ဒီမိုကရေစီအရေး စုစည်းရာမျိုးချစ်ညီအကိုများသို့ကြိုဆိုပါ၏.......
* ၂၀၀၉ ခုနှစ် စက်တင်ဘာ ရွှေဝါရောင် နှစ်ပတ်လည် ကာလမှာ ပခုက္ကူမြို့ က သံဃာ တွေကို အင်တာဗျူးဖို့ လုပ်ရင်း အဖမ်းခံရပြီးကသာထောင်မှာ ထောင်ချခံခဲ့ရတဲ့ မလှလှဝင်း နှင့် မေးမြန်းချက်။ ရွှေဝါရောင်နှစ်ပတ်လည် မှာ သတင်းယူလို့ ထောင်ချခံခဲ့ရတဲ့ မလှလှဝင်း by Burma VJ Media ဘားမားဗီဂျေ http://feeds.feedburner.com/thithtoolwin/yIWV * ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံကြောင်း ဦးခင်ညွန့် ဗိုလ်ချုပ်ကြီးဟောင်းက ပြောကြား
ယနေ့လွတ်မြောက်လာသည့် ဦးခင်ညွန့် (ဗိုလ်ချုပ်ကြီးဟောင်း) အား ရန်ကုန်မြို့ရှိ ၄င်း၏ နေအိမ်တွင် တွေ့ရစဉ်
"
နေကောင်းပါတယ်။ ကျန်းမာရေးလည်းကောင်းပါတယ်။ ပျော်တော့ပျော်တာပေါ့။
မိသားစုလည်းပျော်တယ်၊ လွတ်ပေမယ့်လည်း ကျန်တဲ့ တပည့်တွေရှိနေသေးတယ်။ ဟိုမှာ
မလွတ်သေးတာပေါ့ကွယ်။ ကျန်တဲ့ တချို့လွတ်သင့်လွတ်ထိုက်တဲ့လူတွေလည်း
ရှိနေသေး တယ်။ အားလုံးလွတ်ရင်တော့ ပိုကောင်းတာပေါ့။ အားလုံးမိသားစုတွေနဲ့
ဆုံကြတဲ့အချိန်မှာ ပိုကောင်းတာပေါ့။ သူတို့ကြီးပဲ ဒီလို လွတ်မြောက်လာတာ
တစ်ကိုယ်ကောင်းဆန်တယ်လို့တော့ စိတ်ထဲမှာ ဖြစ်မိတယ်။
အားလုံးလွတ်ရင်ကောင်းမယ်။ လွတ်ပါစေလို့ပဲ ဆုတောင်းတယ်။ အချိန်ကာလတစ်ခုမှာ
လွတ်လိမ့်မယ်လို့ ထင်ပါတယ်။ လက်ရှိအစိုးရကလည်း တစ်ဆင့်ပြီး တစ်ဆင့်
ဆောင်ရွက်နေမှာဆိုတော့ လွတ်လိမ့်မယ်လို့ ထင်ပါတယ်" ဟု ဦးခင်ညွန့်
(ဗိုလ်ချုပ်ကြီးဟောင်း) က မီဒီယာများသို့ ပြောကြားခဲ့သည်။
ဒါအပြင် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံကြောင်းလည်း ဦးခင်ညွန့် ဗိုလ်ချုပ်ကြီးဟောင်းက ပြောကြားခဲ့သည်။
No comments:
Post a Comment