မိုးသက်လေဆင်း လူထုရင်ပြင် ဖွင့်အန်စဉ်
ကျေးလက်ကြယ်စင်တွေပါ အုံကြွပုန်ကန်
အာခံသူတွေနဲ့ တိုက်ပွဲအလံစွဲကိုင် ချီတက်ပေါင်း
လမ်းဟောင်းစွန့် ခွာ နောင်ရေးအတွက် ရုန်းထွက်ကြ ။
ညောင်လေးပင်။မုန်း။နတ်သံကွင်း။ ကညွှတ်ကွင်း
ရွှေကျင်။ကျောက်ကြီး။တောင်ငူ။ဖြူး။
ဇေယျဝတီ။ပျဉ်းမနား။ရန်ကုန်။
မြန်အောင်။သရက်။ပခုက္ခူ။
အကြေးသား။အညာသားများနဲ့ 
ရိုးမကျော။ဒေါနတောင်။သံလွင်ရေ။ကျွန်းညိုမြေမှာ
စုဖွဲ့ အားယူ စောထကို ထုဆစ်မွေးဖွားခဲ့တယ်။
အဲ့ဒီမှာ ဒီဘဝ ဘယ်တော့မှ ပြန်မတွေ့ ရမဲ့
ရဲဘော်ညီငယ်များစွာ တွဲပါလာခဲ့
နှလုံးသားကို ပြန်ဖတ်မိတဲ့အခါ
တာကြီး။ဆွေဦး။ကိုယ်ရင်မျိုးသန့် ။
ကျော်စိုး။ဒသ။အဘ။
ဂျော်နီ။လဗန်။သန်းဌေး မှအစ
တစ်ဦးပြီး တစ်ဦးမြင်လာ
ပြုံးပျော် ရိုးသား အနာခံ ခိုင်းသမျှ လုပ်ပေးတဲ့
ညီငယ် တိုင်းကျော်အထိ စို့ နင့်သတိရနေရဲ့ ။
တိုင်းကျော်ပါရင် အမောပြေခဲ့
ဒီရဲဘော်က ရွာမှာ ပွဲတိုင်းပါ
ဓါးသိုင်းကလည်း တော်သတဲ့
လယ်စာရင်းငှားလည်း လိုက်သတဲ့
အစအနောက်လည်း ခံသတဲ့
မပူတတ်တဲ့ လူပျော်လို့ လည်းခေါ်သတဲ့
စစ်ပွဲတိုင်းလည်း ကျော်သတဲ့
လက်ဝှေ့ ပွဲတိုင်း ပါချင်သတဲ့
ခံတုတ်တူး ကင်းစောင့် လည်း မငြီးခဲ့
ရှေ့ ထွက်ပွဲတိုင်း မငြင်းခဲ့
ငါးပိရည်။ငှက်ပျောအူ။အဖျားထူလည်း မဖြုန်ခဲ့
အောက်သက်ကြေ အညတြရဲဘော်ဘဝ ကျေနပ်ခဲ့သူပါ။
တစ်ပါသူရဲ့  အရိပ်။ရိက္ခာ။လက်နက် အားကိုးရစဉ်
ပထမဆုံး ဒီအေဘီစစ်ကြောင်း လိုက်ခိုင်းတဲ့အခါ
ခံစားနားလည်မှု အပြည့်နဲ့  မင်းလှည်ပြန့် ကြည့်တာ
ငါ့ရင်ကို ခုထိကြေကွဲထိခိုက်နေမြဲပါ
ရှေ့တန်းပြန်လာတဲ့အခါ
မင်းအပြုံး အရင်လို မပြည့်ဝခဲ့
ရဲဘော်ဒေါက်တာမင်းသိမ်း ပြန်မပါခဲ့
မင်း ရဲဘော်ရဲဘက်စိတ် ပေါက်ကွဲခဲ့
ရန်သူ့ ကို စီန်ခေါ်သံ ပြင်းထန်ခဲ့တာ မြင်နေရဲ့ ။
အခြေအနေအရ တော်လှန်မြေကို လမ်းခွဲတဲ့အခါ
ကျည်ပေါက်သံတွေ မင်းရင်ထဲပါသွားတာ သိနေတယ်။
မုတ်သုန်မိုးနဲ့  လယ်မြေတော မင်းအသွေးထဲမှာ ရှိနေတယ်။
အေးစက်စက် နှင်းရိုင်းမြေမှာ ခြေချရတဲ့အခါ
မင်းရဲ့ တိုင်းပြည်ချစ်စိတ် အေးခဲမလျော့တာ သိနေတယ်။
မွေးရပ်မြေမှာ အောင်လံလွှင့် ပြန်ဆုံဖို့  ရည်ရွယ်ထားစဉ်
မင်း ယုတ်မာရက်စက်သူရဲ့  လက်ချက်နဲ့ လွင့်ပါး
ငါတို့ ရင်ထဲမှာ ဟာလာဟင်းလင်းဖြစ်ခဲ့ရ
ညီလေး ရဲဘော်တိုင်းကျော်
ကောင်းရာ သုဂတိလားပါစေသော် (ဝ်)။
ဒေါင်းနီ
( ဝ၄-ဝ၁-၂ဝ၁ဝ။ကနေဒါနိုင်ငံတွင် ရုတ်တရက် ကွယ်လွန်သွားခဲ့သော စောထစခန်းမှ မကဒတ-ရဲဘော်ဟောင်း ရဲဘော်တိုင်းကျော်အတွက် အမှတ်တရ)
No comments:
Post a Comment