ဒီမိုကရေစီအရေး စုစည်းရာမျိုးချစ်ညီအကိုများသို့ကြိုဆိုပါ၏.......

Thursday, 9 February 2012

ဒေါ်စုရဲ့နယ်လှည့်စည်းရုံးရေးခရီးစဉ် တွေအောင်မြင်တယ်လို့ ဆိုလို့ ရပါ တယ်

ဒေါ်စုရဲ့နယ်လှည့်စည်းရုံးရေးခရီးစဉ်
တွေအောင်မြင်တယ်လို့ ဆိုလို့ ရပါ
တယ်။ဒီလိုပုံစံမျိုးနဲ့ ကြားဖြတ်ရွေး
ကောက်ပွဲမှာNLDရှုံးခဲ့မယ်ဆိုရင်
လူရယ်စရာဖြစ်မယ့်အပြင် တရား
... မျှတအောင်ဆောင်ရွက်နေပါတယ်
ဆိုတဲ့ရွေးကောက်ပွဲကော်မရှင်တော
စောက်တလွဲဖြစ်ပြီပေါ့။တဖက်မှာ
လည်းဒေါ်စုကိုပုဂ္ဂိုလ်ရေးအရတိုက်
ခိုက်မှုစာအုပ်ထုတ်ပြီးတိုက်ခိုက်လာ
တာတို့  မကြားတကြား မနာလိုလို့ 
တိုက်ခိုက်လာတာမျိုးပုံစံ အမျိုးမျိုး
ရှိလာပါပြီ။ဒါပေမယ့်သူမအတွက်
ရန်သူမရှိဖို့ လိုပါတယိ။အကယ်၍
ရှိလာတယ်ဆိုရင်အနီးကပ်ရန်သူ
တွေမို့ အလွန်အန္တရာယ်ကြီးပါတယ်
။ကျနော်တို့ ငယ်ငယ်တုန်းကရပ်
ကွက်တခုကိုဖျက်ခြင်ရင်မီးရှို့ ပါ
တယ်။မီးကွင်းပစ်တယ်ပေါ့ လူတွေ
ကမီးမီးဆိုတော့လောင်တဲ့နေရာကို
စုပြီးပြေးကြ မီးညှိမ်းကြတယ်။မီး
လောင်တဲ့နေရာမှာလူတွေစုနေတုန်း
ရန်သူကနောက်တနေရာကိုမီးကွင်း
ပစ်တယ် လူအားနည်း လူစုကွဲနေ
တော့လောင်တာပေါ့ ပြာကျသွား
တယ်။မီးသတ်လည်းရောက်မလာပါ
ဘူး။သူတို့ ရောက်လာတော့အိမ်
တွေမရှိတော့ပါဘူး။ရန်သူက မျက်
လှည့်ပြ အရောင်ပြဗျူဟာကိုအသုံး
ပြုသွားသလို ဒေါ်စုကိုအဲ့ဒီပုံစံမဖြစ်
အောင်သတိထားရမယ်လို့ အကြံ
ပြုခြင်ပါတယ်။
ယခုအချိန်မှာဒေါ်စုရဲ့စည်းရုံးရေးခရီး
စဉ်တွေလုံခြုံရေးအရအလွန်အန္တ
ရာယ်ကြီးပါတယ်။ကိုမင်းကိုနိုင်ပြော
သလိုဒေါ်စုကိုကြိုက်တဲ့လူရှိသလို
မကြိုက်တဲ့လူလည်းရှိတယ်ဒါသဘာ
... ဝကျပါတယ်တဲ့။မှန်ပါတယ်အခြား
တဖက်ကလူကဒေါ်စုကိုရန်သူလို့ 
သဘောထား၊မထားဆိုတာကျနော်
တို့ မသိနိုင်ပါဘူး။ရန်သူလို့ သဘော
ထားတဲ့လူရှိနိုင်ပါတယ်။ဒါကြောင်
တော်တော်သတိကြီးကြီးထားဖို့ လို
ပါတယ်။အခုအချိန်မှာသူမကိုလုပ်
ကြံချင်တယ်ဆိုရင်၂၀၀၃ဒီပဲယင်း
တုန်းကလိုလူအုပ်ကြီးနဲ့ လုပ်ကြံတဲ့
လမ်းမျိုးကိုရန်သူကရွေးမှာမဟုတ်ပါ
ဘူး။ဥပမာ~ပါကစ္စတန်အတိုက်အခံ
ခေါင်းဆောင် ဘနာဇီယာဘူတို၊အမေရိကန်သမ္မတဂျွန်ကနေဒီတို့ 
ကိုလုပ်သလိုမျိုးလုပ်နိုင်သလို၊ပြည်
သူယောင်ဆောင်အနီးကပ်နှုတ်
ဆက်သလိုမျိုးလည်းလုပ်နိုင်ပါတယ်
။ဒါမျိုးတွေကိုအင်မတန်အလေးအ
နက်ထားဂရုစိုက်ဖို့ လိုပါတယ်။
နောက်အစားအသောက်နဲ့ လည်း
လုပ်နိုင်ပါတယ်လို့ အထူးသတိပေး
ချင်ပါတယ်။(ဖြန့် ဝေပေးပါ)

No comments:

Post a Comment