ရန်ကုန်၊ နိုဝင်ဘာ ၂၁
နိုင်ငံပိုင်သတင်းစာများတွင် မွေးနေ့၊မင်္ဂလာဆောင်၊မင်္ဂလာဧည့်ခံပွဲဆုမွန်တောင်း အပါအ၀င်မိမိတော့ရရှိထားသော ဘွဲ့ဒီဂရီ များဖော်ပြပြီး ကြော်ငြာ ထည့်သွင်းထားသူများအနေနှင့် ပြည်ပနိုင်ငံများသို့သွားရန် နိုင်ငံကူးလက်မှတ် လျောက်ထားပါက ပညာရေးဆိုင်ရာပေးလျော်မှုလိုအပ်ကာ ပညာရေးကင်းရှင်းကြောင်း ထောက်ခံစာပြုလုပ်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုပ်ပေးရေးအဖွဲ့ရုံးထံမှစုံစမ်းသိရှိရသည်။ သတင်းစာများတွင့်မွေးနေ့မင်္ဂလာဆုတောင်း၊မင်္ဂလာဧည့်ခံပွဲကျေးဇူးတင်လွှာ၊ စေ့စပ်ကြောင်းလမ်းပြီးစီးခြင်းအပါအ၀င် ကြော်ခြာအမျိုးမျိုးထည့်သွင်းကြရာတွင် ရရှိထားသော ဘွဲ့ဒီဂရီဂုဏ်ထူးများကို ထည့်သွင်းကြကြောင်း၊ မြန်မာနိုင်ငံကူးလက်မှတ်ထုပ်ပေးရေးအဖွဲ့က အဆိုပါသတင်းစာကြော်ငြာပါ ဘွဲ့ဒီဂရီသူများကိုလိပ်စာနှင့်တကွမှတ်တမ်းတင်ထားပြီး အဆိုပါဘွဲရများ နိုင်ငံကူးလက်မှတ်လျောက်ထားရာလျင် ပညာရေးကင်းရှင်းကြောင်း ထောက်ခံစာတောင်းခံကြောင်း အဆိုပါရုံးမှရဲအရာရှိ တစ်ဦးကပြောသည်။ “ဒီနိုင်ငံမှာ အစိုးရဖွင့်ထားတဲ့ဆေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်တွေနဲ့ ၀ိ ဇ္ဖာ သိပ်ပံ တက္ကသိုလ်တေါကနေ ဘွဲ့ရထားတဲ့သူတွေအနေနဲ့ နိုင်ငံကူးလက်မျတ်လျောက်တယ်ဆိုတာနဲ့ ပညာရေးလျော်ကြေားပေးပြီး ပညာရေးကင်းရှင်းကြောင်းထောက်ခံချက်လို့ပါတယ် နိုင်ငံခြားမှာရှိတဲ့ တက္ကသိုလ်တွေကဘွဲ့ရထားတဲ့သူတွေကတော့မလိုပါဘူး ဟု နိုင်ငံကူးလက်မှတ်ထုပ်ပေးရေးရုံးမှ ၀န်ထမ်းကဆိုပါတယ်။ “နိုင်ငံကူလက်မှတ်ပြုလုပ်ကြရာတွင် အများစုသည် ပညာအရည်ခြင်းကို ၉တန်းအောင် ၁၀တန်းဟုသာဖြည့်စွပ်ပြီးမိမိတော့အမှန်တကယ်ရရှိထားသော ဘွဲ့ဒီဂရီများကို ဖော်ပြကြခြင်းမရှိဟု နိုင်ငံကူးလက်မှတ်လျောက်ထားသူအများစုက ပြောဆိုကြသည်။ “နိုင်ငံခြားသွားပြီးအလုပ်လုပ်မည့်သူတွေအနေနဲ့ကလည်း ဘွဲ့ရထားပေမဲ့ ၉တန်းအောင်၁၀တန်းလို့ဆိုပြီး ပညာအရည်ခြင်းကိုဖြည့်စွပ်လျောက်ကြတယ်။ အဓိက အလုပ်ရှုပ်မခံခြင်ကြလို့။ ပညာရေးကင်းရှင်းကြောင်းထောက်ခံစာလုပ်ဖို့ ဟိုရုံးပြေးရ၊ ဒီရုံးပြေး ရ၊ ဟိုလူကြီးစောင့်ရ၊ဒီလူကြီးစောင့်ရနဲ့ အချိန်အရမ်းကုန်တယ်။လူလည်းအတော်ကိုပင်ပန်းတယ်။ဝိဇ္ဖာ သိပ်ပံဘွဲ့ ဆိုရင် လျော်ကြေားက သောင်းဂဏန်းပဲပေးရတာ။ဒါပေမဲ့အလုပ်ရှုပ်လို့ဘယ်သူမှသိပ်မလုပ်ခြင်ကြဘူး”ဟု မရမ်းကုန်းမြိုနယ်တွင်နေထိုင်ပြီး စင်္ကာပူနိုင်ငံတွင့် သွားရောက်အလုပ်လုပ်ကိုင်ရန် ပြင်ဆင်နေသူ အသက်၃၀ အရွယ် အမျိုးသားတစ်ယောက်ကသုံးသပ်ြေ့ပာဆိုသည်။ ရန်ကုန်မြိုကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်းမပေါ်တွင် နှစ်ပေါင်းများစွာဖွင့်လှစ်ခဲ့သော မြန်မာနိုင်ငံကူးလက်မှတ် ထုပ်ပေးရေးအဖွဲ့ရုံးကို ရန်ကင်းနှင့် ဗဟန်းမြို့နယ်အကြားရှိ ပြည်ထဲရေး ၀န်ကြီးဌာနရုံးဟောင်းသို့ ၂၀၁၁ ခုနှစ်လပိုင်း တရားဝင်ပြောင်းရွှေထားသည်။
No comments:
Post a Comment