ကျနော် ဒီနေ့ မနက်“တိုင်ရီ”ကိုရောက်ခဲ့ ပြီးပါပြီ။ ကိုဟံဝင်းအောင်၊ကိုလတ်(ခ)ကိုမော
င်မောင်လတ်၊ကိုထွန်းထွန်းနိုင်၊ ကိုအောင်စိုးနှင်
့အတူတကွ “တိုင်ရီ”အလုပ်သမားများအတွက် ခေါက်ဆွဲခြောက်ထုပ် (၁၈၀၀)နဲ့ 
သောက်ရေ ဘူးများကို ပြည်သူအများ လှူဒါန်းငွေကိုအသုံးပြု၍ စီစဉ် လှူဒါန်းခဲ
့ပြီးပါကြောင်း။ ...
(၁)“တိုင်ရီ” အလုပ်သမားလေးတွေဟာ (အင်မတန်နိမ့် ကျတဲ့ အခွင်
့အရေးလေးတွေကို) တောင်းဆိုနေချိန်မှာညှိနှိုင်းပေးနိုင်လောက်တဲ
့ အနေအထားရှိသူ (မည်သူမဆို) ကို အားကိုးရှာကြပါလိမ့် မယ်။“ဥပဒေ”ရဲ
့အကာအကွယ်ကိုသာ ရရှိခဲ့ ရင်၊အုပ်ချုပ်သူ အာဏာပိုင် အဖွဲ့ အစည်းရဲ
့ကူညီမှုကိုသာ ရရှိခဲ့ ရင် ဒီကိစ္စ ဟာ လွယ်လွယ်ကူကူ ပြီးဆုံးသွားမှာပါ။
(၁)“တိုင်ရီ” ကအလုပ်သမားလေးတွေဟာ လစား မဟုတ်။ နေ့ စား မဟုတ်။တနာရီကို တစ်ရာ
့ငါးဆယ်ကျပ် ရဘို့  တောင်းဆိုနေကြတာပါ။ “နိုင်ငံရေးပယောဂ” ပါသယောင်
စွပ်စွဲ သူများ(ရှိခဲ့ လျှင်) ကျနော် အပြင်းအထန် ရှုံ့ ချပါတယ်။ (၃)
“တိုင်ရီ”အလုပ်သမားလေးတွေဟာ ညှိနှိုင်းဘို့  ကြိုးစားနေတာပါ။
“ဆန္ဒပြတာ”မဟုတ်ပါ။ “သပိတ်မှောက်တာ”မဟုတ်ပါ။အဲဒီအတွက်
“ဆန္ဒပြတယ်၊သပိတ်မှောက်တယ်၊” ဆိုတဲ့ အသုံးအနှုံး မသုံးစွဲဘို့ 
မေတ္တာရပ်ခံပါတယ်။ (၄)“ ဖွဲ့ စည်းအုပ်ချုပ်ပုံ
ဥပဒေ”အာဏာသက်ရောက်ပြီးချိန်မှာ အာဏာပိုင်များက “သပိတ်ကို အကြမ်းဖက် ဖြိုခွဲ
နိုင်တယ်”ဆိုတဲ့ အဓိပ္မါယ် သက်ရောက်စေနိုင်တဲ့ 
စကားလုံးမျိုးသုံးစွဲသူ(မည်သူမဆို)
ဟာ ပြုပြင် ပြောင်းလဲဘို့ ကြိုးစားနေတဲ့  နိုင်ငံတော်အစိုးရရဲ
့လုပ်ရပ်တွေကို အထင်၊အမြင်လွဲမှားစေနိုင်တဲ့ အတွက် ကန့် ကွက်မှာဖြစ်ပါတယ်။
Tuesday, 21 February 2012
Wednesday, 15 February 2012
အဟောင်းလေးကို ကျနော့ရင်ထဲ သတိရဆဲပါ
ကမ္ဘာမကျေ၊ မြန်မာပြေ
တို့ဘိုးဘွားမြေ စစ်မို့ ချစ်မြတ်နိုးပေ
ပြည်ထောင်စုကို အသက်ပေးလို့ ဒို့ကာကွယ်မလေ
ဒါတို့ပြည် ဒါတို့မြေ ဒို့ ပိုင်တဲ့မြေ
တို့ပြည် ဒို့မြေ
အကျိုးကို ညီညာစွာ တို့တတွေ
ထမ်းဆောင်ပါစို့လေ
ဒို့တာဝန်ပေ
အဖိုးတန်မြေ..........
ဆိုတဲ့ ကျနော်တို့ ငယ်ငယ်က ကျောင်းတက်ရင် ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ
နိုင်ငံတော်အလံကို အလေးပြု ဆိုပြီး ဒီ ကဗျာလေး ဒီ အလံ ကို ကျနော့မျက်စိထဲ့ မြင်ရောင်နေဆဲပါ
အသစ်တွေဘယ်လောက်ကောင်းကောင်း ဒီနိုင်ငံတော်သီချင်းလေးနဲ့ ဒီအလံလေးကိုတော့ ရင်ဝယ်ထာဝရ
သိမ်းဆီးနိုင်ကြပါစေ...ဒို့ ငယ်ငယ်ကျောင်းမှာဆို့ ကျောင်းတက်ကျောင်းဆင်း နိုင်ငံတော်သီချင်းဆိုပြီး
ဒို့ ကျောင်းသားတွေ စည်းစည်းလုံးလုံးနဲ့ သံပြိုင်ဆိုကြရတာ ဘယ်လောက်များစည်လုံးလိုက်တာ ခုဆိုရင်
ဗိုလ်ချုပ်ရဲ့ ပုံရိပ်တွေကို တစ်ဖြည်းဖြည်းနဲ့ မှေးမှိန်အောင်လုပ်နေကြပါရောလား ကျနော့ဘလော့လေးမှာ
လာလည်ပြီး ဖတ်ရှုသွားကြတဲ့ မိတ်ဆွေ တော်တွေအားလုံးကို ကျနော် ဂါရ၀ပြု လေးစားပါတယ် နိုင်ငံတော်
ရဲ့ဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံရိပ် အကြောင်းလေးတွေလည်း ပို့ ပေးကြပါလို့ တောင်းဆိုပါရစေ...
အီးမေးလိပ်စားကတော့....nayminkha83@gmail.com
mr.nayminkyawzwar@gmail.com
lwinminkha@gmail.com သို့ ဆက်သွယ်နိုင်ပါသည်။
ကျေးဇူးတင်လျက်/နေမင်းခ မကွေးဇာနည်
Monday, 13 February 2012
ဖေဖ၀ါရီ ၁၃ ရက်နေ့ ၁၄ရက် ဘယ်နေ့ ကိုသတိရကြသလည်း.....
ဖေဖော်ဝါရီ ၁၄ ရက်
''ချစ်သူများနေ့''တဲ့လား
ညီမလေးရေ . . .
ရင်ခုန်နေသလား
ကဒ်ကလေးတွေ၊ ပန်းကလေးတွေ
ချောကလက်လေးတွေ၊
. . .တွေ၊ . . .တွေ
ဟိုက သည်က
အများကြီး အများကြီး
မင်းရနေသလား
လူငယ်တွေလဲ အုတ်အုတ်ကျက်ကျက်
လူလည်တွေလဲ ရှုပ်ရှုပ်ယှက်ယှက်
လူလတ်တွေလဲ ကသုတ်ကရက်
လူတတ်တွေလဲ ဗရုတ်ဘယက်၊
အော် . . .
တကယ်တော့ . . .
ဒီနေ့ဟာ . . .
ဂရေဂိုရီယံ ကမ္ဘာသုံး နေပြက္ခဒိန်ရဲ့
၄၅ ရက်မြောက်နေ့ . . .
'ကလောဒီယမ်စ်'ဆိုတဲ့
သဘောမကြီးမြတ်တဲ့ ပဒေသရာဇ်
ဧကရာဇ်ဘုရင်ယုတ်ရဲ့အမိန့်ကို လစ်လျူသွေဖည်ပြီး
ချစ်သူတွေကို တိတ်တဆိတ် လက်ထပ်ပေးတဲ့
တာနီမြို့က Saint Valentines ဆိုတဲ့
သူတော်စင်ပုဂ္ဂိုလ်ကြီး
ရောမမှာ . . .
နှိပ်စက်ပြီး ခေါင်းဖြတ်ခံရတဲ့နေ့ပါ . . .
သူတို့ဟာ သူတို့
ဂုဏ်ပြုရင်ပြုပါစေ . . .
တို့တွေနဲ့အဝေးကြီးပါကွယ် . . .
ညီမလေးရယ်
တစ်ခုလောက်
သေသေချာချာ စဉ်းစားပါဦး
မနေ့က . . .
ဖေဖော်ဝါရီလ ၁၃ ရက်နေ့လေ
လွန်ခဲ့တဲ့ ၉၅ နှစ်ကာလက
နွေအကူး . . .
လေရူးတွေ ဝေနေတဲ့
အဲဒီနေ့ . . .
စနေနေ့ မနက်
အရုဏ်တက်လို့
မိုးသောက်ကျင်းတဲ့အချိန်မှာ . . .
'ထိန်လင်း'ဆိုတဲ့
ကလေးငယ်ကလေး
ဟိုး အညာက နတ်မောက်မြို့မှာ
မွေးဖွားခဲ့တယ်
သူက . . .
စာပေကို ချစ်တယ်
အမှန်တရားကို ချစ်တယ်
ရင်သွေးတွေကို ချစ်တယ်
အဲဒါတွေ အားလုံးထက်ပိုပြီး . . .
တို့တိုင်းပြည်ကိုချစ်သတဲ့
ယောက်ျားကောင်းတို့ရဲ့ သတ္တိ၊
ယောက်ျားကောင်းတို့ရဲ့ သမာဓိ၊
ယောက်ျားကောင်းတို့ရဲ့ သီလ၊
ယောက်ျားကောင်းတို့ရဲ့ စာဂ
ယောက်ျားကောင်းတို့ရဲ့ သိက္ခာ၊
ယောက်ျားကောင်းတို့ရဲ့ ပညာ၊
ယောက်ျားကောင်းတို့ရဲ့ သစ္စာ၊
သူ့မှာ အကုန်ရှိသတဲ့ . . .
နောက်ဆုံး . . .
အဲဒါတွေအကုန်လုံး
တိုင်းပြည်ကိုပေးပြီး
ဘာမှ ယူမသွားရှာလေတဲ့ . . .
ချစ်သူကောင်းတစ်ယောက်
ယောက်ျားကောင်းတစ်ယောက်
ဖခင်ကောင်းတစ်ယောက်
အကြွေစောခဲ့ရတဲ့ ကြယ်တစ်ပွင့်
တို့ရဲ့ . . .
မျိုးချစ်သူရဲကောင်းတစ်ယောက်ကိုတော့
ချစ်ဖို့မေ့နေကြတာ
ရင်နာလိုက်တာကွယ်။
'ဖေဖော်ဝါရီဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ။
ထထောင့်ကိုးရာတဆယ့်ငါး၊
ရှေ့နေဦးဖာ သား။
ဇာတိနတ်မောက် မကွေးခရိုင်၊
သိကြများခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဖွား။
မိခင်ဒေါ်စု သား . . .'
ငယ်ငယ်က
ဆိုခဲ့ရတဲ့ ကဗျာလေး . . .
အခုတော့ ဘယ်မှာလဲ
ကိုယ်နဲ့ ဘာမှမဆိုင်တဲ့
အီတလီက သူတော်စင်ကို
သူတို့ဟာ သူတို့ဂုဏ်ပြုကြရာက
ဖြစ်လာတဲ့ 'ဗယ်လင်တိုင်းနေ့'ဆိုတာထက်
အဲဒီနေ့မတိုင်ခင် တစ်နေ့ဟာ
တို့တွေအတွက်
ပိုပြီး လေးနက်ပြန့်ကျယ်တဲ့
အဓိပ္ပါယ်ရှိပါတယ်ကွယ် . . .
ဒီနှစ်တော့ ရှိပါစေတော့
ညီမလေးရယ် . . .
ညီမလေးရေ . . .
ရင်ခုန်နေသလား
ကဒ်ကလေးတွေ၊ ပန်းကလေးတွေ
ချောကလက်လေးတွေ၊
. . .တွေ၊ . . .တွေ
ဟိုက သည်က
အများကြီး အများကြီး
မင်းရနေသလား
လူငယ်တွေလဲ အုတ်အုတ်ကျက်ကျက်
လူလည်တွေလဲ ရှုပ်ရှုပ်ယှက်ယှက်
လူလတ်တွေလဲ ကသုတ်ကရက်
လူတတ်တွေလဲ ဗရုတ်ဘယက်၊
အော် . . .
တကယ်တော့ . . .
ဒီနေ့ဟာ . . .
ဂရေဂိုရီယံ ကမ္ဘာသုံး နေပြက္ခဒိန်ရဲ့
၄၅ ရက်မြောက်နေ့ . . .
'ကလောဒီယမ်စ်'ဆိုတဲ့
သဘောမကြီးမြတ်တဲ့ ပဒေသရာဇ်
ဧကရာဇ်ဘုရင်ယုတ်ရဲ့အမိန့်ကို လစ်လျူသွေဖည်ပြီး
ချစ်သူတွေကို တိတ်တဆိတ် လက်ထပ်ပေးတဲ့
တာနီမြို့က Saint Valentines ဆိုတဲ့
သူတော်စင်ပုဂ္ဂိုလ်ကြီး
ရောမမှာ . . .
နှိပ်စက်ပြီး ခေါင်းဖြတ်ခံရတဲ့နေ့ပါ . . .
သူတို့ဟာ သူတို့
ဂုဏ်ပြုရင်ပြုပါစေ . . .
တို့တွေနဲ့အဝေးကြီးပါကွယ် . . .
ညီမလေးရယ်
တစ်ခုလောက်
သေသေချာချာ စဉ်းစားပါဦး
မနေ့က . . .
ဖေဖော်ဝါရီလ ၁၃ ရက်နေ့လေ
လွန်ခဲ့တဲ့ ၉၅ နှစ်ကာလက
နွေအကူး . . .
လေရူးတွေ ဝေနေတဲ့
အဲဒီနေ့ . . .
စနေနေ့ မနက်
အရုဏ်တက်လို့
မိုးသောက်ကျင်းတဲ့အချိန်မှာ . . .
'ထိန်လင်း'ဆိုတဲ့
ကလေးငယ်ကလေး
ဟိုး အညာက နတ်မောက်မြို့မှာ
မွေးဖွားခဲ့တယ်
သူက . . .
စာပေကို ချစ်တယ်
အမှန်တရားကို ချစ်တယ်
ရင်သွေးတွေကို ချစ်တယ်
အဲဒါတွေ အားလုံးထက်ပိုပြီး . . .
တို့တိုင်းပြည်ကိုချစ်သတဲ့
ယောက်ျားကောင်းတို့ရဲ့ သတ္တိ၊
ယောက်ျားကောင်းတို့ရဲ့ သမာဓိ၊
ယောက်ျားကောင်းတို့ရဲ့ သီလ၊
ယောက်ျားကောင်းတို့ရဲ့ စာဂ
ယောက်ျားကောင်းတို့ရဲ့ သိက္ခာ၊
ယောက်ျားကောင်းတို့ရဲ့ ပညာ၊
ယောက်ျားကောင်းတို့ရဲ့ သစ္စာ၊
သူ့မှာ အကုန်ရှိသတဲ့ . . .
နောက်ဆုံး . . .
အဲဒါတွေအကုန်လုံး
တိုင်းပြည်ကိုပေးပြီး
ဘာမှ ယူမသွားရှာလေတဲ့ . . .
ချစ်သူကောင်းတစ်ယောက်
ယောက်ျားကောင်းတစ်ယောက်
ဖခင်ကောင်းတစ်ယောက်
အကြွေစောခဲ့ရတဲ့ ကြယ်တစ်ပွင့်
တို့ရဲ့ . . .
မျိုးချစ်သူရဲကောင်းတစ်ယောက်ကိ
ချစ်ဖို့မေ့နေကြတာ
ရင်နာလိုက်တာကွယ်။
'ဖေဖော်ဝါရီဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ။
ထထောင့်ကိုးရာတဆယ့်ငါး၊
ရှေ့နေဦးဖာ သား။
ဇာတိနတ်မောက် မကွေးခရိုင်၊
သိကြများခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဖွား။
မိခင်ဒေါ်စု သား . . .'
ငယ်ငယ်က
ဆိုခဲ့ရတဲ့ ကဗျာလေး . . .
အခုတော့ ဘယ်မှာလဲ
ကိုယ်နဲ့ ဘာမှမဆိုင်တဲ့
အီတလီက သူတော်စင်ကို
သူတို့ဟာ သူတို့ဂုဏ်ပြုကြရာက
ဖြစ်လာတဲ့ 'ဗယ်လင်တိုင်းနေ့'ဆိုတာထက်
အဲဒီနေ့မတိုင်ခင် တစ်နေ့ဟာ
တို့တွေအတွက်
ပိုပြီး လေးနက်ပြန့်ကျယ်တဲ့
အဓိပ္ပါယ်ရှိပါတယ်ကွယ် . . .
ဒီနှစ်တော့ ရှိပါစေတော့
ညီမလေးရယ် . . .
Saturday, 11 February 2012
ရခိုင်ပြည်နယ် သံတွဲမြို့မဈေး ယနေ့ မနက် ၅နာကျော်ကမီးလောင်မှု့ ဖြစ်ပွား
ရခိုင်ပြည်နယ် သံတွဲမြို့ မြို့မဈေးကြီးမှာ ယနေ့နံနက်ပိုင်းက
မီးစတင်လောင်ကျွမ်းခဲ့သည့် အတွက်ဈေးတခုလုံး လောင်ကျွမ်းသွားပြီ ဖြစ်ကြောင်း သတင်း
ရရှိသည်။
ဈေးကြီး မီးလောင်ကျွမ်းမှုနှင့် ပတ်သတ်ပြီးသံတွဲ မြို့ခံတဦးက ယခုကဲ့သို့ပြောသည်။
"ဘယ်က စလောင်တယ်ဆိုတာ အတိကျပြောလို့မရသေးဘူး။ စပြီးလာင်တာက ဒီနေ့ မနက် ၅ နာရီကျော်လောက်က စလောင်တယ်။ ငါးဈေးတန်း အပြင်ဘက်က စပြီးလောင်တာလို့ သိရတယ်။"
မီးအရှိန်မှာအလွန်ပြင်းသည့်အတွက် မီးသတ်ဌာနမှ မီးသတ်ကား သုံးစီးဖြင့် လာရောက်ငြိမ်း သတ်ခဲ့သော်လည်း နံနက် ၇ နာရီနီးပါးအထိ မီးမငြိမ်းသေးကြောင်း သူကပြောသည်။
ယနေ့နံနက် ၇ နာရီကျော်လာသည့်တိုင်အောင် မီးမငြိမ်းနိုင်သေးသည့်အတွက် တခြားလူနေအိမ် များကို ကူးလာမည်ကို စိုးရိမ်နေကြကြောင်းလည်း အဆိုပါ မြို့ခံမှ ဆက်ပြောသည်။
" ရွှေဆိုင်တွေ၊ အ၀တ်အထည်ဆိုင်တွေ အကုန်လုံးပါသွားတယ်။ ဈေးတခုလုံး ပါသွားတယ်။ အခု နေပူချိန်ကလည်း ပြင်းလာတဲ့အတွက် လူနေအိမ်တွေကို ကူးစက်မှာကို စိုးရိမ်နေရတယ်။"
မီးလောင်မှုကြောင့် ဆုံးရှုံးမှုပမာဏကို အခုလောလောဆယ် မခန့်မှန်းသေးသော်လည်း ဈေးတခုလုံး မီးလောင်သွားသည့်အတွက် တန်ဖိုးအားဖြင့် အမြောက်အများ ဆုံးရှုံးနိုင်ကြောင်း သူက ပြောသည်။
ဈေးကြီး မီးလောင်ကျွမ်းမှုနှင့် ပတ်သတ်ပြီးသံတွဲ မြို့ခံတဦးက ယခုကဲ့သို့ပြောသည်။
"ဘယ်က စလောင်တယ်ဆိုတာ အတိကျပြောလို့မရသေးဘူး။ စပြီးလာင်တာက ဒီနေ့ မနက် ၅ နာရီကျော်လောက်က စလောင်တယ်။ ငါးဈေးတန်း အပြင်ဘက်က စပြီးလောင်တာလို့ သိရတယ်။"
မီးအရှိန်မှာအလွန်ပြင်းသည့်အတွက် မီးသတ်ဌာနမှ မီးသတ်ကား သုံးစီးဖြင့် လာရောက်ငြိမ်း သတ်ခဲ့သော်လည်း နံနက် ၇ နာရီနီးပါးအထိ မီးမငြိမ်းသေးကြောင်း သူကပြောသည်။
ယနေ့နံနက် ၇ နာရီကျော်လာသည့်တိုင်အောင် မီးမငြိမ်းနိုင်သေးသည့်အတွက် တခြားလူနေအိမ် များကို ကူးလာမည်ကို စိုးရိမ်နေကြကြောင်းလည်း အဆိုပါ မြို့ခံမှ ဆက်ပြောသည်။
" ရွှေဆိုင်တွေ၊ အ၀တ်အထည်ဆိုင်တွေ အကုန်လုံးပါသွားတယ်။ ဈေးတခုလုံး ပါသွားတယ်။ အခု နေပူချိန်ကလည်း ပြင်းလာတဲ့အတွက် လူနေအိမ်တွေကို ကူးစက်မှာကို စိုးရိမ်နေရတယ်။"
မီးလောင်မှုကြောင့် ဆုံးရှုံးမှုပမာဏကို အခုလောလောဆယ် မခန့်မှန်းသေးသော်လည်း ဈေးတခုလုံး မီးလောင်သွားသည့်အတွက် တန်ဖိုးအားဖြင့် အမြောက်အများ ဆုံးရှုံးနိုင်ကြောင်း သူက ပြောသည်။
ပေးပို့ သူ/ သဇင်
Friday, 10 February 2012
2012/2/13 ရက်နေ့ နိုင်ငံတော်ဖခင်လွတ်လပ်ရေးပိသုကာကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့ ၉၇ နှစ်မြောက်မွေးနေ့ အမှတ်တရတင်ပေးလိုက်ပါသည်.....အောင်ဆန်းပေးသောမြန်မာပြည်စာသားကတော့၂၀၀၈/၁၂/၁၂ပိုင်းက forwarded မေးမှစာသားဖြစ်ပါသည်
(စကားချီး။
လူ့လောကထဲ သူနေခဲ့ရတာက
၃၂ နှစ် ၅ လ ၆ ရက် ထဲရယ်ပါ။
၁၃-၂-၁၉၁၅ မှ ၁၉-၇-၁၉၄၇
နတ်မောက် ဦးသောဘိသကျောင်း
ရေနံချောင်း အမျိုးသားကျောင်း
ရန်ကုန်တက္ကသိုလ်တွေမှ ပညာဆည်းပူးခဲ့၊
၁၉၃၄ ကျောင်းသားသမဂ္ဂအမှုဆောင်နဲ့ နိုင်ငံရေးဘ၀စတင်၊
နိုင်ငံရေး လုပ်သက် ၁၃ နှစ်
အဓိက ဖြတ်သန်းမှုတွေက
သမဂ္ဂ၊ တို့ဗမာ၊ ရဲဘော်သုံးကျိပ်၊ ဖဆပလ
အဓိက အောင်မြင်မှုကတော့
မြန်မာ့လွတ်လပ်ရေး သို့မဟုတ် စတုတ္ထမြန်မာနိုင်ငံတော်)
အရပ် ပုပု
မျက်မှောင် ကုတ်ကုတ်
ပိုသီပတ်သီ အညာသား။
ဘီအေ ကျောင်းသား
စကား မပြော
ပြောရင်မရပ်
ညှင်းသိုးသိုး အရိုးခံ
ခေါင်း အမာဆုံး
ဇွဲ အရှိဆုံး
စိတ်ဓာတ် အပြင်းထန်ဆုံး လူသား။
သူမသိ နားမလည်တာတွေက အများသား
ရေ မကူးတတ်ဘူး
စက်ဘီး မစီးတတ်ဘူး
စန္ဒရား မတီးတတ်ဘူး
သီချင်းကောင်းကောင်း နားမထောင်ခဲ့ရဘူး
မိန်းမ မပိုးတတ်ဘူး
ဘိလပ်ပြန်သန်းကို မေရှင့်သီချင်း ဆိုခိုင်းခဲ့သူ
ချစ်ရတဲ့ နာစ့်မလေးကြည်ကို လူငှားနဲ့ ပိုးခဲ့ရသူ
ဗွီအိုင်ပီဆိုတဲ့ စာတန်းကို အလွန်စက်ဆုပ်ရွံရှာသူ
လမ်းဘေးမှာ ကျောက်ကျောရေသောက်တဲ့ ၀န်ကြီးချုပ်
မင်္ဂလာဆောင်မှာ ခဲဖိုးတောင်းတာ နားမလည်တဲ့သူ
လွတ်လပ်ရေးကို စဉ်းစားရင်း စစ်ဖိနပ် ပြောင်းပြန်စီးတဲ့သူ
လွတ်လပ်ရေးကို စဉ်းစားရင်း ဆံပင်ညှပ်မပြီးခင် ထထွက်သွားတဲ့သူ
တွေ့ချင်လွန်းလို့ လမ်းမှာတားတဲ့ ရွာသားတွေနဲ့
အတူ လမ်းဘေးမှာ အကြော်စားတဲ့ ၀န်ကြီးချုပ်
သူ့ကိုယ်သူ ပြည်သူတစ်ယောက်အဖြစ်ခံယူတဲ့ ၀န်ကြီးချုပ်
"ကြည်...ပဲပြုတ်နဲ့ နံပြားရရင် စားချင်တယ်"
မိန်းမကို မနက်စာပြင်ခိုင်းတဲ့ သူ့ရဲ့ ကမ္ဘာကျော်စာ
ဗိုလ်ချုပ်အဆင့်ရဲ့ အမှားနဲ့ သာမန်ရဲဘော်အဆင့်ရဲ့ အမှန်ကို
ကွဲကွဲပြားပြားသိတဲ့သူ
လူငယ်ဘ၀၊ လူ့ဘ၀ရဲ့ စည်းစိမ်အရသာတွေ
ခံစားဖို့ အချိန်မရခဲ့တဲ့သူ
သူ့ဖြတ်သန်းမှုမှာ
လွတ်လပ်ရေးဆိုတာ တစ်ခုတည်းနဲ့
ပကတိ ရိုးရှင်းသန့်စင်ခဲ့တဲ့သူ
သူ့ကို ဒဂုန်တာရာက ကင်ပွန်းတပ်
အောင်ဆန်း သို့မဟုတ် အရိုင်းတဲ့။
လုပ်သက်က ခပ်နုနု
ကျောင်းသား ပေါက်စ
သခင် ပေါက်စ
စစ်သား ပေါက်စ
နိုင်ငံရေးသမား ပေါက်စ
ဘ၀တွေက အဖုံဖုံ
အသက်က ၃၀ မရှိ တရှိ။
ဒီအောင်ဆန်း လက်တောက်လောက်လေးကို
ဘာ့ကြောင့်
နေမ၀င် အင်ပါယာကြီး ဒူးထောက်ခဲ့ရပါသလဲ...။
တကယ်ဆိုတော့
ငါတို့ အောင်ဆန်းက
နယ်နယ်ရရ မဟုတ်-
ရိုးသားတဲ့ မြန်မာတွေထက်ပို
ရိုးသားတဲ့ အောင်ဆန်း
သတ္တိပြောင်တဲ့ မြန်မာတွေထက်ပို
သတ္တိရှိတဲ့ အောင်ဆန်း
စွန့်လွှတ်ရဲတဲ့ မြန်မာတွေထက်ပို
စွန့်လွှတ်ပြတဲ့ အောင်ဆန်း၊
ဒီလို အောင်ဆန်း
သူ့သွေးသား အရိုးအချဉ်တွေ အားလုံး
လွတ်လပ်ရေး တစ်ခုတည်းနဲ့ အပြီး
စုစည်းတည်ဆောက်ပြတဲ့ အောင်ဆန်း
တကယ့်အရိုးခံ အောင်ဆန်းပေါ့။
ဒီအောင်ဆန်းကို
လွတ်လပ်ရေးလမ်းဝမှာ ဘွားကနဲ မြင်လိုက်ရရုံပဲ
အောင်ဆန်းရဲ့ဆရာတွေ မှိုင်း၊ မြ၊ ချိုတို့ကအစ
""ငါတို့ အားကိုးပါရစေ"" ဆိုလာကြ၊
ရှေးဘိုးဘွားမိဘပြည်သူတွေက
""ငါတို့ကယ်မယ့် မင်းလောင်းပေါ်ပြီ"" ပြုံးပျော်ကြ
လူငယ်သွေးသောက်မြန်မာတွေက
""ငါတို့ စွန့်ပါရစေ"" ဆိုပြီး ရှေ့ထွက်လာကြ
စုကြ၊ ရုံးကြ၊ စည်းလုံးကြ
တကယ့်ဗမာတွေ
မဟာအောင်ဆန်းအနောက်က
ပြည်သူ့ ဒီလှိုင်းလုံးကြီးတွေရဲ့
တ၀ုန်းဝုန်း ရိုက်ခတ်သံဟာ
အဲဒီအချိန်က ၀ိတိုရိယဘုရင်မကြီးကိုတောင်
အိပ်မက်တွေ အေးခဲစေခဲ့သပေါ့။
အောင်ဆန်းရှေ့ရောက်ရင်
ရှမ်းတွေက ရှမ်းစကားမဆိုကြ
ကချင်တွေကလည်း ကချင်စကားမဟကြ
အောင်ဆန်းကို ယုံကြည်စွာနဲ့
သူတို့ သခင်အဖြစ် သိမှတ်ပြုကြ
အားလုံးသော တိုင်းရင်းသားတွေ။
ဒီပြည်လုံးကျွတ်အားကို စုစည်းနိုင်ခဲ့လိုလည်း
အင်္ဂလိပ်တွေက ဒီအောင်ဆန်းလက်တောက်လောက်နဲ့
တစ်စားပွဲထဲ ၀ိုင်းခဲ့ကြပေါ့
အကင်းပါးသူတွေပီပီ
မတိုက်မီက ရှုံးနေတဲ့ ဒီစစ်ကို
ဒင်းတို့ မတိုက်ဝံ့ကြ
မျက်နှာမပျက် အောင်မြင်စွာ ဆုတ်ခွာမယ့်လမ်းကို
သူတို့ ရွေးခဲ့ကြ
အောင်ဆန်းနဲ့အတွေ့မှာ။
ယုံကြည်အားကိုးတဲ့
မျက်လုံးပေါင်း သန်း ၆၀
အောင်ဆန်းမှာ ရှိတယ်
လွတ်လပ်ရေးကို တရှိုက်မက်မက်တောင့်တတဲ့
နှလုံးသားသန်း ၃၀ အောင်ဆန်းမှာရှိတယ်
အောင်ဆန်းသေဆို သေပြ၀ံ့တဲ့သူ
အောင်ဆန်းမှာ တပြည်လုံးရှိတယ်
ဒီ မျက်လုံးနှလုံးအသက်
ဗို့အားသိန်းသန်းချီ မီးဆလိုက်အားတွေနဲ့
နေမ၀င်အင်ပါယာကို ပြတ်ပြတ်သားသား လှမ်းထိုးလိုက်တဲ့အခါ
အခြောက်တိုက် ဘ၀င်မြင့်နေသူတွေ
အားလုံး အရည်ပျော်သွားခဲ့ကြ။
ဘယ်ရာဇ၀င်မှာ ခင်ဗျားတို့ တွေ့ဘူးလဲ။
ဂျပန်ဆိုတာ မနူးမနပ်မဟုတ်ဘူး။
အင်္ဂလိပ်ဆိုတာက ဝေလာဝေး
သူငယ်နှပ်စားမဟုတ်။
ဒင်းတို့တွေတောင် ရအောင် စည်းရုံးနိုင်တဲ့သူ
အောင်ဆန်း
ဒီအောင်ဆန်းက စစ်ကို မလို
ဒါပေမဲ့ ရရင်ရ မရရင်ချ ဆိုတာ အောင်ဆန်းဝါဒ
လွတ်လပ်ရေးကို အမြန်ဆုံးလိုချင်နေတဲ့
အဲ့ဒီအချိန် ပြည်သူတွေရဲ့
တစ်ဦးတည်းသော ကိုယ်စားလှယ်
ငါတို့ အောင်ဆန်းပေါ့။
အောင်ဆန်း
ဒီအချိန်ဆို
၉၃ နှစ်ရှိပြီ
အောင်ဆန်းပြောမယ်
အဘိုးရဲ့စကား နားထောင်...။
""မမေ့နဲ့
မင်းတို့
ကနေ့ ရှုနေတဲ့ လေဟာ
ငါတို့
မနေ့က ချွေးစက်တွေဆိုတာ
မမေ့နဲ့
မင်းတို့
မြန်မာဆိုတဲ့ စကားတစ်ခွန်းကိုရဖို့
ငါတို့
ဘုံးဘောလအော ကျဆုံးပေးခဲ့ရတာ
မမေ့နဲ့
မင်းတို့
ကမ္ဘာ့မြေပုံပေါ်တက်နိုင်ဖို့
ငါတို့
အလောင်းကောင်တွေဆင့်ပြီး ထမ်းတင်ပေးခဲ့တာ မမေ့နဲ့။"" . . . . .
မြန်မာလူမျိုးတိုင်းမှာ
အဖေနှစ်ယောက်ရှိတယ်
တစ်ယောက်က
ကိုယ့်သွေးသားအဖေ
ကျန်တစ်ယောက်က
မြန်မာလူမျိုးကို မွေးပေးတဲ့အဖေ
မြန်မာလူမျိုးရဲ့အဖေ
မြန်မာ့အဖေ
အောင်ဆန်းပေါ့။
ကျုပ်အဖေနဲ့အဖိုးဟာ အောင်ဆန်းသားတွေ
အောင်ဆန်းက ကျုပ်အဖိုး
ကျုပ်သားက အောင်ဆန်းရဲ့မြစ်ပေါ့
သူ့အဘိုးကို သူ လွမ်းတတ်နေပြီ
သူ့သားကျရင်လဲ သူ့အဘေးနဲ့
ပေးတွေ့နိုင်ဖို့
အခုကတည်းက အသေအချာ
ကျုပ် မှာထားရအုံးမယ်။
2008/12/12 forwarded:မေးမှ ပြန်လည်ကူးယူတင်ပြသည်လူ့လောကထဲ သူနေခဲ့ရတာက
၃၂ နှစ် ၅ လ ၆ ရက် ထဲရယ်ပါ။
၁၃-၂-၁၉၁၅ မှ ၁၉-၇-၁၉၄၇
နတ်မောက် ဦးသောဘိသကျောင်း
ရေနံချောင်း အမျိုးသားကျောင်း
ရန်ကုန်တက္ကသိုလ်တွေမှ ပညာဆည်းပူးခဲ့၊
၁၉၃၄ ကျောင်းသားသမဂ္ဂအမှုဆောင်နဲ့ နိုင်ငံရေးဘ၀စတင်၊
နိုင်ငံရေး လုပ်သက် ၁၃ နှစ်
အဓိက ဖြတ်သန်းမှုတွေက
သမဂ္ဂ၊ တို့ဗမာ၊ ရဲဘော်သုံးကျိပ်၊ ဖဆပလ
အဓိက အောင်မြင်မှုကတော့
မြန်မာ့လွတ်လပ်ရေး သို့မဟုတ် စတုတ္ထမြန်မာနိုင်ငံတော်)
အရပ် ပုပု
မျက်မှောင် ကုတ်ကုတ်
ပိုသီပတ်သီ အညာသား။
ဘီအေ ကျောင်းသား
စကား မပြော
ပြောရင်မရပ်
ညှင်းသိုးသိုး အရိုးခံ
ခေါင်း အမာဆုံး
ဇွဲ အရှိဆုံး
စိတ်ဓာတ် အပြင်းထန်ဆုံး လူသား။
သူမသိ နားမလည်တာတွေက အများသား
ရေ မကူးတတ်ဘူး
စက်ဘီး မစီးတတ်ဘူး
စန္ဒရား မတီးတတ်ဘူး
သီချင်းကောင်းကောင်း နားမထောင်ခဲ့ရဘူး
မိန်းမ မပိုးတတ်ဘူး
ဘိလပ်ပြန်သန်းကို မေရှင့်သီချင်း ဆိုခိုင်းခဲ့သူ
ချစ်ရတဲ့ နာစ့်မလေးကြည်ကို လူငှားနဲ့ ပိုးခဲ့ရသူ
ဗွီအိုင်ပီဆိုတဲ့ စာတန်းကို အလွန်စက်ဆုပ်ရွံရှာသူ
လမ်းဘေးမှာ ကျောက်ကျောရေသောက်တဲ့ ၀န်ကြီးချုပ်
မင်္ဂလာဆောင်မှာ ခဲဖိုးတောင်းတာ နားမလည်တဲ့သူ
လွတ်လပ်ရေးကို စဉ်းစားရင်း စစ်ဖိနပ် ပြောင်းပြန်စီးတဲ့သူ
လွတ်လပ်ရေးကို စဉ်းစားရင်း ဆံပင်ညှပ်မပြီးခင် ထထွက်သွားတဲ့သူ
တွေ့ချင်လွန်းလို့ လမ်းမှာတားတဲ့ ရွာသားတွေနဲ့
အတူ လမ်းဘေးမှာ အကြော်စားတဲ့ ၀န်ကြီးချုပ်
သူ့ကိုယ်သူ ပြည်သူတစ်ယောက်အဖြစ်ခံယူတဲ့ ၀န်ကြီးချုပ်
"ကြည်...ပဲပြုတ်နဲ့ နံပြားရရင် စားချင်တယ်"
မိန်းမကို မနက်စာပြင်ခိုင်းတဲ့ သူ့ရဲ့ ကမ္ဘာကျော်စာ
ဗိုလ်ချုပ်အဆင့်ရဲ့ အမှားနဲ့ သာမန်ရဲဘော်အဆင့်ရဲ့ အမှန်ကို
ကွဲကွဲပြားပြားသိတဲ့သူ
လူငယ်ဘ၀၊ လူ့ဘ၀ရဲ့ စည်းစိမ်အရသာတွေ
ခံစားဖို့ အချိန်မရခဲ့တဲ့သူ
သူ့ဖြတ်သန်းမှုမှာ
လွတ်လပ်ရေးဆိုတာ တစ်ခုတည်းနဲ့
ပကတိ ရိုးရှင်းသန့်စင်ခဲ့တဲ့သူ
သူ့ကို ဒဂုန်တာရာက ကင်ပွန်းတပ်
အောင်ဆန်း သို့မဟုတ် အရိုင်းတဲ့။
လုပ်သက်က ခပ်နုနု
ကျောင်းသား ပေါက်စ
သခင် ပေါက်စ
စစ်သား ပေါက်စ
နိုင်ငံရေးသမား ပေါက်စ
ဘ၀တွေက အဖုံဖုံ
အသက်က ၃၀ မရှိ တရှိ။
ဒီအောင်ဆန်း လက်တောက်လောက်လေးကို
ဘာ့ကြောင့်
နေမ၀င် အင်ပါယာကြီး ဒူးထောက်ခဲ့ရပါသလဲ...။
တကယ်ဆိုတော့
ငါတို့ အောင်ဆန်းက
နယ်နယ်ရရ မဟုတ်-
ရိုးသားတဲ့ မြန်မာတွေထက်ပို
ရိုးသားတဲ့ အောင်ဆန်း
သတ္တိပြောင်တဲ့ မြန်မာတွေထက်ပို
သတ္တိရှိတဲ့ အောင်ဆန်း
စွန့်လွှတ်ရဲတဲ့ မြန်မာတွေထက်ပို
စွန့်လွှတ်ပြတဲ့ အောင်ဆန်း၊
ဒီလို အောင်ဆန်း
သူ့သွေးသား အရိုးအချဉ်တွေ အားလုံး
လွတ်လပ်ရေး တစ်ခုတည်းနဲ့ အပြီး
စုစည်းတည်ဆောက်ပြတဲ့ အောင်ဆန်း
တကယ့်အရိုးခံ အောင်ဆန်းပေါ့။
ဒီအောင်ဆန်းကို
လွတ်လပ်ရေးလမ်းဝမှာ ဘွားကနဲ မြင်လိုက်ရရုံပဲ
အောင်ဆန်းရဲ့ဆရာတွေ မှိုင်း၊ မြ၊ ချိုတို့ကအစ
""ငါတို့ အားကိုးပါရစေ"" ဆိုလာကြ၊
ရှေးဘိုးဘွားမိဘပြည်သူတွေက
""ငါတို့ကယ်မယ့် မင်းလောင်းပေါ်ပြီ"" ပြုံးပျော်ကြ
လူငယ်သွေးသောက်မြန်မာတွေက
""ငါတို့ စွန့်ပါရစေ"" ဆိုပြီး ရှေ့ထွက်လာကြ
စုကြ၊ ရုံးကြ၊ စည်းလုံးကြ
တကယ့်ဗမာတွေ
မဟာအောင်ဆန်းအနောက်က
ပြည်သူ့ ဒီလှိုင်းလုံးကြီးတွေရဲ့
တ၀ုန်းဝုန်း ရိုက်ခတ်သံဟာ
အဲဒီအချိန်က ၀ိတိုရိယဘုရင်မကြီးကိုတောင်
အိပ်မက်တွေ အေးခဲစေခဲ့သပေါ့။
အောင်ဆန်းရှေ့ရောက်ရင်
ရှမ်းတွေက ရှမ်းစကားမဆိုကြ
ကချင်တွေကလည်း ကချင်စကားမဟကြ
အောင်ဆန်းကို ယုံကြည်စွာနဲ့
သူတို့ သခင်အဖြစ် သိမှတ်ပြုကြ
အားလုံးသော တိုင်းရင်းသားတွေ။
ဒီပြည်လုံးကျွတ်အားကို စုစည်းနိုင်ခဲ့လိုလည်း
အင်္ဂလိပ်တွေက ဒီအောင်ဆန်းလက်တောက်လောက်နဲ့
တစ်စားပွဲထဲ ၀ိုင်းခဲ့ကြပေါ့
အကင်းပါးသူတွေပီပီ
မတိုက်မီက ရှုံးနေတဲ့ ဒီစစ်ကို
ဒင်းတို့ မတိုက်ဝံ့ကြ
မျက်နှာမပျက် အောင်မြင်စွာ ဆုတ်ခွာမယ့်လမ်းကို
သူတို့ ရွေးခဲ့ကြ
အောင်ဆန်းနဲ့အတွေ့မှာ။
ယုံကြည်အားကိုးတဲ့
မျက်လုံးပေါင်း သန်း ၆၀
အောင်ဆန်းမှာ ရှိတယ်
လွတ်လပ်ရေးကို တရှိုက်မက်မက်တောင့်တတဲ့
နှလုံးသားသန်း ၃၀ အောင်ဆန်းမှာရှိတယ်
အောင်ဆန်းသေဆို သေပြ၀ံ့တဲ့သူ
အောင်ဆန်းမှာ တပြည်လုံးရှိတယ်
ဒီ မျက်လုံးနှလုံးအသက်
ဗို့အားသိန်းသန်းချီ မီးဆလိုက်အားတွေနဲ့
နေမ၀င်အင်ပါယာကို ပြတ်ပြတ်သားသား လှမ်းထိုးလိုက်တဲ့အခါ
အခြောက်တိုက် ဘ၀င်မြင့်နေသူတွေ
အားလုံး အရည်ပျော်သွားခဲ့ကြ။
ဘယ်ရာဇ၀င်မှာ ခင်ဗျားတို့ တွေ့ဘူးလဲ။
ဂျပန်ဆိုတာ မနူးမနပ်မဟုတ်ဘူး။
အင်္ဂလိပ်ဆိုတာက ဝေလာဝေး
သူငယ်နှပ်စားမဟုတ်။
ဒင်းတို့တွေတောင် ရအောင် စည်းရုံးနိုင်တဲ့သူ
အောင်ဆန်း
ဒီအောင်ဆန်းက စစ်ကို မလို
ဒါပေမဲ့ ရရင်ရ မရရင်ချ ဆိုတာ အောင်ဆန်းဝါဒ
လွတ်လပ်ရေးကို အမြန်ဆုံးလိုချင်နေတဲ့
အဲ့ဒီအချိန် ပြည်သူတွေရဲ့
တစ်ဦးတည်းသော ကိုယ်စားလှယ်
ငါတို့ အောင်ဆန်းပေါ့။
အောင်ဆန်း
ဒီအချိန်ဆို
၉၃ နှစ်ရှိပြီ
အောင်ဆန်းပြောမယ်
အဘိုးရဲ့စကား နားထောင်...။
""မမေ့နဲ့
မင်းတို့
ကနေ့ ရှုနေတဲ့ လေဟာ
ငါတို့
မနေ့က ချွေးစက်တွေဆိုတာ
မမေ့နဲ့
မင်းတို့
မြန်မာဆိုတဲ့ စကားတစ်ခွန်းကိုရဖို့
ငါတို့
ဘုံးဘောလအော ကျဆုံးပေးခဲ့ရတာ
မမေ့နဲ့
မင်းတို့
ကမ္ဘာ့မြေပုံပေါ်တက်နိုင်ဖို့
ငါတို့
အလောင်းကောင်တွေဆင့်ပြီး ထမ်းတင်ပေးခဲ့တာ မမေ့နဲ့။"" . . . . .
မြန်မာလူမျိုးတိုင်းမှာ
အဖေနှစ်ယောက်ရှိတယ်
တစ်ယောက်က
ကိုယ့်သွေးသားအဖေ
ကျန်တစ်ယောက်က
မြန်မာလူမျိုးကို မွေးပေးတဲ့အဖေ
မြန်မာလူမျိုးရဲ့အဖေ
မြန်မာ့အဖေ
အောင်ဆန်းပေါ့။
ကျုပ်အဖေနဲ့အဖိုးဟာ အောင်ဆန်းသားတွေ
အောင်ဆန်းက ကျုပ်အဖိုး
ကျုပ်သားက အောင်ဆန်းရဲ့မြစ်ပေါ့
သူ့အဘိုးကို သူ လွမ်းတတ်နေပြီ
သူ့သားကျရင်လဲ သူ့အဘေးနဲ့
ပေးတွေ့နိုင်ဖို့
အခုကတည်းက အသေအချာ
ကျုပ် မှာထားရအုံးမယ်။
* * * * * * *
Thursday, 9 February 2012
ဒေါ်အောင်ဆန်းစုကြည်၏ ပုသိမ်မြောင်းမြခရီးစဉ်
နံနက် ငါးနာရီခွဲအချိန်တွင် တက္ကသိုလ်ရိပ်သာလမ်း၊
အမှတ်(၅၄) နေအိမ်မှ စတင်ထွက်ခွာလာသော ဒေါ်အောင်ဆန်းစုကြည်အား သူမ
မထွက်ခွာမီကပင် ဧရာဝတီတိုင်းသားများက ကြိုဆိုရန် ပြင်ဆင်နေကြပြီဖြစ်သည်။
““မနက်လေးနာရီကတည်းက ရွာကနေ လမ်းလျှောက်လာတယ်။ တချို့က ဧရာဝတီတိုင်းအ၀င်က သွားစောင့်ကြတယ်၊ ကျွန်တော်တို့ကတော့ ပန်းတနော်ကပဲစောင့်နေတယ်””ဟု ပန်းတနော်မြို့နှင့် တစ်မိုင်ခန့်ဝေးသော ကျေးရွာတစ်ရွာမှ အသက်လေးဆယ်ခန့်အရွယ် ကိုအောင်ဝိဇ္ဇာက ဆိုသည်။
နံနက် ခြောက်နာရီခန့်တွင် ပန်းတနော်မြို့အ၀င်၌ ဒေါင်းအလံများ၊ ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံများကိုင်ဆောင်ကာ လူတစ်ရာဝန်းကျင်ခန့်စောင့်ဆိုင်းနေကြသည်။
ထိုနေရာမှစတင်၍ ပုသိမ်မြို့ရောက်သည်အထိ လမ်းတစ်လျှောက် ကျေးရွာများ၊
မြို့နယ်များတွင် ဒေသခံများက အတီးအမှုတ် အကအခုန်များဖြင့် ကြိုဆိုနေကြသည်။
ကျောင်းကုန်းမြို့အ၀င်တွင် လူပေါင်းသုံးရာခန့် စောင့်ကြိုနေသည်ကို
တွေ့ရပြီး ထိုအထဲမှ အသက်ငါးဆယ်ခန့်အရွယ် ဦးသိန်းတန်က ““ဒေါ်စုနဲ့ မတွေ့တာ
နှစ် နှစ်ဆယ်ရှိပြီ။ နိုင်ငံ ကောင်းအောင်လုပ်ဖို့ ဒေါ်စုရဲ့
လမ်းညွှန်မှုကိုခံယူဖို့ လာစောင့်နေတာပါ၊ စကားပြောဖို့ စင်မြင့်တစ်ခုလည်း
လုပ်ထားပါတယ်”” ဟု ပြောသည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်မှာ လမ်းတစ်လျှောက် ရပ်နားခြင်းမရှိဘဲ ကြိုဆိုနေသူများအား လက်ကိုင်စကားပြောခွက်ဖြင့်သာ ကားပေါ်မှ နှုတ်ဆက်စကားပြောကြားလာခဲ့သည်။
ပုသိမ်မြို့အ၀င်ရှိ နည်းပညာတက္ကသိုလ်မှ ကျောင်းသားကျောင်းသူ
တစ်ရာကျော်ခန့်မှာ We Love Su စာတန်းအား လက်မောင်းနှင့် နဖူးများတွင်
အသီးသီးစည်းနှောင်ထားကြပြီး ဒေါ်အောင်ဆန်းစုကြည်အား နံနက်ခြောက်နာရီကပင် စုရုံးစောင့်ဆိုင်းနေကြသည်။
ထိုကဲ့သို့ လာရောက်ကြိုဆိုရန် ဆရာဆရာမများက ခွင့်ပြုပေးခဲ့ပြီး
ခိုက်ရန်မဖြစ်ကြရန်သာ မှာကြားခဲ့ကြောင်း BE(Machenical)
နောက်ဆုံးနှစ်တက်ရောက်နေသူ ကိုအောင်ကိုနိုင်က ပြောသည်။
ထို စောင့်ဆိုင်းနေသူများထဲမှာ အသက်နှစ်ဆယ်အရွယ် BE(Cevil) ဒုတိယနှစ်ကျောင်းသူ မမေလွင်ဦးက ““အမေစုကို သမီးတို့ရဲ့ ဆန္ဒကိုပြောချင်လို့ လာစောင့်နေတာ။ ကျောင်းမှာ လက်တွေ့လုပ်ငန်းတွေမရှိဘူး။ လိုချင်တယ်။ ပုံနှိပ်စာအုပ် အခက်အခဲရှိနေတယ်။ သမီးတို့ကျောင်းသားတွေကို ပစ်မထားပါနဲ့လို့ ပြောချင်လို့ပါ””ဟု ဆိုလာသည်။
ပုသိမ်ဝိဇ္ဇာ-သိပ္ပံတက္ကသိုလ်ေ ရှ့တွင်မူ စာမေးပွဲဖြေဆိုရန်ရှိသဖြင့် ကြိုဆိုနေသော ကျောင်းသားများအား မတွေ့ရဘဲ တိတ်ဆိတ်လျှက်ရှိသော်လည်း
ကျောင်းသား၂၀၀ခန့်မှာ ဒေါ်အောင်ဆန်းစုကြည်စကားပြော မည့်
ကိုးသိန်း အားကစားကွင်း အ၀၌ သွားရောက်ကြိုနေကြသည်။ ထိုကျောင်းသားများထဲမှ
ဒုတိယနှစ်သင်္ချာအဓိက တက်ရောက်နေသော ကို ပြည့်ဖြိုးအောင်က
““အမေစုကအမှန်တရားကိုမြတ်နိုးလို့ ကျွန်တော်တို့အရမ်းချစ်တယ်။ တွေ့လဲတွေ့ဖူးချင်လို့ လာတွေ့တာ။ တစ်နှစ်ကျလည်းအကျခံမယ်”” ဟုယုံကြည်မူအပြည့်ဖြင့် ပြောသည်။
ပုသိမ်မြို့အနှံ့အပြားတွင် ထိုနေ့နံနက်တွင် ထမနဲထိုးခြင်း၊ မုန့်ဟင်းခါးကျွေးခြင်း၊ စတုဒိသာတိုက်ကျွေးခြင်းတို့ ကို ပြည်ခိုင်ဖြိုးပါတီမှ ပြုလုပ်ခဲ့သော်လည်း သွားရောက်စားသောက်သူ နည်းပါးကြောင်း ပုသိမ်မြို့ခံများက ပြောကြသည်။
ဒေသခံအာဏာပိုင်များက အိမ်ယာမြေများအား အိမ်ဂရံထုတ်ပေးရန် ထိုနေ့တွင် ရုံးသို့ လာရောက်ကြရမည်ဟု ထုတ်ပြန်ထားခဲ့ကြောင်း သိရသည်။
သို့သော် ဧရာဝတီတိုင်းဒေသကြိးအတွင်းရှိ
သာပေါင်း၊ ငပုတော၊ အိမ်မဲ အစရှိသည့် မြို့နယ်များမှ မော်တော်ကားများ၊
စက်လှေများ၊ သင်္ဘောများဖြင့် ညတစ်နာရီခန့်ကပင် လာရောက်နေကြပြီး
မိုးမလင်းမီကပင် ကိုးသိန်းအားကစားကွင်းရှေ့သို့ တဖွဲဖွဲစုရုံးနေကြသည်ကို တွေ့ရသည်။
““ကျွန်တော်ဖျားနေတာ ၁၅ ရက်လောက်ရှိပြီ။ ဆေးထိုးနေရတယ်။ အခုတောင် တွေ့ချင်လွန်းလို့ ကုန်းရုန်းထလာတာ””ဟု ဘောလုံးကွင်း ဂိုးတိုင်အောက်တွင် ထိုင်စောင့်နေသော မွတ်ဆလင်အမျိုးသားတစ်ဦးက ပြောသည်။
နေပူကျဲတဲအောက်တွင် ခွပ်ဒေါင်းတံဆိပ်အလံငယ်များ အား ဝှေ့ယမ်းကာ မျှော်လင့်ချက်အပြည့်ဖြင့်ေ စာင့်ဆိုင်းနေကြသော
လူထုကြီးအတွင်းမှ ကမ္ဘာမကြေသီချင်းကို ပြိုင်တူသီဆိုလိုက်ကြသံအား
တစ်ချက်တစ်ချက် ကြားနေရသည်။ တဦးစ နှစ်ဦးစ စိတ်လွတ်ကိုယ်လွတ်
ကခုန်လိုက်ကြသည်ကိုလည်း မြင်ရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၂ ခုနှစ်က နောက်ဆုံးအကြိမ်အဖြစ် ပုသိမ်မြို့သို့ လာရောက်ခဲ့ပြီး ယခုခရီးစဉ်တွင်လည်း မန္တလေးမြို့ကဲ့သို့ ခရီးစဉ်ရွှေ့ဆိုင်းရမည်ကို ဒေသခံများက စိုးရိမ်ပူပန်နေခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်မှာ သူမအား လူဦးရေတစ်သိန်းနီးပါး ကြိုဆိုနေကြသော လူထုကြီးရှိရာ ကိုးသိန်းအားကစားကွင်းအတွင်းသို့
နံနက် ၁၁ နာရီအချိန်တွင် ပိတ်ဆို့နေသော လူအုပ်ကြီးကြားမှ ယာဉ်တန်းဖြင့်
တရွေ့ရွေ့ရောက်ရှိလာပြီး စောင့်ကြိုနေသော လူထုအား နှုတ်ခွန်းဆက်စကား
စပြောသည်။
““ကျွန်မတို့ကို လှိုက်လှိုက်လှဲလှဲ ပြုံးပြုံးရွှင်ရွှင်၊ တက်တက်ကြွကြွနဲ့ ကြိုဆိုတဲ့ ပြည်သူတွေကို အင်မတန်မှ ကျေးဇူးတင်ပါတယ်။ ဒီလို ပြည်သူတွေနဲ့ဆို သာယာတဲ့ပြည်ထောင်စုကြီးကို ကျွန်မတို့ တကယ်ပဲ ဆောက်တည်နိုင်မယ်လို့ ယုံကြည်ပါတယ်”” ဟု အစိမ်းနုရောင် ရင်ဖုံးနှင့် ချိတ်ထမီဝတ်ဆင်ကာ အစိမ်းနုရောင်ပုသိမ်ထီးကလေး ဆောင်းလာသော ဒေါ်အောင်ဆန်းစုကြည်က ကိုးသိန်းအားကစားကွင်း စင်မြင့်ပေါ်မှ ပြောသွားသည်။
ထို့အပြင် ပုသိမ်မြို့သို့ လာရောက်ရခြင်းမှာ ပါတီကိုပြန်လည်တည်ဆောက်နေသော အချိန်တွင် ပါတီတည်ဆောက်ရေးအနေနှင့် လာရောက်ခြင်းဖြစ်ပြီး ရွေးကောက်ပွဲ စည်းရုံးရေးအတွက်လာရောက်ခြင်းလည်းဖြစ်ကြောင်း သူမက ရှင်းပြခဲ့သည်။
မိနစ် ၂၀ ခန့် စကားပြောပြီးနောက် ပုသိမ်ဟိုတယ်သို့ နေ့လည်စာစားသောက်ရန် ထွက်ခွာသွားခဲ့သည်။
ပုသိမ်မြို့အ၀င်မှစ၍ ယာဉ်ထိန်းရဲများက လမ်းရှင်းကူညီပေးမှုများကို တောက်လျှောက်တွေ့နေရပြီး ထိုနေ့တွင် ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်ကလည်း ၎င်းယခင်ရုံးတက်ရုံးဆင်းပြုလုပ်နေကျလမ်းမကြီးမှ ဖြတ်သန်းမသွားဘဲ လမ်းကြားအတွင်းမှသာ ဖြတ်သန်းရုံးတက်ရောက်ခဲ့ကြောင်း အသက် ၇၈ နှစ်အရွယ် အငြိမ်းစားကျောင်းဆရာ ဦးစိန်ထွန်းက ပြောပြသည်။
““ဗိုလ်ချုပ်သွေးဆိုလို့ ဒီတစ်ယောက်ပဲကျန်တော့တာ။ ငတ်မွတ်ခေါင်းပါးဘေးမှ လွတ်မြောက်အောင်လည်း သူပဲ လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်””ဟု သာပေါင်းမြို့နယ်မှ တောင်သူ ကိုမျိုးအောင်ကဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲတွင် သူမ၏ပါတီ အန်အယ်လ်ဒီအား မဲထည့်ရန်နှင့် ကြားဖြတ်ရွေးကောက်ပွဲအား မျှမျှတတဖြစ်စေရေး စောင့်ကြည့်ပေးကြရန် ပြည်သူများအား တိုက်တွန်းခဲ့သည်။
““ကျွန်မတို့ နိုင်ငံမှာ ရွေးကောက်ပွဲဆိုတာ ခဏခဏဖြစ်တာမဟုတ်ပါဘူး။ တစ်ခါတလေမှ ဖြစ်တာပါ။ ဒီလို တစ်ခါတလေမှ ဖြစ်တဲ့အဆင့်ကနေ ပုံမှန်ဖြစ်တဲ့အဆင့်သာမက ပုံမှန်လွတ်လွတ်လပ်လပ်မျှမျှတတ
ရွေးကောက်ပွဲဖြစ်နိုင်ဖို့ ကျွန်မတို့ ၀ိုင်းပြီး ကြိုးစား ရမယ်။
ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်းတွေအရ တစ်နိုင်ငံလုံးမဟုတ်တောင်
မဲဆန္ဒပေးရတဲ့နေရာတွေမှာဖြစ် နေတဲ့ မမှန်တာတွေကို ၀ိုင်းဝန်းကြည့်ရြှု့ပီးတော့ ရွေးကောက်ပွဲကို ကာကွယ်ပေးကြပါ””ဟု ဒေါ်အောင်ဆန်းစုကြည်က ပုသိမ်မြို့လူထုကြီးအား မှာကြားသွားသည်။
အနှစ်နှစ်ဆယ်ကျော်ကြာ ပြန်လည်တွေ့မြင်ရသော ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ ပုသိမ်ဒေသခံ ကိုဖုန်းမြင့်က ““ ၀မ်းသာတယ်။ ဒါပေမယ့် ၀မ်းနည်းတယ်။ အမေစု အသက်ရသွားပြီ။ ဒါကို ၀မ်းနည်းမိတာပါ””ဟု ၀မ်းနည်းသည့် လေသံဖြင့် ပြောလာသည်။
ထို့နောက် ပုသိမ်မြို့မှ နေ့လည်တစ်နာရီခန့်တွင် ကားအစီးပေါင်း ၂၀ ကျော်ပါဝင်သည့် ယာဉ်တန်းဖြင့် ထွက်ခွာလာသော ဒေါ်အောင်ဆန်းစုကြည်အား ကန်ကြီးထောင့်မြို့နယ် မြင်းကာဆိပ်ကျေးရွာမှ စတင်၍ မြောင်းမြမြို့အ၀င် အဝေးပြေးကွင်းအထိ လမ်းတစ်လျှောက် ကျေးရွာများမှ သောင်းသောင်းဖျဖျ ကခုန်ကြိုဆိုကြသည်။ လူများပြားသည့်နေရာများတွင် ဒေါ်အောင်ဆန်းစုကြည်က ကားအမိုးပေါက်မှ မတ်တပ်ရပ်ကာ လူထုအား နှုတ်ဆက်မြဲဖြစ်သည်။
““မနက် ကိုးနာရီကတည်းက ရောက်နေတာ။ အခုအချိန်ထိ (နေ့လည် ၂နာရီ) နေ့လည်စာမစားရသေးဘူး။ ဗိုက်လည်းမဆာပါဘူး။ အရမ်းတွေ့ချင်နေတယ်”” ဟု ကျုံတွတ်ကျေးရွာမှ အသက် ၂၀ ခန့်အမျိုးသမီးငယ်တစ်ဦးက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည် မြောင်းမြမြို့သို့ စ၀င်လာသည့် နေ့လည် သုံးနာရီကျော် အချိန်တွင်တော့ သူမ၏ယာဉ်တန်းကြီးမှာ ကားအစီးပေါင်း ခြောက်ဆယ်ကျော်နေခဲ့ပြီဖြစ် ကာ ဘေးမှဝန်းရံလိုက်ပါလာသည့် ဆိုင်ကယ်များမှာလည်း အစီးပေါင်း ငါးရာကျော်ရှိမည်ဟု ခန့်မှန်းရသည်။
““အနီးဆုံး ငါးမိုင်လောက်အကွာက ရွာတွေက လမ်းလျှောက်ပြီးလာကြတယ်။ ထမင်းလည်းမစားကြရသေးဘူး”” ဟု မွန်းတည့် ၁၂ နာရီကတည်းက ရောက်ရှိနေသည့် အသက်လေးဆယ်ဝန်းကျင် မြောင်းမြမြို့ခံအမျိုးသမီး တစ်ဦးက ပြောသည်။
နေအပူရှိန်ပြင်းထန်ပြီး ဖုန်တစ်လုံးလုံးထနေသည့် မြောင်းမြမြို့၊ မီတာလေးရာ အဝေးပြေးကွင်းအတွင်း လူဦးရေ ခုနှစ်သောင်းခန့် ရောက်ရှိနေရာယူထားကြသည်။
““ကျွန်မ အခုမြောင်းမြမြို့နယ်ကို ၀င်လာတဲ့အခါမှာ လာတဲ့လမ်းမှာ ပြည်သူတွေ ဘယ်လောက်ဆင်းရဲတယ်ဆိုတာ မြင်ခဲ့ရပါတယ်။ အထူးသဖြင့် တောင်သူလယ်သမားတွေ ဘယ်လောက်ဆင်းရဲတယ်ဆိုတာ မြင်ခဲ့ရပါတယ်။ အဲဒီတော့ ဒီလိုဆင်းရဲမှုတွေက လွတ်မြောက်ဖို့အတွက် အားလုံးဝိုင်းပြီး ရုန်းရမယ်”” ဟု ဒေါ်အောင်ဆန်းစုကြည်က ဖြူဖွေးနေသော ဖုန်လိပ်များကြားမှ ဒေါင်းအလံငယ်များ ဝှေ့ယမ်းအားပေးနေကြသည့် မြောင်းမြလူထုကို စင်မြင့်ထက်မှ ပြောကြားလိုက်သည်။
ဧရာဝတီတိုင်းမှ သူမအား လာရောက်ကြိုဆိုသော လူထုကလည်း ဆင်းရဲတွင်းမှ လွတ်မြောက်ရန် နှင့် ဒီမိုကရေစီရရှိရန် ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်အားကိုးကြသလို ဒေါ်အောင်ဆန်းစုကြည်ကလည်း သူမ၏ ရှေ့ဆက်လုပ်ငန်းများတွင် ပြည်သူ့အားကို အဓိကထား၍ လုပ်ဆောင်သွားမည်ဟု ပုသိမ်နှင့် မြောင်းမြ နှစ်နေရာစလုံးတွင် ပြောကြားခဲ့သည်။
ထို့ကြောင့် ဧရာဝတီတိုင်း စည်းရုံးရေးခရီးစဉ်တွင် ပြည်သူလူထု၏ ပဲ့တင်သံနှင့် ဒေါင်းအလံများ ထပ်တူကျခဲ့ကြသည်ဟု ဆိုရမည်ဖြစ်ပါသည်။
by အဘ ဥက္ကာကိုကို on Wednesday, 8 February 2012 at 16:49 ·
““မနက်လေးနာရီကတည်းက ရွာကနေ လမ်းလျှောက်လာတယ်။ တချို့က ဧရာဝတီတိုင်းအ၀င်က သွားစောင့်ကြတယ်၊ ကျွန်တော်တို့ကတော့ ပန်းတနော်ကပဲစောင့်နေတယ်””ဟ
နံနက် ခြောက်နာရီခန့်တွင် ပန်းတနော်မြို့အ၀င်၌ ဒေါင်းအလံများ၊ ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံမ
သို့သော် ဒေါ်အောင်ဆန်းစုကြည်မှာ လမ်းတစ်လျှောက် ရပ်နားခြင်းမရှိဘဲ ကြိုဆိုနေသူများအား လက်ကိုင်စကားပြောခွက်ဖြင့်သ
ထို စောင့်ဆိုင်းနေသူများထဲမှာ အသက်နှစ်ဆယ်အရွယ် BE(Cevil) ဒုတိယနှစ်ကျောင်းသူ မမေလွင်ဦးက ““အမေစုကို သမီးတို့ရဲ့ ဆန္ဒကိုပြောချင်လို့ လာစောင့်နေတာ။ ကျောင်းမှာ လက်တွေ့လုပ်ငန်းတွေမရှိဘူး။
ပုသိမ်ဝိဇ္ဇာ-သိပ္ပံတက္ကသိုလ်ေ
ကျောင်းသား၂၀၀ခန့်မှာ ဒေါ်အောင်ဆန်းစုကြည်စကားပြော
““အမေစုကအမှန်တရားကိုမြတ်နိ
ပုသိမ်မြို့အနှံ့အပြားတွင် ထိုနေ့နံနက်တွင် ထမနဲထိုးခြင်း၊ မုန့်ဟင်းခါးကျွေးခြင်း၊ စတုဒိသာတိုက်ကျွေးခြင်းတို့
ဒေသခံအာဏာပိုင်များက အိမ်ယာမြေများအား အိမ်ဂရံထုတ်ပေးရန် ထိုနေ့တွင် ရုံးသို့ လာရောက်ကြရမည်ဟု ထုတ်ပြန်ထားခဲ့ကြောင်း သိရသည်။
သို့သော် ဧရာဝတီတိုင်းဒေသကြိးအတွင်းရ
““ကျွန်တော်ဖျားနေတာ ၁၅ ရက်လောက်ရှိပြီ။ ဆေးထိုးနေရတယ်။ အခုတောင် တွေ့ချင်လွန်းလို့ ကုန်းရုန်းထလာတာ””ဟု ဘောလုံးကွင်း ဂိုးတိုင်အောက်တွင် ထိုင်စောင့်နေသော မွတ်ဆလင်အမျိုးသားတစ်ဦးက ပြောသည်။
နေပူကျဲတဲအောက်တွင် ခွပ်ဒေါင်းတံဆိပ်အလံငယ်များ
ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၂ ခုနှစ်က နောက်ဆုံးအကြိမ်အဖြစ် ပုသိမ်မြို့သို့ လာရောက်ခဲ့ပြီး ယခုခရီးစဉ်တွင်လည်း မန္တလေးမြို့ကဲ့သို့ ခရီးစဉ်ရွှေ့ဆိုင်းရမည်ကို ဒေသခံများက စိုးရိမ်ပူပန်နေခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်မှာ သူမအား လူဦးရေတစ်သိန်းနီးပါး ကြိုဆိုနေကြသော လူထုကြီးရှိရာ ကိုးသိန်းအားကစားကွင်းအတွင်
““ကျွန်မတို့ကို လှိုက်လှိုက်လှဲလှဲ ပြုံးပြုံးရွှင်ရွှင်၊ တက်တက်ကြွကြွနဲ့ ကြိုဆိုတဲ့ ပြည်သူတွေကို အင်မတန်မှ ကျေးဇူးတင်ပါတယ်။ ဒီလို ပြည်သူတွေနဲ့ဆို သာယာတဲ့ပြည်ထောင်စုကြီးကို ကျွန်မတို့ တကယ်ပဲ ဆောက်တည်နိုင်မယ်လို့ ယုံကြည်ပါတယ်”” ဟု အစိမ်းနုရောင် ရင်ဖုံးနှင့် ချိတ်ထမီဝတ်ဆင်ကာ အစိမ်းနုရောင်ပုသိမ်ထီးကလေး
ထို့အပြင် ပုသိမ်မြို့သို့ လာရောက်ရခြင်းမှာ ပါတီကိုပြန်လည်တည်ဆောက်နေသေ
မိနစ် ၂၀ ခန့် စကားပြောပြီးနောက် ပုသိမ်ဟိုတယ်သို့ နေ့လည်စာစားသောက်ရန် ထွက်ခွာသွားခဲ့သည်။
ပုသိမ်မြို့အ၀င်မှစ၍ ယာဉ်ထိန်းရဲများက လမ်းရှင်းကူညီပေးမှုများကို တောက်လျှောက်တွေ့နေရပြီး ထိုနေ့တွင် ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်ကလည်း ၎င်းယခင်ရုံးတက်ရုံးဆင်းပြုလုပ
““ဗိုလ်ချုပ်သွေးဆိုလို့ ဒီတစ်ယောက်ပဲကျန်တော့တာ။ ငတ်မွတ်ခေါင်းပါးဘေးမှ လွတ်မြောက်အောင်လည်း သူပဲ လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်””ဟု သာပေါင်းမြို့နယ်မှ တောင်သူ ကိုမျိုးအောင်ကဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲတွင် သူမ၏ပါတီ အန်အယ်လ်ဒီအား မဲထည့်ရန်နှင့် ကြားဖြတ်ရွေးကောက်ပွဲအား မျှမျှတတဖြစ်စေရေး စောင့်ကြည့်ပေးကြရန် ပြည်သူများအား တိုက်တွန်းခဲ့သည်။
““ကျွန်မတို့ နိုင်ငံမှာ ရွေးကောက်ပွဲဆိုတာ ခဏခဏဖြစ်တာမဟုတ်ပါဘူး။ တစ်ခါတလေမှ ဖြစ်တာပါ။ ဒီလို တစ်ခါတလေမှ ဖြစ်တဲ့အဆင့်ကနေ ပုံမှန်ဖြစ်တဲ့အဆင့်သာမက ပုံမှန်လွတ်လွတ်လပ်လပ်မျှမှ
အနှစ်နှစ်ဆယ်ကျော်ကြာ ပြန်လည်တွေ့မြင်ရသော ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ ပုသိမ်ဒေသခံ ကိုဖုန်းမြင့်က ““ ၀မ်းသာတယ်။ ဒါပေမယ့် ၀မ်းနည်းတယ်။ အမေစု အသက်ရသွားပြီ။ ဒါကို ၀မ်းနည်းမိတာပါ””ဟု ၀မ်းနည်းသည့် လေသံဖြင့် ပြောလာသည်။
ထို့နောက် ပုသိမ်မြို့မှ နေ့လည်တစ်နာရီခန့်တွင် ကားအစီးပေါင်း ၂၀ ကျော်ပါဝင်သည့် ယာဉ်တန်းဖြင့် ထွက်ခွာလာသော ဒေါ်အောင်ဆန်းစုကြည်အား ကန်ကြီးထောင့်မြို့နယ် မြင်းကာဆိပ်ကျေးရွာမှ စတင်၍ မြောင်းမြမြို့အ၀င် အဝေးပြေးကွင်းအထိ လမ်းတစ်လျှောက် ကျေးရွာများမှ သောင်းသောင်းဖျဖျ ကခုန်ကြိုဆိုကြသည်။ လူများပြားသည့်နေရာများတွင်
““မနက် ကိုးနာရီကတည်းက ရောက်နေတာ။ အခုအချိန်ထိ (နေ့လည် ၂နာရီ) နေ့လည်စာမစားရသေးဘူး။ ဗိုက်လည်းမဆာပါဘူး။ အရမ်းတွေ့ချင်နေတယ်”” ဟု ကျုံတွတ်ကျေးရွာမှ အသက် ၂၀ ခန့်အမျိုးသမီးငယ်တစ်ဦးက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည် မြောင်းမြမြို့သို့ စ၀င်လာသည့် နေ့လည် သုံးနာရီကျော် အချိန်တွင်တော့ သူမ၏ယာဉ်တန်းကြီးမှာ ကားအစီးပေါင်း ခြောက်ဆယ်ကျော်နေခဲ့ပြီဖြစ်
““အနီးဆုံး ငါးမိုင်လောက်အကွာက ရွာတွေက လမ်းလျှောက်ပြီးလာကြတယ်။ ထမင်းလည်းမစားကြရသေးဘူး”” ဟု မွန်းတည့် ၁၂ နာရီကတည်းက ရောက်ရှိနေသည့် အသက်လေးဆယ်ဝန်းကျင် မြောင်းမြမြို့ခံအမျိုးသမီး
နေအပူရှိန်ပြင်းထန်ပြီး ဖုန်တစ်လုံးလုံးထနေသည့် မြောင်းမြမြို့၊ မီတာလေးရာ အဝေးပြေးကွင်းအတွင်း လူဦးရေ ခုနှစ်သောင်းခန့် ရောက်ရှိနေရာယူထားကြသည်။
““ကျွန်မ အခုမြောင်းမြမြို့နယ်ကို ၀င်လာတဲ့အခါမှာ လာတဲ့လမ်းမှာ ပြည်သူတွေ ဘယ်လောက်ဆင်းရဲတယ်ဆိုတာ မြင်ခဲ့ရပါတယ်။ အထူးသဖြင့် တောင်သူလယ်သမားတွေ ဘယ်လောက်ဆင်းရဲတယ်ဆိုတာ မြင်ခဲ့ရပါတယ်။ အဲဒီတော့ ဒီလိုဆင်းရဲမှုတွေက လွတ်မြောက်ဖို့အတွက် အားလုံးဝိုင်းပြီး ရုန်းရမယ်”” ဟု ဒေါ်အောင်ဆန်းစုကြည်က ဖြူဖွေးနေသော ဖုန်လိပ်များကြားမှ ဒေါင်းအလံငယ်များ ဝှေ့ယမ်းအားပေးနေကြသည့် မြောင်းမြလူထုကို စင်မြင့်ထက်မှ ပြောကြားလိုက်သည်။
ဧရာဝတီတိုင်းမှ သူမအား လာရောက်ကြိုဆိုသော လူထုကလည်း ဆင်းရဲတွင်းမှ လွတ်မြောက်ရန် နှင့် ဒီမိုကရေစီရရှိရန် ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်အားကိုးကြသလို ဒေါ်အောင်ဆန်းစုကြည်ကလည်း သူမ၏ ရှေ့ဆက်လုပ်ငန်းများတွင် ပြည်သူ့အားကို အဓိကထား၍ လုပ်ဆောင်သွားမည်ဟု ပုသိမ်နှင့် မြောင်းမြ နှစ်နေရာစလုံးတွင် ပြောကြားခဲ့သည်။
ထို့ကြောင့် ဧရာဝတီတိုင်း စည်းရုံးရေးခရီးစဉ်တွင် ပြည်သူလူထု၏ ပဲ့တင်သံနှင့် ဒေါင်းအလံများ ထပ်တူကျခဲ့ကြသည်ဟု ဆိုရမည်ဖြစ်ပါသည်။
ဒေါ်စုရဲ့နယ်လှည့်စည်းရုံးရေးခရီးစဉ် တွေအောင်မြင်တယ်လို့ ဆိုလို့ ရပါ တယ်
ဒေါ်စုရဲ့နယ်လှည့်စည်းရုံးရေးခရီးစဉ်
တွေအောင်မြင်တယ်လို့ ဆိုလို့ ရပါ
တယ်။ဒီလိုပုံစံမျိုးနဲ့ ကြားဖြတ်ရွေး
ကောက်ပွဲမှာNLDရှုံးခဲ့မယ်ဆိုရင်
လူရယ်စရာဖြစ်မယ့်အပြင် တရား
... မျှတအောင်ဆောင်ရွက်နေပါတယ်
ဆိုတဲ့ရွေးကောက်ပွဲကော်မရှင်တော့ 
စောက်တလွဲဖြစ်ပြီပေါ့။တဖက်မှာ
လည်းဒေါ်စုကိုပုဂ္ဂိုလ်ရေးအရတိုက်
ခိုက်မှုစာအုပ်ထုတ်ပြီးတိုက်ခိုက်လာ
တာတို့  မကြားတကြား မနာလိုလို့ 
တိုက်ခိုက်လာတာမျိုးပုံစံ အမျိုးမျိုး
ရှိလာပါပြီ။ဒါပေမယ့်သူမအတွက်
ရန်သူမရှိဖို့ လိုပါတယိ။အကယ်၍
ရှိလာတယ်ဆိုရင်အနီးကပ်ရန်သူ
တွေမို့ အလွန်အန္တရာယ်ကြီးပါတယ်
။ကျနော်တို့ ငယ်ငယ်တုန်းကရပ်
ကွက်တခုကိုဖျက်ခြင်ရင်မီးရှို့ ပါ
တယ်။မီးကွင်းပစ်တယ်ပေါ့ လူတွေ
ကမီးမီးဆိုတော့လောင်တဲ့နေရာကို
စုပြီးပြေးကြ မီးညှိမ်းကြတယ်။မီး
လောင်တဲ့နေရာမှာလူတွေစုနေတုန်း
ရန်သူကနောက်တနေရာကိုမီးကွင်း
ပစ်တယ် လူအားနည်း လူစုကွဲနေ
တော့လောင်တာပေါ့ ပြာကျသွား
တယ်။မီးသတ်လည်းရောက်မလာပါ
ဘူး။သူတို့ ရောက်လာတော့အိမ်
တွေမရှိတော့ပါဘူး။ရန်သူက မျက်
လှည့်ပြ အရောင်ပြဗျူဟာကိုအသုံး
ပြုသွားသလို ဒေါ်စုကိုအဲ့ဒီပုံစံမဖြစ်
အောင်သတိထားရမယ်လို့ အကြံ
ပြုခြင်ပါတယ်။
ယခုအချိန်မှာဒေါ်စုရဲ့စည်းရုံးရေးခရီး
စဉ်တွေလုံခြုံရေးအရအလွန်အန္တ
ရာယ်ကြီးပါတယ်။ကိုမင်းကိုနိုင်ေ ပြာ
သလိုဒေါ်စုကိုကြိုက်တဲ့လူရှိသလို ၊
မကြိုက်တဲ့လူလည်းရှိတယ်ဒါသဘာ
... ဝကျပါတယ်တဲ့။မှန်ပါတယ်အခြား
တဖက်ကလူကဒေါ်စုကိုရန်သူလို့ 
သဘောထား၊မထားဆိုတာကျနော်
တို့ မသိနိုင်ပါဘူး။ရန်သူလို့ သဘော
ထားတဲ့လူရှိနိုင်ပါတယ်။ဒါကြောင့် 
တော်တော်သတိကြီးကြီးထားဖို့ လို
ပါတယ်။အခုအချိန်မှာသူမကိုလုပ်
ကြံချင်တယ်ဆိုရင်၂၀၀၃ဒီပဲယင်း
တုန်းကလိုလူအုပ်ကြီးနဲ့ လုပ်ကြံတဲ့
လမ်းမျိုးကိုရန်သူကရွေးမှာမဟုတ် ပါ
ဘူး။ဥပမာ~ပါကစ္စတန်အတိုက်အခံ
ခေါင်းဆောင် ဘနာဇီယာဘူတို၊အမေရိကန်သမ္မတဂျွန် ကနေဒီတို့ 
ကိုလုပ်သလိုမျိုးလုပ်နိုင်သလို၊ ပြည်
သူယောင်ဆောင်အနီးကပ်နှုတ်
ဆက်သလိုမျိုးလည်းလုပ်နိုင်ပါတယ်
။ဒါမျိုးတွေကိုအင်မတန်အလေးအ
နက်ထားဂရုစိုက်ဖို့ လိုပါတယ်။
နောက်အစားအသောက်နဲ့ လည်း
လုပ်နိုင်ပါတယ်လို့ အထူးသတိပေး
ချင်ပါတယ်။(ဖြန့် ဝေပေးပါ)
Subscribe to:
Comments (Atom)












