ဒီမိုကရေစီအရေး စုစည်းရာမျိုးချစ်ညီအကိုများသို့ကြိုဆိုပါ၏.......

Tuesday, 17 January 2012

လုစိတ်မရှိတဲ့ ကျောင်းအုပ်ဆရာကြီး ဦးဌေးလွင် ရဲ့ လုပ်ရပ်......

သင်္ဃန်းကျွန်း အ-မ-က(၂၀)ကျောင်းနားမှာ ဘောလုံးလာကစားတဲ့ အသက်(၁၂)အရွယ် ကလေးငယ်တစ်ဦ...းကို ကျောင်းအုပ်ဆရာကြီး ဦးဌေးလွင်က ကြိုးနဲ့ချုပ်နှောင် ရိုက်နှက် နှိပ်စက်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။
ဦးဌေးလွင်က ကျောင်းစောင့်လူတယောက်နဲ့ ရောက်လာပြီး ကလေးကို ခုံတွေသယ်ရန်ဟုဆိုကာ ညာခေါ်ပြီး ရုံးခန်းထဲတွင် လက်ပြန်ကြိုးတုတ်ပြီး ရိုက်နှက်တယ်လို့ သိရပါတယ်။ ကလေးက ကြောက်ရွံ့အော်သော်လည်း မနက် ၁၂ နာရီလောက်ထဲကနေ ညနေ ၅နာရီလောက်ထိ ကြိုးတုတ်ထားပါတယ်။ ကလေးက ရေဆာလို့ ရေတောင်းသောက်တော့ "မင်းက ရေသောက်ပြီး သေးပေါက်မယ်ကောင်" ဆိုပြီး ရေမတိုက်ပါဘူး။ သူနဲ့အတူကစားတဲ့ ကလေးတယောက်က မိဘတွေကို သွားပြောမှ မိဘတွေ ကျောင်းကို လိုက်သွားပါတယ်။ ကျောင်းေ၇ာက်တော့ ကလေးက သတိလစ်နေပါပြီ။ ဦးဌေးလွင်က အမှားကို မ၀န်ခံတဲ့အပြင် မိဘတွေကို ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲမယ်ပြောလို့ မိဘတွေ ထိုင်ကန်တော့ပြီး ကလေးကို ခေါ်လာရပါတယ်။ ကလေးကို စံပြဆေးရုံ ပို့တဲ့အခါမှာ ဆရာဝန်က နောက် ၁နာရီခန့်ဆို ကလေး အသက်သေသွားနိုင်ကြောင်းပြောပါတယ်။ အခု ကလေးက စံပြဆေးရုံမှာရှိနေပြီး တုန်လှုပ်ကြောက်ရွံ့နေပါတယ်။ မိဘတွေကတော့ ရဲစခန်းမှာ အမှုဖွင့်ဖို့ လုပ်နေပါတယ်။DVB from news

No comments:

Post a Comment