၆၄ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုတဲ့ အနေနဲ့ သမ္မတ
ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို နိုင်ငံပိုင်
ရုပ်သံလိုင်းနဲ့ ရေဒီယိုတွေက ဒီကနေ့ ညနေ ၄ နာရီမှာ ကြေညာသွားခဲ့ပါတယ်။
လွတ်ငြိမ်းချမ်းသာခွင့်အရ သေဒဏ်ချမှတ်ခံရသူတွေကို ထောင်ဒဏ်တစ်သက်၊
ထောင်ဒဏ်တစ်သက်အထိ မဟုတ်ဘဲ နှစ် ၃ဝ အထက် ကျခံနေရတွေကို နှစ် ၃ဝ၊ နှစ် ၂ဝ
ကနေ နှစ် ၃ဝ အထိ ကျခံနေရသူတွေကို နှစ် ၂ဝ၊ နှစ် ၂ဝ အောက် ကျခံနေရသူတွေကို
ချမှတ်ထောင်ဒဏ်ရဲ့ လေးပုံတစ်ပုံ အသီးသီး လျှော့ပေါ့လိုက်ပါတယ်။
ဒါကြောင့်
သမ္မတဦးသိန်းစိန်ရဲ့ ဒီတစ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့်မှာလည်း ၈၈မျိုးဆက်
ကျောင်းသား ခေါင်းဆောင်တွေ လွတ်မြောက်လာစရာ လမ်းစမရှိဘူးလို့ နိုင်ငံရေး
အကျဉ်းသားဟောင်း ကိုကိုကြီး (စမ်းချောင်း) က ပြောပါတယ်။ ဒါပေမယ့်
နိုင်ငံရေးအကျဉ်းသား ဟင်္သာတက ကျောင်းဆရာ ဦးကြည်သန်းတော့ သူ့ဟာသူ လွတ်ရက်
စေ့နေပြီဖြစ်လို့ လွတ်လာနိုင်ကြောင်း ပြောပါတယ်။
“နိုင်ငံရေးအကျဉ်းသားတွေ
မပါဘူး။ လျှော့ပေးတဲ့သဘောပဲ ပါတယ်။ ကျနော်တို့ ၈၈ မျိုးဆက် ကျောင်းသား ထဲက
ကျန်တဲ့ ၂၇ ယောက်မှာ တစ်ယောက် လွတ်မယ်။ အဲဒီ တစ်ယောက်ကလည်း နက်ဖြန်
လွတ်ရက်စေ့တဲ့လူ။ အဲဒီလူက နက်ဖြန်မှ လွတ်မယ်။ ဟင်္သာတက ဆရာဦးကြည်သန်း။ သူက ၉
နှစ်ကျတာ၊ ၄ နှစ် နီးပါး နိုင်ထားတော့ ၅ နှစ်နိုင်တယ်။ တလောက တစ်နှစ်
လျှော့ရက် ပေးထားတော့ ၄ နှစ် ကျန်တယ်။ လေးနှစ်က နက်ဖြန်ပြည့်မှာ။
လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် လွတ်တာ မဟုတ်ဘူး။ သူ့ဘာသာသူ မနက်ဖြန်
လွတ်မယ့်ရက်စေ့လို့ လွတ်တာ”
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဦးဝင်းတင်ကတော့ ဒီလွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက်ဟာ အဓိပ္ပါယ်မရှိဘူးလို့ ဆိုပါတယ်။
“ရှစ်လေးလုံးလို
ကျောင်းသားတွေ၊ နိုင်ငံရေးပါတီက လူတွေ၊ ဥပမာ ခွန်ထွန်းဦးတို့လို
လူမျိုးတွေ၊ ကျနေတာတွေ အကုန်လုံးက နှစ်သုံးဆယ် အထက်က လူတွေ။ ဒီလူတွေ
အကုန်လုံးက အခု ဘာပဲဖြစ်မလဲဆိုရင် နှစ်သုံးဆယ်ပဲ ကျမယ်။ ကိန်းဂဏန်းကို
ကျွန်တော်က မပြောချင်ဘူး။ ကျွန်တော် ပြောချင်တာက ဒီလူတွေ နောက်တကြော့
ပြန်ပြီး လွတ်မြောက်ရေးဟာ ဘယ်လောက်များ စောင့်ရဦးမှာလဲ၊ ဘယ်လောက်များ
မျှော်ရဦးမှာလဲ၊ အလားတူပဲ သူတို့တတွေ လွတ်ဖို့ အားထုတ်နေတဲ့၊
ဒုက္ခတွေခံနေတဲ့ မိသားစုတွေအနေနဲ့ကကော ဘယ်လောက် ကြာအောင် စောင့်ရဦးမှာလဲ”
လွတ်ငြိမ်းချမ်းသာခွင့်ကို
မျှော်လင့် စောင့်စားနေကြတဲ့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေကလည်း
ဒီကြေညာချက်အရ ဆိုရင် ၈၈ မျိုးဆက် ကျောင်းသားတွေထဲက လွတ်ရက်စေ့သူ တချို့ပဲ
လွတ်လာတော့မှာ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။
အခု ကြေညာချက်မှာပါတဲ့
လျှော့ပေါ့ချက်တွေဟာ ရာဇဝတ်မှု အကျဉ်းသားတွေကို အဓိက ရည်ရွယ်တဲ့သဘော
ဖြစ်နေတာကြောင့် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ဆိုတာ ခြွင်းချက်နဲ့
လွှတ်ပေးမှပဲ ဖြစ်နိုင်တော့မယ်လို့ ပြောဆိုနေကြပါတယ်။
rfa: မှကူး၊ူတင်ဆက်ပါသည်

No comments:
Post a Comment