
ABSDF (all burma student s democratic front )
မြောက်ပိုင်းမှာဖြစ်ပျက်ခဲ့တဲ့ လူရမ်းကားတစ်စုရဲ့ ဂိုဏ်းဂဏဆန်ဆန် ဗိုလ်ကျသတ်ဖြတ်မှု
နဲ့ပတ်သက်လို့
ဒါမကဒတကိုသက်သက်စော်ကားနေတာလို့ခံစားမိသူတွေရှိနိုင်ပါတယ်၊ ဒီနေရာမှာ
ကိုယ်ချင်းစာတတ်ပါမှအမြင်မှန်ကိုတွေ့နိုင်ပါတယ်၊ငါသာဒီလိုမျိုးအလုပ်ခံခဲ့ရရင်ဆိုတဲ့အတွေး
လေးကိုတကယ်တွေးကြည့်ကြပါ၊ သိပ်ကိုရင်နာဖို့ကောင်းတယ်ဆိုတာကိုလူတိုင်းကိုယ်ချင်း
စာမိပါလိမ့်မယ်၊ မကဒတကိုသက်သက်သိက္ခာချနေပါတယ်လို့ထင်နေတဲ့သူတွေ အပြန်ပြန်
အလှန်လှန်စဉ်းစားကြစေချင်ပါတယ်၊ဒီကိစ္စတွေကိုလူမသိစေချင်လို့ဖုံးတာကသိက္ခာကြတာ
လား၊တရားဥပဒေအတိုင်းဖြစ်စေသူတွေလုပ်ရပ်ကသိက္ခာကြစေသလား၊
တကယ်ခံခဲ့ရတဲ့ကံယကံရှင်တွေဟာ အံသြစရာကောင်းအောင် ဒီနေ့အထိမျိုသိပ်နေခဲ့တယ်။
သူတို့မှာလည်းစိုးရိမ်စိတ်တွေရှိနေကြပြီ၊ငါတို့တစ်တွေအသက်တွေကြီးကြပြီ၊ကြရင်ဒီသမိုင်း
ဟာအမှန်မပေါ်ပဲပျောက်ကွယ်သွားတော့မယ်၊ငါ့တို့အသက်ရှင်နေခိုက်မတရားပြုကျင့်ခံခဲ့ရယုံ
မျှမက သမိုင်းကွေးနေအောင်စပိုင်အဖြစ်သေခဲ့ရတဲ့အဖြစ်ဆိုးမျိုးကို ဘယ်သူကလိုချင်မလဲ၊
ကိုယ်ချင်းစာတတ်သူတိုင်းသူတို့ကိုနားလည်ပေးရမယ်၊ ၀ိုင်းလည်းဝိုင်းရံပေးကြရယ်၊
အဖြစ်မှန်၊သမိုင်းအမှန်အတွက်ငါတို့သတ္တိရှိကြရမယ်၊ပုဂ္ဂိုလ်ရေးခင်မင်မှုကိုဘေးချိတ်ပြီး
တကယ်နစ်နာသူတွေအတွက်ငါတို့အားလုံးအမှန်တရားဖက်က ရပ်တည်ပေးကြရမှာပဲ၊
ဒါမှမကဒတဟာ သူ့သမိုင်းကိုလာဖျက်တဲ့သူတွေကို လုံးဝလက်မခံဘူးဆိုတာဖြစ်လာမယ်၊
ရေငုံနှုတ်ပိတ်နေရင် စစ်အစိုးလုပ်ရပ်မျိုးနဲ့သွားတူနေမှာပေါ့၊
ဖြစ်လာခဲ့ပြီမို့သတ္တိရှိရှိရင်ဆိုင် ဖြေရှင်းကြရမှာပဲ၊
ဖုံးထားလို့ရတဲ့ကိစ္စမဟုတ်သလို ပြစ်ပယ်ထားလို့လည်းသင့်တဲ့ကိစ္စမဟုတ်
ဘူး၊မကဒတမူဝါဒထဲမှာလည်း။ ဒီလိုလက်လွတ်စပယ်မင်းမဲ့စရိုက်ကိုလက်မခံဘူးဆိုတာပြဒါန်း
ထားတာငါတို့အားလုံးအသိပဲ၊
ပထ၀ီအနေအထားအရဖြစ်စေ၊ မဟာမိတ်ဆက်ဆံရေး
အခက်အခဲကြောင့်ဖြစ်စေ(ဒါမှမဟုတ်)အုပ်စုအစွဲကြောင့်ဖြစ်စေ၊လက်တွေ့အနေအထားမှာ
ကျူးလွန်ခဲ့သူတွေကို မကဒတ အနေနဲ့ဒီနေ့အထိအရေးမယူနိုင်ခဲ့တာလို့ပဲ နားလည်ထားခဲ့
ကြသူတွေများပါတယ်၊ တကယ်ဆိုရင် အမှန်တရားကိုလိုလားသူတွေ ဒီမိုကရေစီကိုချစ်မြတ်နိုး
သူတွေ ကျောင်းသားတော်လှန်ရေးကိုအသက်နဲ့ထပ်တူချစ်မြတ်နိုးသူတွေအားလုံးရင်ထဲမှာ
လည်း ဒီလိုပဲရှိကြမှာပဲ၊
ငါတို့အားလုံးတောင်းဆိုနေကြတဲ့ဒီမိုကရေစီစံနှုန်းနဲ့ပဲဆိုဆို၊
လူ့အခွင့်အရေးစံနှုန်းနဲ့ပဲဆိုဆို တကယ်ဆိုရင်ဒါတွေဟာလုံးဝမတရားသလို
လုံးဝကိုလက်ခံအားပေးရမဲ့ကိစ္စမဟုတ်ဘူး၊ အွန်လိုင်းမှာ
အသံတွေမျိုးစုံကြားရပေမဲ့ ဒီလိုအသံမျိုးတွေကိုကျနော်ပိုကြိုက်တယ်၊
====
ငါတို့ဟာ ကျောင်းသားအစစ်တွေဖြစ်တယ် ကွ။ ငါတို့ဟာ ကျောင်းသားအစစ်တွေ
ဖြစ်တယ်ကွ။ သူများကို လူမဆန်စွာ မသတ်ရဲပေမဲ့ တော်လှန်ရေးမှာ ဘယ်လို
ပုန်သဏ္ဍန် နဲ့ သေရသေရ သေရဲတယ်မှတ်ပါ။ သေရဲလို့ တော်လှန်ရေးလုပ်နေတာ။
ငါ့နာမည် သံဒုတ်ဖြစ်တယ်။ ငါမှာ အုပ်စုမရှိဘူး ဂိုဏ်မရှိဘူး၊ ငါတို့
ရန်သူနဲ့ စေ့စပ်တဲ့ သမိုင်းမရှိဘူးကွ။ မြောက်ပိုင်းမှာ လူမဆန်စွာ
အသတ်ခံခဲ့ရတဲ့ ရဲဘော်တွေကို သံဒုတ် အလေးပြုတယ်။ ငါဟာကျောင်းသား
အစစ်ဖြစ်တယ်။=====
အချို့အသံတွေကမှုံဝါးဝါးနိုင်လွန်းတယ်၊ ငါတို့အားလုံးချစ်ကြတဲ့မကဒတသိက္ခာကိုထိခိုက်
နိုင်တယ်ဆိုပြီး ခံရသူတွေကိုမလုပ်ပါနဲ့တော့မပြောရုံတမယ်ရေးသူတွေရှိလာတာအံကြ
စရာပါပဲ၊ တကယ်ဆိုရင်လူသတ်ကောင်တွေပဲဆိုဆို မကဒတအလံတော်ကိုညှစ်နွမ်းအောင်
လုပ်သူပဲဆိုဆို ထိုသူတွေကိုပြစ်တင်ရမဲ့အစား သူငယ်ချင်းပြောနေကြ လူရာသွင်းပေးနေကြ
မြှောက်ပင့်ပြောနေကြသူတွေကိုလည်းတွေ့နေရပါတယ်၊ ဒါဟာကိုယ်ချင်းစာရာမရောက်သလို
ဒီမိုကရေစီစံနှုန်းနှင့်လူ့အခွင့်အရေးစံနှုန်းတွေကို ပျက်ရယ်ပြုရာလည်းရောက်ပါတယ်၊
တစ်ချို့လူတွေဆိုရင်ရော်နယ်လ်အောင်နိုင်ကိုဥက္ကဌလေးဆိုပြီး တလေးတစားခေါ်ပြောနေတာ ကိုတွေ့ရလို့အံ့ကြစရာတောင်ကောင်းတယ်၊
တကယ်ခံရသူတွေအတွက်နှလုံးကြေကွဲခံခဲ့ရပေမဲ့
လုပ်ခဲ့တဲ့သူတွေဟာဘာမှ မဖြစ်သလို ကနေ့အထိလူရာသွင်းနေတဲ့သူတွေရှိနေတာက
အလွန်အရုပ်ဆိုး အကျည်းတန်လှပါတယ်၊
တစ်ချို့ကမိုးကြိုးပစ်တာကိုထန်းလက်နဲ့ကာသလိုမျိုး မဆီမဆိုင်တဲ့အကြောင်းပြချက်တွေနဲ့
ဆိုလာကြတာကိုလည်းတွေ့နေရပါတယ်၊ ခုအချိန်မှာထပြီးလာလုပ်တာလည်း ညာလည်းပေါ့
ခံခဲ့သူတွေလည်းခံခဲ့ရ၊အသက်ဆုံးရှုးသူတွေလည်းဆုံးရှုံးခဲ့ရပြီ၊သမိုင်းလည်းအဖျက်ခံခဲ့ပြီးပြီ
သူတို့အောင့်အီးပြီး ဒီလောက်အထိနေနိုင်တာ မအံ့သြပဲ ငါသာဒီလိုခံခဲ့ရရင်လို့ကိုယ်ချင်းမစာ
ခုအချိန်မှာထပြီးဘာလာလုပ်တာလည်းပြောသူတွေကို အနူးအညွတ်မေတ္တာရပ်ခံချင်ပါတယ်၊
ညီအစ်ကိုချင်းလိုကိုယ့်ချင်းစာစိတ်မထားနိုင်တောင်မှ တော်လှန်သောညီအစ်ကိုများသဘွယ်
ကိုယ်ချင်းစာစိတ်နည်းနည်းလေးထားပေးကြပါလို့၊
ကိုကိုဦး(၁၀၂) ပြောလိုက်တဲ့စကားပါ အရမ်းမှန်တာပဲ ဒါကြောင့် ကျွန်တော့ဘလော့ လာလည်ကြသော
မိတ်ဆွေ ညီကိုမောင်နှမ အားလုံး မြင်ရအောင် တင်းပေးလိုက်ပါတယ်ဗျာ..

No comments:
Post a Comment