ဒီမိုကရေစီအရေး စုစည်းရာမျိုးချစ်ညီအကိုများသို့ကြိုဆိုပါ၏.......

Tuesday, 3 January 2012

မြန်မာသတင်းများ (၂) ဇန်နဝါရီလ ၃ ရက်၊ ၂၀၁၁ လွတ်မြောက်လာသော အကျဉ်းသားများတွင် နိုင်ငံရေးအကျဉ်းသားအနည်းငယ်သာပါဝင်။ အခြားပြစ်မှုများမှ အများဆုံးဖြစ်

လွတ်မြောက်လာသော အကျဉ်းသားများတွင် နိုင်ငံရေးအကျဉ်းသားအနည်းငယ်သာပါဝင်။ အခြားပြစ်မှုများမှ အများဆုံးဖြစ်
ရန်ကုန်၊ ဇန်န၀ါရီ- ၃

ယနေ့မွန်းလွဲပိုင်းအထိအင်းစိန်အကျဉ်းထောင်မှအကျဉ်းသားအကျဉ်းသူ၃၂၃ဦးလွတ်မြောက်ခဲ့ပြီးဖြစ်သည်။
အင်းစိန်အကျဉ်းထောင်မှလွတ်မြောက်လာသူများထဲတွင်နိုင်ငံရေးအကျဉ်းသား၃ဦးသာပါဝင်ကြောင်း ကနဦးသတင်းရရှိသည်။ အင်းစိန်အကျဉ်းထောင်မှ စုစုပေါင်း လွတ်မြောက်မည့် အကျဉ်းသား ၉၀၀ ကျော်ရှိကြောင်းသတင်းရရှိသည်။ဇန်န၀ါရီ ၃ ရက်နေ့ အင်းစိန်ထောင်မှ အကျဉ်းသား ၉၄၃ ဦး လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့၊ အကျဉ်းသား ၈၀၄ ဦးနှင့် အကျဉ်းသူ ၁၃၀ ဦးတို့ဖြစ်ပြီး အဆိုပါ ၉၀၀ ကျော်တွင် နိုင်ငံရေးအကျဉ်းသား ၃ ဦးသာ ပါဝင်ခဲ့သည်။ ပထမတစ်ဦးဖြစ်သူ ဦးကြည်သန်း (၈၈)ွင် အသင်းအဖွဲ့ဥပဒေဖြင့် ထောင်ဒဏ် (၉)နှစ်ကျခံခဲ့ရသူဖြစ်ပြီး ထောင်တွင်း၌ (၄)နှစ် (၄)လ နေခဲ့ရသူဖြစ်သည်။ ဒုတိယတစ်ဦးမှာ ကိုသန်းနိုင်ဦး (NLD မန္တလေးတိုင်းတာဝန်ခံ) ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်တွင် ပုံနှိပ်စက္ကူဥပဒေဖြင့် ထောင်ဒဏ် (၃)နှစ် ကျခံခဲ့ရကာ ထောင်တွင်း၌ (၁) နှစ် (၃)လ နေခဲ့ရကြောင်း၊ တတိယ တဦးမှာ ဦးစောဆေးကလဲတို့ဖြစ်ကြောင်းအင်းစိန်ထောင်ရှေ့ရောက် မြစ်မခ သတင်းထောက်မှ သတင်းပေးပို့ပါသည်။
မန္တလေး အိုးဘိုအကျဉ်းထောင်မှ အကျဉ်းသား ၃၀၀ ကျော်လွတ်မြောက်မည်ဖြစ်ပြီး နိုင်ငံခြားသား အကျဉ်းသား ၁၀ ဦးပါဝင်ကြောင်း ကနဦးသတင်းရရှိသည်။
ကနဦးရရှိသော သတင်းများအရ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်မှုမှာ အင်းစိန်အကျဉ်းထောင်မှ ၃ ယောက်၊ သရက်အကျဉ်းထောင်မှ ၁ ယောက်၊ တောင်ကြီးအကျဉ်းထောင်မှ ၂ ယောက်၊ ပုသိမ်အကျဉ်းထောင်မှ ၁ ယောက်ပါဝင်သည်။
သရက်ထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ပြုမည့်သူစုစုပေါင်း (၁၀၃)ဦး လွတ်မြောက်ခဲ့ပြီး ထိုထဲတွင် ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင် မပါဝင်ကြောင်း၊အခြား နိုင်ငံရေးအကျဉ်းသားများ မပါဝင်ကြောင်း မြစ်မခ သတင်းထောက်မှ သတင်းပေးပို့ပါသည်။
သမ္မတကြီး၏ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ပြစ်ဒဏ်လျှော့ပေါ့၍ လွတ်မြောက်လာသူများသည် ပြစ်မှုမျိုးစုံမှ အကျဉ်းသားများသာ အများဆုံးဖြစ်သည်ဟုသတင်းရရှိသည်။

မိုဘိုင်းဆင်းမ်ကတ်တစ်ကတ်ကို ကျပ်ငါးထောင်ဖြင့် ရောင်းချခွင့်ရရန် ကုမ္ပဏီတစ်ခုကြိုးပမ်း
ရန်ကုန်၊ ဇန်န၀ါရီ- ၃
မြန်မာငွေကျပ် ၅၀၀၀ တည်းနှင့် မိုဘိုင်းဖုန်း တစ်လုံးအသုံးပြုနိုင်မည့် စီမံကိန်းတစ်ခုကို ပုဂ္ဂလိကကုမ္ပဏီတစ်ခုက နိုင်ငံတော်သမ္မတရုံးသို့ တင်ပြပြီးခွင့်ပြုချက်တောင်းခံထားသည်။
အဆိုပါ ကုမ္ပဏီမှာ ရွှေပြည်တံခွန် ကုမ္ပဏီဖြစ်ပြီး အထက်ပါစီမံကိန်းကို ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလက နိုင်ငံတော်သမ္မတရုံးသို့ တင်ပြထားခဲ့ခြင်းဖြစ်သည်။ သမ္မတရုံးမှခွင့်ပြုချက်သည် ၂၀၁၂ မတ်လအတွင်း ကျလာနိုင်သည်ဟု အဆိုပါ ကုမ္ပဏီက မျှော်လင့်နေပြီး ခွင့်ပြုချက်ကျသည့်အချိန်မှ ၃ လအတွင်း ထိုစီမံကိန်းအရအများပြည်သူသို့စတင်ရောင်းချမည်ဟု ယင်းကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးလွင်နိုင်ဦးက ပြောသည်။ဂျီအက်စ်အမ်စနစ်ပေါ်တွင်အခြေခံထားသည်ဟုဆိုသော မြန်မာငွေကျပ် ၅၀၀၀ ဖြင့် ဆင်းမ်ကတ်တစ်ကတ်ကို အသုံးပြုနိုင်မည့် ယင်းမိုဘိုင်းစနစ်တွင် အထွက်ခေါ်ဆိုခတစ်မိနစ်လျှင် ၂၅ ကျပ်နှင့် နယ်ဝေးအထွက်ခေါ်ဆိုခ တစ်မိနစ်လျှင် ၃၀ ကျပ်သတ်မှတ်ထားသည်ဟုဆိုသည်။ အခြေခံလူတန်းစားများ၊ နိုင်ငံ့ဝန်ထမ်းများအတွက်ရည်ရွယ်ပြီး နိုင်ငံတကာနှုန်းထားများအတိုင်း ထုတ်လုပ်သွားမည်ဟု သိရသည်။
အထက်ပါအကြောင်းအရာကို ရွှေပြည်တံခွန်ကုမ္ပဏီက ၂၀၁၂ ဇန်န၀ါရီ ၃ ရက်တွင် နံနက် ၁၁ နာရီမှ ၁ နာရီအထိ ပြုလုပ်သော ပြည်တွင်း၊ ပြည်ပ မီဒီယာများနှင့်တွေ့ဆုံသည့် သတင်းစာရှင်းလင်းပွဲတွင် တရားဝင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
“အခုက စီမံကိန်းအစပိုင်းမို့လို့ ကျွန်တော်တို့က ဆင်းမ်ကဒ်တစ်ကတ်ရဲ့တန်ဖိုးကို ၅၀၀၀ သတ်မှတ်ထားတာပါ။ နောက်ပိုင်းဆိုရင် ဆင်းမ်ကတ်ကို အခမဲပြေးပြီးဖုန်းခေါ်ဆိုခကိုပဲ ဒီအတိုင်းယူသွားမှာပါ။ ရည်ရွယ်ချက်ကတော့ နိုင်ငံတကာအတိုင်း တယ်လီဖုန်းကို အခြေခံလူတန်းစားမှအစ အသုံးပြုနိုင်ဖို့ပါ။ ပြီးတော့ သမ္မတပြောထားသလို ဆင်းရဲမွဲတေမှု လျော့ချရေးအတွက် ဒီလိုတန်ဖိုးနည်းဖုန်းတွေကို အစိုးရရဲ့ လမ်းညွှန်ချက်အတိုင်း ထုတ်သွားမှာပါ”ဟု အထက်ပါ မန်နေးဂျင်း ဒါရိုက်တာက သတင်းစာရှင်းလင်းပွဲအပြီးတွင် ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။
အဆိုပါတယ်လီဖုန်းဝန်ဆောင်မှုကို ၅ နှစ်စီမံကိန်းဖြင့် ပြုလုပ်သွားမည်ဖြစ်ပြီး ပထမဆုံး တစ်နှစ်အတွင်းတွင် ဆင်းမ်ကတ်တစ်သန်းကို 3G စနစ်ဖြင့်စတင်ရောင်းချပေးသွားရန် စီစဉ်ထားသည်ဟု သိရသည်။ပထမဆုံးတစ်နှစ်အပြီးတွင် 3G မှ 4G သို့ တိုးမြှင့်ဝန်ဆောင်မှုပေးသွားမည်ဟုလည်းသိရသည်။
နိုင်ငံတော်သမ္မတရုံးသို့ တိုက်ရိုက်တင်ပြထားသော အဆိုပါကုမ္ပဏီ၏ စီမံကိန်းသည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ နောက်ပိုင်းတွင်အများပိုင်ကုမ္ပဏီအဖြစ်ပြောင်းလဲသွားရန်စီစဉ်ထားကြောင်းသိရသည်။ရွှေပြည်တံခွန်ကုမ္ပဏီက ယင်းစီမံကိန်းကို အများပြည်သို့ စတင်ရောင်းချရန် မျှော်လင့်ထားသည့်အချိန်သည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် အခြားပုဂ္ဂလိကကုမ္ပဏီအချို့ ပူးပေါင်းဆောင်ရွက်ထားသည့် ကျပ်သုံးသိန်းဝန်းကျင်ဂျီအက်စ်အမ်ဖုန်းများ စတင်ရောင်းချမည့် အချိန်ဖြစ်နေသည်။
ထိုတိုက်ဆိုင်မှုနှင့်ပတ်သက်ပြီး အထက်ပါပုဂ္ဂလိကကုမ္ပဏီမှ တာဝန်ရှိသူက “အစိုးရရဲ့ ကျပ်သုံးသိန်းစီမံကိန်းနဲ့ ပတ်သက်လို့ မစိုးရိမ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့က အစိုးရ၀န်ထမ်းတွေ အခြေခံလူတန်းစားတွေနဲ့ နယ်စပ်ဒေသက လူတွေအတွက် အဓိကထားပြီး ရောင်းချပေးမှာဖြစ်လို့ပါပဲ။ ကျွန်တော်တို့ရဲ့စီမံကိန်းကလည်း နိုင်ငံတော်သမ္မတရဲ့ လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်ထားတာဖြစ်လို့ ခွင့်ပြုမိန့်ကလည်း မတ်လအတွင်း ကျလာဖို့များပါတယ်”ဟုပြောသည်။မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ကျပ်သုံးသိန်းတန် ဂျီအက်စ်အမ်ဖုန်း စီမံကိန်းသည် ပုဂ္ဂလိက ကုမ္ပဏီများဖြစ်သော
ထူးကုမ္ပဏီပိုင် ELite,AsiaMegaLink,Fortune,MDSကုမ္ပဏီတို့အပါအ၀င်ပုဂ္ဂလိကကုမ္ပဏီ၂၀က
အကျိုးတူပူးပေါင်းဆောင်ရွက်ထားခြင်းဖြစ်သည်။

No comments:

Post a Comment