်းထန်စွာ မကျန်းမမာ ဖြစ် ခဲ့ သည် ဟု သတင်း ရရှိသည်။
၎င်း သည် ယခု ထက် တိုင် သူ၏ ကိုယ်ရံတော် တပ် ဖွဲ့ နှင့် အတူ နေထိုင် ပြီး ၎င်း အဖွဲ့  မှ ခေါင်း
ဆောင် ဗိုလ်မှုး ကျော်ကျော် သည် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ၏ ခန္တ
ကိုယ်ကို ပင် စေ့စပ်စွာ ရှာ ဖွေ ပြီး မှ အိမ်ထဲ ၀င်ခွင့် ပြုသည် ဟု သိရသည်။
မြန်မာ့ ဆိုရှယ် လစ် လမ်းစဉ် ပါတီ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး နေ၀င်း သည် ၂၀၀၀ ပြည့် နှစ် က
စင်္ကာပူ ဉ် သွားရောက် ဆေးကုသ ခံယူပြီး ၂၀၀၁ ခု နှစ် တွင် နေအိမ် အကျယ်ချုပ် ချမှတ်ခံရ
သည်။
စင်ကာပူ ရွှေရတနာဆိုင်ကစတဲ့ ငွေလွှဲဈေးကွက်ပြိုကွဲမှု
ရွှေရတနာဆိုင်ကစတဲ့ ငွေလွှဲဈေးကွက်ပြိုကွဲမှု
ဝတ်မှုံ၊ စင်ကာပူ၊ ဒီဇင်ဘာ ၂၇၊ ၂၀၁၁
အသင့်တင့်ခိုင်လုံသော သတင်းဌာနမှ သတင်းအရ၊ ရွှေရတနာမိန်းမနှင့် အဖွဲ့သည် စနေ၊ တနင်္ဂနွေနေ့များက လက်ခံရရှိသည့် ငွေလွဲရန် ငွေဒေါ်လာများကို ဒီဇင်ဘာ ၁၉ (တနင်းလာနေ့) တွင် စတိသဘော ဘဏ်တွင်သွင်းပြခဲ့ပြီး၊ တနင်းလာ၊ အင်္ဂါနေ့တွင် ထပ်မံဝင်ရောက်လာသည့် ငွေများစွာ စုစည်းပြီး အစဖျောက်သွားခဲ့သည်။
အင်္ဂါနေ့ညတွင် ခန့်မှန်းချေ စင်ကာပူ ဒေါ်လာ သန်း ၄၀ ခန့်ဖြင့် ထွက်ပြေး၊ အစဖျောက်သွားသည်။ လန်ဒန်တွင် ဖမ်းမိသည် ဆိုသည်မှာ မဟုတ်ပါ။ လွတ်နေဆဲ ဖြစ်သည်။ ထိုအမျိုးသမီး ထွက်ပြေးသွားသည်ကို လွိုင်ဟိန်း ဇနီးမောင်နှံက သိလျှက်နှင့် ပင်နီစူလာဆိုင်များမှ ငွေများကို ဆက်လက် လက်ခံယူပြီး လက်ကျန် ဒေါ်လာ ၂ သန်းခန့်ကို လက်ကျန်ရှင်းပြီး အလစ်သုတ်၊ အစဖျောက်သွားပါသည်ဟု သတင်းများတွင် ထပ်မံပေါ်ပေါက်လာပြန်သည်။
(မှတ်ချက် - သတင်းထွက်ကာစက ဒေါ်လာ ၄ သန်း ခန့် လိမ်ခံရသည် ဟု ဆိုပြီး၊ ယခုအခါ သန်း ၄၀ ကျော် ဖြစ်လာပါသည်။ အချို့ကလည်း ဘီလျှံဒေါ်လာဟု ဖေါင်းပွ ပြောဆိုနေကြပါသည်။)
စူပါရိုင်ရယ် မှ အမျိုးသမီးကလည်း လန်ဒန်သို့ထွက်ပြေးသွားပြီး ပြန်လာပြီး ရှင်းရန်ရှိသည်။ သီရိမွန်မှ အမျိုးသမီးတစ်ယောက်သာ စင်ကာပူတွင် ဒိုင်ခံဖြေရှင်းနေရပါသည်။
ငွေလွှဲလုပ်ငန်းကို ဆိုင်များစွာက လုပ်ကိုင်နေရာ ထပ်ဆုံးခေါင်မှ ဒိုင်ကြီးများက ဈေးကစားပြီး သိမ်းဆည်းပါသည်။ ရွှေရတနာအမျိုးသမီးအုပ်စုက ငွေဈေးကစားနိုင်သောကြောင့် လူများ အထင်ကြီး၊ ယုံကြည်မှုကို ရအောင်လုပ်ပြီး အပိုင် လိမ်လည်သွားခြင်းဖြစ်သည်။
မြန်မာပြည်သို့ ငွေပို့သူများ ဒေါ်လာသိန်း၊ သန်းချီသော လုပ်ငန်းရှင်ကြီးများစွာ “လူယုံသတ်” ခံလိုက်ရပါသည်။ အဓိက ရွှေရတနာဆိုင်မှာ ခပ်တည်တည် ဆက်လက်ဖွင့်ထားဆဲဖြစ်ပြီး၊ လွိုင်ဟိန်းဆိုင်မှာ ပင်နီစူလာငွေလွှဲဆိုင်အသေးများမှ ငွေ စုစုပေါင်း ၂သန်းခန့်ကို ရွှေရတနာအကြောင်းပြပြီး ထပ်မံလိမ်သွားသောကြောင့် ခရစ်စမတ်နေ့ နေ့ခင်းမှာ ဆိုင်တွင “လူလိမ်လင်မယားစာ” နှင့် “လင်မယားဓါတ်ပုံကြီး” ပါကပ်ထားခြင်းခံရပါသည်။ ညပိုင်းတွင် လုံခြုံရေးမှ ခွာယူသွားပါသည်။
စုစုပေါင်း ဒေါ်လာ (သန်း ၄ ၊ ၅ သန်း သို့မဟုတ်က) သန်း ၄၀ ခန့်မှာ မြန်မာ - စင်ကာပူနိုင်ငံ စီးပွားရေးအတွက် ထိခိုက်မှုမရှိသော်လည်း၊ ခံလိုက်ရသောသူများမှာ တသက်စာ၊ ချွေးနှီးစာ များဖြစ်ပါသည်။
မြန်မာပြည်တွင်းမှ ခံလိုက်ရသော ငွေရှင်ကြီးများကလည်း တရားစွဲရေးအတွက်၊ မည်သို့လုပ်ရမည်ကို မသိကြသေးပါ။ ထိုငွေများအား ရွှေရတနာနှင့် လွိုင်ဟိန်း ထွက်ပြေးသွားသူများထံမှ ပြန်လည်ဖေါ်ထုတ်ရန် နည်းလမ်း ရှာနေဆဲပင်ဖြစ်သည်။
ငွေလွှဲခြင်းမှာ တရားမ၀င်လုပ်ငန်းဖြစ်သောကြောင့် သတင်းအတိအကျ ရယူစွဲဆွဲပြီး အစိုးရအမှု၊ တရားမမှု၊ ရာဇ၀တ်မှု တခုမဟုတ် တခုခု ဖြစ်ရန်မှာ ခက်ခဲနေပါသည်။
၂၆ ဒီဇင်ဘာ ရန်ကုန်မှ ELEVEN MEDIA သတင်းအရ၊ စင်ကာပူအစိုးရနယ်မြေတွင် အခြေပြု ဖြစ်ပွားသောကြောင့် စင်ကာပူအစိုးရ၏ ငွေကြေးဆိုင်ရာနံပါတ် (၁) အဖွဲ့ကြီးဖြစ်သော M.A.S Monetary Authority of Singapore မှ တာဝန်ယူ စစ်ဆေးဖွယ်ရာ ရှိသည်ဟု ရေးသားထားပါသည်။
မြန်မာအစိုးရက အပြန်အလှန်ကူညီပြီး ငွေကြေး လောင်ဒရီ၊ ဟွန်ဒီလုပ်ငန်းများတွင် မသမာလုပ်သူများအား အရေးယူမည့် အလားအလာရှိသည်။ ထိုအမျိုးသမီးသည် စင်ကာပူနိုင်ငံသားဖြစ်ပြီး၊ တရုပ်နိုင်ငံကူးလက်မှတ်ကိုလည်း တရားမ၀င်ကိုင်ဆောင်ဟန် ရှိသောကြောင့် တရုပ်ပြည်အစိုးရနှင့်လည်း ဆက်နွယ်လျှက်ရှိသဖြင့် နိုင်ငံတကာ မသာမာလုပ်ရပ်ကြီးဖြစ်သည်။
သင်ခန်းစာယူစရာအဖြစ် - ငွေကြေး၏ သားကောင်၊ လောဘသားကောင် ဖြစ်ခဲ့သူများ တခါသေဖူး ပျဉ်ဖိုးနားလည် ဆိုသကဲ့သို့ ငွေကြေးနဲ့ လောဘဇော သာကောင်များဘ၀မှ လွတ်မြောက်စေလိုပါသည်။
ယခုနှစ် ဒီဇင်ဘာလ၊ ခရစ်စမတ်ပွဲတော်အတွင်း စင်ကာပူတွင် ၀မ်းနည်း၊ ၀မ်းသာ သတင်း၂ ခုသိရသည်။ ၀မ်းသာခြင်းမှာ ကျွန်တော် အနှစ် ၂၀ ကျော် ဆောင်ခဲ့သော ပြည်ပရောက် မြန်မာများဝင်ငွေခွန် နောက်လမှစပြီး ဆောင်စရာမလိုတော့ ဟူသောသတင်းဖြစ်ပါသည်။
ဝမ်းနည်းခြင်းမှာ မိတ်ဆွေများစွာ ငွေကြေး၏ သားကောင်ဘ၀တွင် ဒုက္ခရောက်သွားသောကြောင့် ဖြစ်သည်။
ပင်နီစူလာမှ ရွှေရတနာဆိုင် အမျိုးသမီးတဦးက ဒေါ်လာ သန်းပေါင်းများစွာနှင့် ပျောက်ဆုံးသွားခြင်း၊ သူ ပျောက်ဆုံးသွားသည်နှင့် လွိုင်ဟိန်းဆိုင်မှ ဇနီးမောင်နှံလည်း ပင်နီစူလာဆိုင်များ မှတဆင့် လွှဲပေးသည့် ငွေဒေါ်လာ သန်းဂဏန်းကို ဆက်လက်လက်ခံယူပြီး ထွက်ပြေးသွားခြင်းဖြစ်သည်။
အလုပ်သမားများ၏ ချွေးနှည်းစာလွှဲငွေများကို အခြားပင်နီစူလာဆိုင်များက မြန်မာပြည်တွင် ကျပ်ငွေဖြင့် ပြန်လည် ပေးသော်လည်း ထွက်ပြေးသွားသည့် လူလိမ်ဆိုင်များမှ ပြန်ရဖို့ တော်တော်ခက်သွားပါပြီ။ အထူးသဖြင့် ငွေနောက်လိုက်သူ များစွာ ခံလိုက်ရသည်။
ငွေလွှဲသူ အနည်းစုသာ ခံရသော်လည်း ယုံပြီး စီးပွားရေးအတွက် အပ်နှံငွေများမှာ ပလုံ ဖြစ်သွားပါတော့သည်။ ပင်နီစူလာတွင် ထိုသို့ငွေကြေးဆိုင်ရာ တရားမ၀င်လုပ်ဆောင်နေသည့် အုပ်စုအချို့ ရှိရာ ရွေရတနာဆိုင်မှာ ငွေလွှဲအုပ်စုတခုဖြစ်သည်။ အခြားငွေလွှဲအုပ်စုများမှာ ပုံမှန်လုပ်ဆောင်လျှက်ရှိပါသည်။
လွန်ခဲ့သော ၃နှစ်မှ စတင်ပြီး မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများကြောင့် ကျပ်ငွေတန်ဖိုးတက်လာသည်။ မြန်မာအစိုးရကလည်း အတိုးနှုန်း တနှစ် ၁၃ ရာနှုန်း တရားဝင် ခွင့်ပြုထားသည်။ တရားမ၀င် ငွေတိုးချေးစားသူများမှာ အတိုးနှုန်း ၃၆ ရာနှုန်းမှ လက်လီ အသေးစားချေးငွေများမှာ နေ့ပြန်တိုး ၅ကျပ်နှုန်း (၆၀ရာနှုန်း) အထိ ယူကြသည်။
စင်ကာပူရှိ ငွေစုဆောင်းထားသူများသည် ဘဏ်အတိုးနှုန်း ၀.၂ ရာနှုန်းမျှသာရပြီး၊ Fix Deposit ၂နှစ်အပ်နှံပါက အတိုးနှုန်းပိုမိုရသည်။ (Less than S$5,000 = 0.1875% p.a. More than S$5,000 to below S$50,000 = 0.30% p.a )။
သို့သော် မြန်မာနိုင်ငံမှပေးသော ၁၃ရာနှုန်း မပြောနှင့် ၃ ရာနှုန်းပင် စင်ကာပူဘဏ်များက မပေးပါ။ ထိုအခါ စင်ကာပူဒေါ်လာ သောင်းဂဏန်း စုဆောင်းမိသူများသည် မိမိတို့ငွေများကို ယုံကြည်စိတ်ချသူ ပင်နီစူလာဆိုင်ပိုင်ရှင်များ (သို့မဟုတ်) လုပ်ငန်းရှင်များထံ အပ်နှံထားရသည်။
မြန်မာပြည်တွင် လုပ်ငန်းများထူထောင်ထားသော ဟိုတယ်၊ ခရီးသွားလုပ်ငန်းများမှာ လကုန်၊ နှစ်ကုန်လျှင် ကျပ်ငွေနှင့် လစာပေးရသောကြောင့် စင်ကာပူမှဒေါ်လာများ မြန်မာပြည်သို့ လွှဲခြင်းလုပ်ငန်းမှာ ဒီဇင်ဘာလကုန်တွင် အထူးများပြားလှပေသည်။
ယုံကြည်၍ အတိုးနှုန်းများများရရန် အပ်နှံထားသောငွေများကို ထိုမိန်မက အပိုင်သိမ်းပိုက်သွားဖြင်းဖြစ်သည်။ ထိုမိန်းမ ငွေကြေးအကြပ်အတည်းဆိုက်ရောက်နေသည်ကို လုပ်ငန်းရှင်များ ရိပ်မိသော်လည်း ထိုသို့လုပ်ရက်မည် လုံးဝမထင်မှတ်ခဲ့ပါ။
နောက်ဆုံးတွင် ပိုလျှံငွေ၊ စုဆောင်းငွေများကို အတိုးနှုန်း ပိုမိုတိုးပွားရလိုသူများစွာ၏ ငွေများ၊ စုစုပေါင်း ဒေါ်လာ သန်း၄၀ ကျော်သည်ဟု ဆိုပါသည်။ (YANGON, ELEVENDIA MEDIA သတင်းအရ အမေရိကန် ဒေါ်လာ ၁၅သန်းခန့် ဟု ဆိုသည်)။
မြန်မာပြည်တွင်လည်း ငွေတိုးပေးလုပ်ငန်းလုပ်သူများကို ဖမ်းဆီးပြီး .. စင်ကာပူတွင်မူ ထိုလုပ်ငန်းမှာ တရားမ၀င်ဖြစ်သောကြောင့် ရဲက ဖမ်းဆီးလောက်သည့်အဆင့် မရောက်သေးပါ။ ပြဿနာက ခံလိုက်ရသူများကို အလွန်ပူလောင် စိတ်သောကရောက်စေပါသည်။
သို့သော် ခပ်တည်တည်ဖွင့်နေသော ရွှေရတနာဆိုင်ကိုပင် လူအများအံ့သြနေဆဲဖြစ်သည်။
ငွေသည် ပူလောင်တတ်ပါသည်။

By: မိုးမခမီဒီယာ
သစ်ထူးလွင် 12/27/2011 08:55:00 AM

Tuesday, 27 December 2011

မ.က.ဒ.တ တပ်ဦးခွပ်ဒေါင်းတံဆိပ်

မှုန်တိုင်ပျော်ငှက်ရဲ့ပုံ၇ိပ်

မိုးသက်လေဆင်း လူထုရင်ပြင် ဖွင့်အန်စဉ်
ကျေးလက်ကြယ်စင်တွေပါ အုံကြွပုန်ကန်
အာခံသူတွေနဲ့ တိုက်ပွဲအလံစွဲကိုင် ချီတက်ပေါင်း
လမ်းဟောင်းစွန့် ခွာ နောင်ရေးအတွက် ရုန်းထွက်ကြ ။

ညောင်လေးပင်။မုန်း။နတ်သံကွင်း။ ကညွှတ်ကွင်း
ရွှေကျင်။ကျောက်ကြီး။တောင်ငူ။ဖြူး။
ဇေယျဝတီ။ပျဉ်းမနား။ရန်ကုန်။
မြန်အောင်။သရက်။ပခုက္ခူ။
အကြေးသား။အညာသားများနဲ့ 
ရိုးမကျော။ဒေါနတောင်။သံလွင်ရေ။ကျွန်းညိုမြေမှာ
စုဖွဲ့ အားယူ စောထကို ထုဆစ်မွေးဖွားခဲ့တယ်။

အဲ့ဒီမှာ ဒီဘဝ ဘယ်တော့မှ ပြန်မတွေ့ ရမဲ့
ရဲဘော်ညီငယ်များစွာ တွဲပါလာခဲ့
နှလုံးသားကို ပြန်ဖတ်မိတဲ့အခါ
တာကြီး။ဆွေဦး။ကိုယ်ရင်မျိုးသန့် ။
ကျော်စိုး။ဒသ။အဘ။
ဂျော်နီ။လဗန်။သန်းဌေး မှအစ
တစ်ဦးပြီး တစ်ဦးမြင်လာ
ပြုံးပျော် ရိုးသား အနာခံ ခိုင်းသမျှ လုပ်ပေးတဲ့
ညီငယ် တိုင်းကျော်အထိ စို့ နင့်သတိရနေရဲ့ ။

တိုင်းကျော်ပါရင် အမောပြေခဲ့
ဒီရဲဘော်က ရွာမှာ ပွဲတိုင်းပါ
ဓါးသိုင်းကလည်း တော်သတဲ့
လယ်စာရင်းငှားလည်း လိုက်သတဲ့
အစအနောက်လည်း ခံသတဲ့
မပူတတ်တဲ့ လူပျော်လို့ လည်းခေါ်သတဲ့
စစ်ပွဲတိုင်းလည်း ကျော်သတဲ့
လက်ဝှေ့ ပွဲတိုင်း ပါချင်သတဲ့
ခံတုတ်တူး ကင်းစောင့် လည်း မငြီးခဲ့
ရှေ့ ထွက်ပွဲတိုင်း မငြင်းခဲ့
ငါးပိရည်။ငှက်ပျောအူ။အဖျားထူလည်း မဖြုန်ခဲ့
အောက်သက်ကြေ အညတြရဲဘော်ဘဝ ကျေနပ်ခဲ့သူပါ။

တစ်ပါသူရဲ့  အရိပ်။ရိက္ခာ။လက်နက် အားကိုးရစဉ်
ပထမဆုံး ဒီအေဘီစစ်ကြောင်း လိုက်ခိုင်းတဲ့အခါ
ခံစားနားလည်မှု အပြည့်နဲ့  မင်းလှည်ပြန့် ကြည့်တာ
ငါ့ရင်ကို ခုထိကြေကွဲထိခိုက်နေမြဲပါ
ရှေ့တန်းပြန်လာတဲ့အခါ
မင်းအပြုံး အရင်လို မပြည့်ဝခဲ့
ရဲဘော်ဒေါက်တာမင်းသိမ်း ပြန်မပါခဲ့
မင်း ရဲဘော်ရဲဘက်စိတ် ပေါက်ကွဲခဲ့
ရန်သူ့ ကို စီန်ခေါ်သံ ပြင်းထန်ခဲ့တာ မြင်နေရဲ့ ။

အခြေအနေအရ တော်လှန်မြေကို လမ်းခွဲတဲ့အခါ
ကျည်ပေါက်သံတွေ မင်းရင်ထဲပါသွားတာ သိနေတယ်။
မုတ်သုန်မိုးနဲ့  လယ်မြေတော မင်းအသွေးထဲမှာ ရှိနေတယ်။
အေးစက်စက် နှင်းရိုင်းမြေမှာ ခြေချရတဲ့အခါ
မင်းရဲ့ တိုင်းပြည်ချစ်စိတ် အေးခဲမလျော့တာ သိနေတယ်။

မွေးရပ်မြေမှာ အောင်လံလွှင့် ပြန်ဆုံဖို့  ရည်ရွယ်ထားစဉ်
မင်း ယုတ်မာရက်စက်သူရဲ့  လက်ချက်နဲ့ လွင့်ပါး
ငါတို့ ရင်ထဲမှာ ဟာလာဟင်းလင်းဖြစ်ခဲ့ရ
ညီလေး ရဲဘော်တိုင်းကျော်
ကောင်းရာ သုဂတိလားပါစေသော် (ဝ်)။

ဒေါင်းနီ

( ဝ၄-ဝ၁-၂ဝ၁ဝ။ကနေဒါနိုင်ငံတွင် ရုတ်တရက် ကွယ်လွန်သွားခဲ့သော စောထစခန်းမှ မကဒတ-ရဲဘော်ဟောင်း ရဲဘော်တိုင်းကျော်အတွက် အမှတ်တရ)

ဟီလာရီကလင်တန် နဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံပြောဆိုခဲ့သောစကားမျှား

Friday, 9 December 2011

ရဲဘော်သုံးကျိပ်ဝင်

http://www.scribd.com/full/250
90510?access_key=key-14z9lftmamqwzjswcbpe

" အောင်ခြင်းရှစ်ပါး ဓမ္မတေး"(တေးဆို-ဒေါ်မာမာအေး)


အမေစု ကျမ္မာပါစေ



Wednesday, 7 December 2011

4shokelay.blogspot.com မှ ကိုမင်းကိုနိုင်၄၉နှစ်မြောက်မွေးနေ့မှအမျတ်တရ

"ပလော့ ဖိုတီနိုင်း"


"ပလော့ ဖိုတီနိုင်း"


မင်းကိုနိုင် နာမည်ကို က
ခင်ဗျား ဘယ်မှာနေလဲ
ခင်ဗျား ဘာတွေစားလဲ
ခင်ဗျား ဘာတွေလုပ်လဲ
ပြီးပြည့်စုံတဲ့ ဇာတ်ညွှန်း ၀တ္ထုတွေကို
အကောင်ထည်ဖော်
ရိုက်ကွင်းထဲရောက်နေတဲ့ လူ
အပေါ်ယံရှပ်ကြည့်တော့
ခင်းဗျားနိုင်တဲ့လူရေးတာ ထင်ရ

နောက်ကြည့်မှန် မဲ့သူရေ
ခင်ဗျားရေးတာ ကျုပ်တို့တော့သိတယ်
ရေးဗျာ ဆက်ရေး လေးလေးပင်ပင်လေး

ကျုပ်တို့ဘေးက မှန်ထိုးမီးထိုး
အလုပ်မျိုးမျိုး ပေါ့
ရုံမီးဖွင့်လို့ နေကြာစေ့တွေရှင်းတဲ့ အချိန်မှာ
ခင်ဗျား နာမည်က
ခင်ဗျားကိုပြုံးပြပါလေ့မယ်..

ခုတော့ ဇတ်ကွက် ၄၉ မှာ
ခါးခါးသီးသီးပေါ့။

မိုက်ခဲ (ကိုမင်းကိုနိုင် ၄၉ နှစ်မြောက်မွေးနေ့ အမှတ်တရ)

မျိုးချစ် ဘလော့မှ ကဗျာ (အချစ်)

ချစ်သူ..
မင်းရဲ့ အပြုံးနုနုလေးဟာ
23 1/2 ဒီဂရီ တိမ်းစောင်းပြီး
လည်ပတ်နေတဲ့ ကမ္ဘာကြီးကို
ပြောင်းပြန်လည်မသွားစေနိုင်ပေမဲ့
ငါရဲ့ နှလုံးသားတခုလုံးကိုတော့..
ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားစေနိုင်ပါတယ် "
လို့ ဆိုခဲ့တဲ့ ကိုယ်ပါ။

"အလှသခင်မ လေးအား
ကျွန်တော်မျိုး ဆက်သသည့်ပန်း
အရောင်မလွင်..ရနံ့မသင်းဟု
သွယ်ဝိုက်အပြစ် ရှာဖို့မလို
မြေပေါ်ပစ်ချ ခြေတော်နင်းလိုက်ပါ..
သခင်မလေးရဲ့ ကေသာထက်မှာ
စံပျော်ခွင့် မရခဲ့ရင်တောင်
သခင်မလေးရဲ့ ခြေတော်ဖ၀ါးနဲ့
နင်းခြေခံခွင့် ရခဲ့တဲ့အတွက်
ကျေနပ်သွားမှာပါ"
လို့ စာဆိုခဲ့တဲ့ ကိုယ်ပါ။

ချစ်သူရေ..
ဒီနှစ်ဆောင်းဟာ
ကန္ထာရဆောင်းမို့
ပြင်းထန်လွန်းပါတယ်။

သိုပေမဲ့လေ...
ဆောင်းဒီဇင်ဘာ...အအေးဖြာလဲ
ရင်မှအပူ...မြှူ မှူံ့တစ
သူချုမရခဲပါ့ပြီ ။
ချစ်သူ့စကား
နှလုံးသွေးများ
ရပ်တန့်သွားမတတ်ပါကွယ်။

"ကျမနဲ့တော်လှန်ရေး
ရှင်ကြိုက်ရာရွေး
မှားတဲ့သူအတွေး
ပြန်မပြင်ကြကြေး " လို့
ဆိုလာပါသော ချစ်သူ
သတိတရား နဲ့ အသိမမှားစေရန်
ပြောပါရစေ ချစ်သူ

သနားစရာ ဒုက္ခသည်
လူမမယ် ကလေးတွေ
ငါချစ်တဲ့ တိုင်းပြည်မှာ ရှိမနေခဲ့ဘူးဆိုရင်

နွားနဲ့အပြိုင်ရုံးရပါလျက်
ဆန်ပြုတ်ကိုမှ မလောက်ငှ နိုင်ကြတော့တဲ့
အပြစ်မဲ့ ပြည်သူတွေ...
ငါချစ်တဲ့ တိုင်းပြည်မှာ ရှိမနေခဲ့ဘူးဆိုရင်….

ငတ်မွတ်မှုနဲ့ စစ်ခွေးနှိပ်စက်မှု ဒဏ်တွေကို
ဆွေစဉ်မျိုးဆက် ခေါင်းငုံ့ရက်သား
အနှံ့အပြားက ခံစားနေရတဲ့ပြည်သူတွေ.
ငါချစ်တဲ့ တိုင်းပြည်မှာ ရှိမနေခဲ့ဘူးဆိုရင်….

အမှန်တရားအတွက်
အသက်တွေစွန့်ခဲ့
ဘ၀တွေ စွန့်ဆဲ
ရဟန်းရှင်လူတွေ.
ငါချစ်တဲ့ တိုင်းပြည်မှာ ရှိမနေခဲ့ဘူးဆိုရင်….

..............................တွေ
ငါချစ်တဲ့ တိုင်းပြည်မှာ ရှိမနေခဲ့ဘူးဆိုရင်….
..............................တွေ
ငါချစ်တဲ့ တိုင်းပြည်မှာ ရှိမနေခဲ့ဘူးဆိုရင်….
မင်းကိုချစ်တဲ့ငါ
မင်းကိုသိပ်ချစ်ခဲ့တဲ့ ငါဟာလေ.
မင်းရဲစကားလုံးအောက် ကျဆုံးလောက်ပါရဲ့

ချစ်သူ
မင်းကိုချစ်တဲ့ အချစ်တွေသာ
သိမ်းဆဲခဲ့ဖူးတဲ့
ငါရဲ့နှလုံးအိမ်ဟာ
ပက်စက်တဲ့ ရန်သူ့ကျဉ်စက်အောက်
အသက် မပျောက်မည်

မင်းရဲ့စကားအောက်
အကြိမ်ကြိမ်..သေလောက်ပါတယ်။


ဒါပေမယ့်..ချစ်သူ
တော်လှန်ခဲ့တဲ့ ခေတ် အဆက်ဆက်က
သူရဲကောင်းတွေရဲ သွေးရနံ့တွေ

၈၈ က သူရဲကောင်းတွေရဲသွေးရနံ့တွေ
ပူပူနွေးနွေး စက်တင်ဘာရဲ့သွေးစက်တွေ
ငါ့ ကိုယ်မှာလွှမ်းခြုံထားပြီ။

စကားမပြောတတ်သေးတဲ့
၇ လသ္မီး လေးရဲ့ အကြည့်တွေကို
ရင်ဆိုင်ရဲဖို့
အပြစ်မဲတဲ့ကလေးပေါင်းများစွာရဲ့
စကားလုံးမဲ့တဲ့ အကြည့်တွေရင်ဆိုင်ရဲဖို့
ငါတာဝန်ကြေ ချင်တယ်။

ဒါတွေကိုစွန့်မှ
မင်းနဲ့ငါရဲ့ဘဝ
ဆုံဆည်းမူ ..ရနိင်မယ် ဆိုရင်
ငါဆုတောင်းလိုက်ပါတယ်....ချစ်သူ
မင်းနဲ့ ငါ့ရဲ့ဘဝ
ဘ၀ အဆက်ဆက် တိုင်း
ဆုံဆည်းခွင့် မရပါစေနဲ့



မောင်သျှ

(မျိုးချစ် ကူညီတည်းဖြတ်ပါသည်)

ဖေ့ဘွတ်မှ ကူးယူထားသောကြော်ငြာပါ ဘွဲ့ရများ နိုင်ငံကူးလက်မီတ်အတွက် ပညာရေးလျော်ကြေးပေးရမည်

ရန်ကုန်၊ နိုဝင်ဘာ ၂၁
နိုင်ငံပိုင်သတင်းစာများတွင် မွေးနေ့၊မင်္ဂလာဆောင်၊မင်္ဂလာဧည့်ခံပွဲဆုမွန်တောင်း အပါအ၀င်မိမိတော့ရရှိထားသော ဘွဲ့ဒီဂရီ များဖော်ပြပြီး ကြော်ငြာ ထည့်သွင်းထားသူများအနေနှင့် ပြည်ပနိုင်ငံများသို့သွားရန် နိုင်ငံကူးလက်မှတ် လျောက်ထားပါက ပညာရေးဆိုင်ရာပေးလျော်မှုလိုအပ်ကာ ပညာရေးကင်းရှင်းကြောင်း ထောက်ခံစာပြုလုပ်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုပ်ပေးရေးအဖွဲ့ရုံးထံမှစုံစမ်းသိရှိရသည်။                                                  သတင်းစာများတွင့်မွေးနေ့မင်္ဂလာဆုတောင်း၊မင်္ဂလာဧည့်ခံပွဲကျေးဇူးတင်လွှာ၊ စေ့စပ်ကြောင်းလမ်းပြီးစီးခြင်းအပါအ၀င် ကြော်ခြာအမျိုးမျိုးထည့်သွင်းကြရာတွင် ရရှိထားသော ဘွဲ့ဒီဂရီဂုဏ်ထူးများကို ထည့်သွင်းကြကြောင်း၊ မြန်မာနိုင်ငံကူးလက်မှတ်ထုပ်ပေးရေးအဖွဲ့က အဆိုပါသတင်းစာကြော်ငြာပါ ဘွဲ့ဒီဂရီသူများကိုလိပ်စာနှင့်တကွမှတ်တမ်းတင်ထားပြီး အဆိုပါဘွဲရများ နိုင်ငံကူးလက်မှတ်လျောက်ထားရာလျင် ပညာရေးကင်းရှင်းကြောင်း ထောက်ခံစာတောင်းခံကြောင်း အဆိုပါရုံးမှရဲအရာရှိ တစ်ဦးကပြောသည်။                                             “ဒီနိုင်ငံမှာ အစိုးရဖွင့်ထားတဲ့ဆေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်တွေနဲ့ ၀ိ ဇ္ဖာ သိပ်ပံ တက္ကသိုလ်တေါကနေ ဘွဲ့ရထားတဲ့သူတွေအနေနဲ့ နိုင်ငံကူးလက်မျတ်လျောက်တယ်ဆိုတာနဲ့ ပညာရေးလျော်ကြေားပေးပြီး ပညာရေးကင်းရှင်းကြောင်းထောက်ခံချက်လို့ပါတယ် နိုင်ငံခြားမှာရှိတဲ့ တက္ကသိုလ်တွေကဘွဲ့ရထားတဲ့သူတွေကတော့မလိုပါဘူး ဟု နိုင်ငံကူးလက်မှတ်ထုပ်ပေးရေးရုံးမှ ၀န်ထမ်းကဆိုပါတယ်။                                                                                                                                               “နိုင်ငံကူလက်မှတ်ပြုလုပ်ကြရာတွင် အများစုသည် ပညာအရည်ခြင်းကို ၉တန်းအောင် ၁၀တန်းဟုသာဖြည့်စွပ်ပြီးမိမိတော့အမှန်တကယ်ရရှိထားသော ဘွဲ့ဒီဂရီများကို ဖော်ပြကြခြင်းမရှိဟု နိုင်ငံကူးလက်မှတ်လျောက်ထားသူအများစုက ပြောဆိုကြသည်။                                                                                 “နိုင်ငံခြားသွားပြီးအလုပ်လုပ်မည့်သူတွေအနေနဲ့ကလည်း ဘွဲ့ရထားပေမဲ့ ၉တန်းအောင်၁၀တန်းလို့ဆိုပြီး ပညာအရည်ခြင်းကိုဖြည့်စွပ်လျောက်ကြတယ်။ အဓိက အလုပ်ရှုပ်မခံခြင်ကြလို့။ ပညာရေးကင်းရှင်းကြောင်းထောက်ခံစာလုပ်ဖို့ ဟိုရုံးပြေးရ၊ ဒီရုံးပြေး ရ၊ ဟိုလူကြီးစောင့်ရ၊ဒီလူကြီးစောင့်ရနဲ့ အချိန်အရမ်းကုန်တယ်။လူလည်းအတော်ကိုပင်ပန်းတယ်။ဝိဇ္ဖာ သိပ်ပံဘွဲ့ ဆိုရင် လျော်ကြေားက သောင်းဂဏန်းပဲပေးရတာ။ဒါပေမဲ့အလုပ်ရှုပ်လို့ဘယ်သူမှသိပ်မလုပ်ခြင်ကြဘူး”ဟု မရမ်းကုန်းမြိုနယ်တွင်နေထိုင်ပြီး စင်္ကာပူနိုင်ငံတွင့် သွားရောက်အလုပ်လုပ်ကိုင်ရန် ပြင်ဆင်နေသူ အသက်၃၀ အရွယ် အမျိုးသားတစ်ယောက်ကသုံးသပ်ြေ့ပာဆိုသည်။                                                                                      ရန်ကုန်မြိုကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်းမပေါ်တွင် နှစ်ပေါင်းများစွာဖွင့်လှစ်ခဲ့သော မြန်မာနိုင်ငံကူးလက်မှတ် ထုပ်ပေးရေးအဖွဲ့ရုံးကို ရန်ကင်းနှင့် ဗဟန်းမြို့နယ်အကြားရှိ ပြည်ထဲရေး ၀န်ကြီးဌာနရုံးဟောင်းသို့ ၂၀၁၁ ခုနှစ်လပိုင်း တရားဝင်ပြောင်းရွှေထားသည်။