ငွေကြေးစီမံခန့်ခွဲရေးအပါအဝင် မြန်မာပြည်တွင်းသတင်းလုပ်ငန်းကို ဦးဆောင်တာဝန်ယူသူ ဦးမျိုးမင်းနိုင် (အမည်ခွဲများ ကိုနေထွန်း ၊ ကို နန္ဒ ၊ ကိုမျိုးကြီးနှင့် ဦးအောင်မျိုးကျော် (အမည်ခွဲများ ပွကြီး ၊ အရှည်လေးတို့နှစ်ဦးသည် မမှန်ကန်သော ငွေစာရင်းများ တင်ပြကာ ပုဂ္ဂိုလ်ရေး အကျိုးစီးပွါးအတွက် အဖွဲ့ပိုင်ငွေကြေးများကို မတရား ရယူနေကြောင်း သက်သေ အထောက်အထားများအရ သိရသည်။
ထို့ကြောင့် ၂၀၁၁ စက်တင်ဘာလက ထိုငွေကြေးအလွဲသုံးစားမှုကို အုပ်ချုပ်ရေးတာဝန်ရှိသူများက ဘုတ်အဖွဲ့သို့ တင်ပြခဲ့သည်။ ထိုအချိန်မှစ၍ ဘုတ်အဖွဲ့က ငွေကြေးအလွဲသုံးစားမှုကို တာဝန်ယူ စုံစမ်းဖ်ာထုတ်ခဲ့သည်။
စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် Price waterhouse Coopers (PwC) ကို ငှါးရမ်းခဲ့သည်။ နော်ဝေးနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် အခြေစိုက်သော PwC ရုံးခွဲများမှ စစ်ဆေးရေးမှူး ခြောက်ဦးသည် ၂၀၁၁ နိုဝင်ဘာလဆန်းမှစ၍ စုံစမ်းစစ်ဆေးခဲ့သည်။ ယခုအခါ PwC က ၎င်းတို့၏ စစ်ဆေးတွေ့ရှိချက်များကို အစီရင်ခံစာရေးသား ထုတ်ပြန်လိုက်သည်။
(က)ဒီမိုကရက်တစ်မြန်မာ့အသံ၏ ပြည်တွင်းသတင်းလုပ်ငန်းကွန်ရက်ကို (၂၀၀၆)ခုနှစ် တည်ထောင်ချိန်မှစ၍ ယခုချိန်အထိ တာဝန်ယူကြီးကြပ်နေသော အော်စလိုအခြေစိုက် တာဝန်ခံ ဦးမျိုးမင်းနိုင် (အမည်ခွဲများ ကိုနေထွန်း ၊ ကို နန္ဒ ၊ ကိုမျိုးကြီးနှင့် ပြည်တွင်းသတင်းလုပ်ငန်းအတွက် ငွေကြေးကို မဲဆောက်မှ ကြီးကြပ်သူ ဦးအောင်မျိုးကျော် (အမည်ခွဲများ ပွကြီး ၊ အရှည်လေး တို့နှစ်ဦးမှာ အလွဲသုံးစားလုပ်သူများဖြစ်ကြောင်း PwC အစီရင်ခံစာက ထောက်ပြထားသည်။
(ခ)အလွဲသုံးစားလုပ်ခဲ့သည်ဟု PwC က အတည်ပြုသော ငွေပမာဏမှာ နော်ဝေးငွေ ကရောင်း ၂ ၂၁၈ ၁၄၁ (အမေရိကန်ဒေါ်လာ ၃၆၉ ၀၇၅ ၊ မြန်မာကျပ် သန်း ၃၁၀၀) ဖြစ်သည်။ အလွဲသုံးစား ပြုခံရသော ငွေများမှာ ပြည်တွင်းနှင့် မဲဆောက်ရုံးတာဝန်ကျ သတင်းထောက်နှင့် ဝန်ထမ်းများ၏ လစာငွေများ ၊ ဖမ်းဆီးခံထားရသော ဒီမိုကရက်တစ်မြန်မာ့အသံ သတင်းထောက်များ၏ မိသားစုများအတွက် ထောက်ပံ့ငွေများ ၊ ရုံးခန်းငှါးခများနှင့် လုပ်ငန်းလည်ပတ်စရိတ်အတွက် သတ်မှတ်ပေးထားသော ငွေများဖြစ်သည်။
(ဂ)အလွဲသုံးစားလုပ်၍ စုဆောင်းရရှိသောငွေများဖြင့် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတွင် အိမ်များ ၊ တိုက်ခန်းများ ၊ မော်တော်ယာဉ်များ ၊ မြေကွက်များ ဝယ်ယူထားသည့်အပြင် လောင်းကစားနှင့် အခြား စီးပွါးရေးလုပ်ငန်းများကိုလည်း လုပ်ဆောင်နေသည်။
စုံစမ်းစစ်ဆေးမှု စတင်ကတည်းက ဖော်ပြပါ အလွဲသုံးစားလုပ်သူများသည် သူတို့အပေါ် နိုင်ငံရေးလုပ်ကြံမှုဖြစ်ကြောင်း ကောလဟာလ လွှင့်ခဲ့သည်။ “Burma VJ” မှတ်တမ်းတင် ရုပ်ရှင်ကားအမည်ကို အသုံးပြုပြီး Burma VJ Media Network ဟုခေါ်သော အဖွဲ့ကို တည်ထောင်ထားသည်။ ၎င်းတို့အား ဒီဗွီဘီပိုင် ပစ္စည်းများ အလွဲသုံးစားလုပ်ထားခြင်းအပေါ် ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းအပြည့်အစုံဖတ်လိုပါက
dvb.no
No comments:
Post a Comment