ဒီမိုကရေစီအရေး စုစည်းရာမျိုးချစ်ညီအကိုများသို့ကြိုဆိုပါ၏.......

Tuesday, 21 February 2012

"တိုင်ရီ'' အလုပ်သမားတွေကို ဆန္ဒပြ ဟုမြင်သူများကို ကိုဝင်းချိုက ခုလို့  ရှင်းပြသွားပါတယ်

ကျနော် ဒီနေ့ မနက်“တိုင်ရီ”ကိုရောက်ခဲ့ ပြီးပါပြီ။ ကိုဟံဝင်းအောင်၊ကိုလတ်(ခ)ကိုမော
င်မောင်လတ်၊ကိုထွန်းထွန်းနိုင်၊ကိုအောင်စိုးနှင့် အတူတကွ “တိုင်ရီ”အလုပ်သမားများအတွက် ခေါက်ဆွဲခြောက်ထုပ် (၁၈၀၀)နဲ့  သောက်ရေ ဘူးများကို ပြည်သူအများ လှူဒါန်းငွေကိုအသုံးပြု၍ စီစဉ် လှူဒါန်းခဲ့ ပြီးပါကြောင်း။ ... (၁)“တိုင်ရီ” အလုပ်သမားလေးတွေဟာ (အင်မတန်နိမ့် ကျတဲ့ အခွင့် အရေးလေးတွေကို) တောင်းဆိုနေချိန်မှာညှိနှိုင်းပေးနိုင်လောက်တဲ့  အနေအထားရှိသူ (မည်သူမဆို) ကို အားကိုးရှာကြပါလိမ့် မယ်။“ဥပဒေ”ရဲ့ အကာအကွယ်ကိုသာ ရရှိခဲ့ ရင်၊အုပ်ချုပ်သူ အာဏာပိုင် အဖွဲ့ အစည်းရဲ့ ကူညီမှုကိုသာ ရရှိခဲ့ ရင် ဒီကိစ္စ ဟာ လွယ်လွယ်ကူကူ ပြီးဆုံးသွားမှာပါ။ (၁)“တိုင်ရီ” ကအလုပ်သမားလေးတွေဟာ လစား မဟုတ်။ နေ့ စား မဟုတ်။တနာရီကို တစ်ရာ့ ငါးဆယ်ကျပ် ရဘို့  တောင်းဆိုနေကြတာပါ။ “နိုင်ငံရေးပယောဂ” ပါသယောင် စွပ်စွဲ သူများ(ရှိခဲ့ လျှင်) ကျနော် အပြင်းအထန် ရှုံ့ ချပါတယ်။ (၃) “တိုင်ရီ”အလုပ်သမားလေးတွေဟာ ညှိနှိုင်းဘို့  ကြိုးစားနေတာပါ။ “ဆန္ဒပြတာ”မဟုတ်ပါ။ “သပိတ်မှောက်တာ”မဟုတ်ပါ။အဲဒီအတွက် “ဆန္ဒပြတယ်၊သပိတ်မှောက်တယ်၊” ဆိုတဲ့ အသုံးအနှုံး မသုံးစွဲဘို့  မေတ္တာရပ်ခံပါတယ်။ (၄)“ ဖွဲ့ စည်းအုပ်ချုပ်ပုံ ဥပဒေ”အာဏာသက်ရောက်ပြီးချိန်မှာ အာဏာပိုင်များက “သပိတ်ကို အကြမ်းဖက် ဖြိုခွဲ နိုင်တယ်”ဆိုတဲ့ အဓိပ္မါယ် သက်ရောက်စေနိုင်တဲ့  စကားလုံးမျိုးသုံးစွဲသူ(မည်သူမဆို) ဟာ ပြုပြင် ပြောင်းလဲဘို့ ကြိုးစားနေတဲ့  နိုင်ငံတော်အစိုးရရဲ့ လုပ်ရပ်တွေကို အထင်၊အမြင်လွဲမှားစေနိုင်တဲ့ အတွက် ကန့် ကွက်မှာဖြစ်ပါတယ်။

No comments:

Post a Comment