ဒီမိုကရေစီအရေး စုစည်းရာမျိုးချစ်ညီအကိုများသို့ကြိုဆိုပါ၏.......

Wednesday, 18 January 2012

Lwin Hein Aung Aung ရဲ့အမြင်မှားတွေကိုမခံခြင်လို့ ပြောသွားတဲ့ စကားလေးပါ.....

"ဒေါ်စုနဲ့ အနုပညာလောကကိုစော်
ကားလိုက်တဲ့နတ်ကတော်သားစိုး"
ဆိုတဲ့ခေါင်းစဉ်နဲ့ ဖတ်လိုက်ရတဲ့အ
ပေါ်ကျနော်လူငယ်တယောက်ရဲ့အ
မြင်ကိုချပြကြည့်တာပါမိတ်ဆွေတွေသေသေချာချာဖတ်ပြီးဖြန့် ပေးကြပါ

ဒီနေရာမှာကျနော့်ရဲ့ထင်မြင်ချက်လေးကိုလည်းချရေး
ပါ့မယ်(သားစိုးပြောတဲ့အပေါ်)။ဒေါ်စုရဲ့တရားဝင်လူထု
ကိုပြောတဲ့စကားနှစ်ခွန်းနဲ့ စပါ့မယ် (၁)လွတ်လပ်စွာ
ပြောဆိုခွင့် ဝေဖန်ခွင့်ရှိပါတယ်၊ဒါပေမယ့်လွတ်လပ်
စွာဆဲပိုင်ခွင့်တော့မရှိပါတဲ့ (၂)တဖက်ကိုပဲအကောင်း
မြင်ပြီး အခြားတဖက်ကိုအဆိုးမြင်တာမျိုးလည်းမဖြစ်
သင့်ပါတဲ့ အင်မတန်မှန်တဲ့စကားတွေပါ။ သားစိုး
ပြောတာကိုကျနော့အမြင်မပြောခင် ကျနော်ကိုယ်
တိုင်ပြောခဲ့တဲ့စကားတစ်ခွန်းကိုအရင်ပြောရမယ်ဆို
ရင် သမ္မတဦးသိန်းစိန်ကပြည်ပရောက်တွေပြန်လာ
လို့ ရပြီသူတို့ ဘက်ကခွင့်လွှတ်ပေးမယ်ပြောခဲ့တာ
အားလုံးမှတ်မိကြလိမ့်မယ်ထင်ပါတယ်။တချို့ လူ
တွေကဒေါ်စု ကပြန်ခေါ်မှပြန်မယ်လို့ ပြောကြပြန်
ပါတယ်။ကျနော်ကတော့ရိုးသားစွာပြောလိုက်ပါ
တယ်ဘယ်သူပဲခေါ်ခေါ် ခင်ဗျားတို့ ပြန်ချင်မှပြန်
ခေါ်တဲ့သူနှစ်ယောက်စလုံးခင်ဗျားတို့ ကိုထမင်း
လာမကျွေးဘူးလို့ (ဒါအမှန်ပါပဲ)။ဘယ်သူခေါ်လို့ ပဲ
ပြန်ပြန် ကို့ ဘာသာကိုပြန်ချင်လို့ ပဲပြန်ပြန်ထမင်း
တလုပ်ကိုနောက်ကြောင်းရှင်းရှင်းနဲ့ အေးချမ်းစွာစား
ရမယ်ဆိုရင်အကောင်းဆုံးပဲလို့  စဉ်းစားကြည့်ပါဒီ
စကားမှာဘယ်တဦးတယောက်ကိုမှစော်ကား ပုတ်
ခတ် တိုက်ခိုက်တာမပါ ပါဘူး။ထိုင်နေတုန်းက
ကောင်းသား ထသွားမှကျိုးမှန်းသိ ဆိုတာကိုလုပ်
မယ်ဆိုရင်လည်း မိမိပါပဲ ဘယ်သူနဲ့ မှမဆိုင်သလို
တခြားလူတွေကိုလည်းအပြစ်ပုံချလို့ မရပါဘူး။သား
စိုးနဲ့ ကျနော်မသိပါဘူး၊သူ့ ပရိတ်သတ်လည်းမဟုတ်ပါ
ဘူး သူ့ ဘက်ကလည်းရှေ့ နေလိုက်တာမဟုတ်သ
လို့ ကျေးဇူးခံ ကျေးဇူးခါးလည်းမရှိပါဘူး။ရှင်းအောင်
ပြောပြတာပါ။ဒီနေရာမှာသားစိုးပြောတာကိုပြန်ကြည့်
ရရင် သားစိုးဟာလူငယ်တယောက်ပါ လူငယ်ဆိုတာ
အမှန်တရားကိုမြတ်နိုးရတယ် ရဲရင့်ပြတ်သားစွာပြော
ရဲရပါတယ် သူပြောတာအမှန်ပါပဲ။ဘာ့ကြောင့်လည်း
လို့ ဆိုရင် အခုရေးတပ်လိုက်တဲ့ခေါင်းစဉ်ကိုကလွဲ
နေပါတယ်။ တဖက်လူရဲ့နာမည်(သားစိုး)ကိုတပ်ပြီး
ပုတ်ခတ် စော်ကားလိုက်လို့ ပါ။သတင်း မီဒီယာသ
မားဆိုရင် သတင်းမီဒီယာ ရဲ့စောင့်ထိန်းရမယ့် စည်းကမ်းတွေကိုသေသေချာချာနားလည်းသဘော
ပေါက် လိုက်နာဖို့ လိုပါတယ်။ကိုစောဝေကိုဖေဖေါ်ဝါရီ
၁၄ ဆိုတဲ့ကဗျာနဲ့ ထောင်ထဲထည့်လိုက်တဲ့ မြတ်ခိုင်
လိုတော့မလုပ်ပါနဲ့ (သားစိုးပြောတဲ့အရင် အဘ အဘ
အခု အမ အမ ဆိုတာဒီအဓိပ္ပါယ်လို့ ကျနော်မြင်ပါ
တယ်) နောက်တခုသူက"သာကူးမဟုတ်ဘူး၊သူ့ လိပ်
ပြာသူလုံတယ် ဒီလိုသွားတဲ့လူတွေအထဲမှာ အရင်
တုန်းကအခွင့်အရေးရတဲ့ဘက်မှာနေပြီး အခုမှပြောင်း
လာကြတဲ့လူတွေပါတယ် ဘယ်သူတွေဘာလည်းဆို
တာပရိတ်သတ်ကသိတယ်"သူပြောတဲ့ထဲမှာစိတ်ရင်း
နဲ့ သွားတဲ့လူတွေ(အားလုံး)ကိုဆိုလိုထားတာမပါဝင်
ပါ။ဒါအမှန်တရားပါပဲ။ပဂိတ်စတ်ကသိပြီးသားပါဆို
တာ ဥပမာ-မိန်းခလေးတယောက်ရဲအရှက် ဂုဏ်သိ
က္ခာကိုမထောက်ပဲ အင်တာနက်ပေါ်မှာမဖွယ်မယာ
ဗီဒီယိုကိုဖြန့် လိုက်တဲ့ မျိုးကျော့မြိုင်၊နားမဝံ့သာနှမ
ချင်းကိုယ်ချင်းမစာ sex တယ်လီဖုန်းပြောတဲ့ လူမင်း
၊ကြံ့ဖွတ်ကိုမဲထည့်ဖို့ စည်းရုံးပြီးဗိုလ်ချုပ်သား သမီး
တွေနဲ့ ပေါင်းပြီး တစ်ကိုယ်ကောင်းဆန်တဲ့ လွင်မိုး၊
မင်းသားကြီးဟိုတယ်က မိုးဟေကို၊ကိုရီးယားမှာရေ
သွားကူးတဲ့ သင်ဇာဝင့်ကျော်၊၂၀၀၈ဖွဲ့ စည်းပုံကိုအ
တည်ပြုဖို့ ၂၀၁၀ရွေးကောက်ပွဲအတွက်ကြံ့ဖွတ်ကို
မဲဆွယ်သီချင်းဆိုပေးခဲ့တဲ့ နန်းစုရတီစိုး၊မျိုးကြီး၊တေဇ
နဲ့ ပေါင်းပြီးစစ်အုပ်စုနဲ့ ပလဲနံပတ်သင့်လို့ ဆံပင်
တောင်မဖြတ်ရတဲ့ ဇော်ဝင်းထွဋ်၊အမျိုးသားခေါင်း
ဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းကျဆုံးတဲ့နေကိုစစ်
အုပ်စုကဖျောက်ဖျက်နေတဲ့အချိန် နေ့  ကိုကော်ပီဆွဲ
လိုက်တဲ့ Rဇာနည်၊နော်ပြီး ဗိုလ်သန်းရွှေကိုအဖေခေါ်
ပြီး အခုကြတော့ဒေါ်စုဆီတိတ်တိတ်လေးသွားတဲ့
တေဇ၊အကယ်ဒမီလိုချင်တော့ ကျော်ဆန်း နဲ့ အပေး
အယူတဲ့သွားတဲ့သူတွေကို သားစိုးကဆိုလိုတယ်လို့ 
ထင်ပါတယ်။ကျနော်မှတ်မိသလောက် ဒေါ်စုနဲ့ အရင်
ဦးဆုံးတွေ့ ဆုံခဲ့တဲ့အနုပညာရှင် သတ္တိရှိတယ်လို့ ဆို
ရမယ်ဆိုရင် မှတ်မှတ်ရရ ဧရာဝတီမြစ်ဆုံကိစ္စတုန်း
က အဲ့ဒီတုန်းကအခြေအနေကဒေါ်စု အခုလောက်
မျက်နှာမပွင့်သေးတုန်းက ကိုရဲတိုက်၊ကိုအနဂ္ဂ၊မသံ
သာဝင်း၊ကိုရန်ရန်ချမ်း၊ကိုဇေယျာသော်၊စာရေး
ဆရာ/မ၊ကဗျာဆရာ၊ပန်းချီဆရာတွေကလွဲ၍ဒေါ်စု
ကိုတွေ့ ရဲတဲ့သူမရှိခဲ့ပါ။သူတို့ တွေကိုတော့အလွန်ပင်
လေးစားပါတယ်။မှတ်မိကြလိမ့်မယ်လို့ တော့ထင်ပါ
တယ်။နောက်တခုသားစိုးက ကိုမင်းကိုနိုင်၊ကိုဇာဂနာ
တို့ လိုနိုင်ငံရေးမလုပ်နိုင်သလို၊ကိုကျော်သူ၊မရွှေဇီး
ကွက်လိုလူမှုရေးလည်းသူမလုပ်နိုင်ပါတဲ့ ဒါသူမလုပ်
နိုင်တာကိုရိုးသားစွာဝင်ခံသွားတာပါ။အထက်ပါလူတွေ
လုပ်နေတဲ့နိုင်ငံရေး၊လူမှုရေးဘယ်လောက်ကြီးကျယ်
မြင့်မြတ်တယ်ဆိုတာကိုသူကပြောပြသွားတာပါ။နောက်သားစိုးက BBC VOA RFA တို့ ကနေနိုင်ငံ
ရေးအကျပ်အတည်းရှိတဲ့အချိန်မှာမြန်မာ့နိုင်ငံရေးကို
လူငယ်ပီပီ ပွင့်လင်းစွာပြောခဲ့တယ်။ဒေါ်စုဆီတရုန်း
ရုန်းသွားခဲ့တဲ့အနုပညာရှင်တွေဘယ်နှစ်ယောက်များ
ပြောခဲ့တာကြားဖူးခဲ့ပါသလည်း?မှတ်မှတ်ရရ မခိုင်
(ထွန်းအိန္ဒြာဗို)တယောက်ပဲ ၂၀၀၇ရွှေဝါရောင်တော်
လှန်ရေးနဲ့ ပက်သက်ပြီးအင်တာဗျူးမှာပြောတာကြား
ဖူးခဲ့ပါတယ်။လေးစားပါတယ်မခိုင်။နောက် မျက်နှာ
ဖေါ်ပြပြီးသံဃာတော်တွေနဲ့ အတူပါဝင်ခဲ့တာ ကိုရဲလွင်
၊ကိုစံလင်း၊ဒါရိုက်တာအချို့ တို့ လောက်ပါပဲ လေးစား
ပါတယ်။ထိုနည်းတူစွာဒေါ်စုနေအိမ်အကျယ်ချုပ်က
လွတ်တဲ့နေ့ တုန်းကသူမအိမ်ရှေ့ ကိုသွားခဲ့တဲ့သူတွေ
လက်ချိုးရေတွက်လို့ ရပါတယ်။ သားစိုးကပြောတယ်
ဒေါ်စုကရောကျနော်တို့ ကိုဘာလုပ်ပေးနိုင်မှာမို့ လို့ 
လည်း? ဒီအစိုးရကရောကျနော်တို့ ကိုဘာလုပ်ပေးနိုင်
မှာမို့ လို့ လည်း? သူကနှစ်ဖက်စလုံးကိုမျှတစွာပြော
သွားတာပါ။ဒီစကားဟာဝေဖန်၊ပုတ်ခပ်တဲ့အသုံးအနှုံး
မဟုတ်ဘူးလို့ ထင်ပါတယ်။ပုတ်ခပ်တယ်ဆိုရင်ဒေါ်စ
တယောက်ထဲ တဖက်ထဲကိုပဲပြောမှာပေါ့။သေချာစဉ်း
စားကြည့်ပါ စကားတွေရဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်ကိုနား
လည်ဖို့ လိုပါတယ်။သူပြောတဲ့အဓိပ္ပါယ်က ကျနော်
အပေါ်မှာပြောခဲ့သလို နှစ်ဖက်စလုံးဘယ်သူကမှထမင်း
တလုပ်လာမကျွေးဘူး ဆိုတာကိုလူငယ်တယောက်အ
နေနဲ့ ပွင့်လင်းစွာပြောလိုက်တာဖြစ်ပါလိမ့်မယ်လို့ ယူ
ဆပါတယ်။ကျနော်လည်းဒီလိုပဲပြောလို့ သွားပြီးတူနေ
လို့ သိလိုက်တာပါ စိတ်ထဲမှာတော့မကောင်းတဲ့ဘက်
ကိုမရည်ရွယ်ခဲ့ပါ။သားစိုး ကသူ့ မှာပုဂ္ဂိုလ်စွဲ ပါတီစွဲ နိုင်
ငံရေးအစွဲမရှိပါဘူး တိုင်းပြည်ကိုဦးဆောင်မယ်လူဘယ်
သူပဲဖြစ်ဖြစ် တိုင်းပြည်နဲ့ လူမျိုးအကျိုးကိုတိုးတက် ကြီး
ပွါးအောင်ဦးဆောင်မယ့်ဘယ်ခေါင်းဆောင်နောက်ပဲ
ဖြစ်ဖြစ်သူလိုက်မယ်တဲ့။ဒါဟာသာမန်ပြည်သူတွေသုံး
တဲ့စကားကိုလူငယါတယောက် ကအခွင့်အရေးအရ
ပြောပိုင်ခွင့်ရှိပါတယ်။ဘာ့ကြောင့်လည်းဆိုတော့သက်
ပြည့်ပြီးသူတိုင်းမှာ မဲ တပြားကိုင်ထားပြီးလူထုပေါ်အ
နစ်နာခံပြီး တိုင်းပြည်ကောင်းအောင်လုပ်မယ့်ဘယ်သူ့ 
ကိုမဆိုလွှတ်တော်ထဲပို့ မယ်၊ရွေးချယ်တင်မြှောက်မယ်
လို့ ဆိုလိုတယ်လို့ ထင်ပါတယ်။ဒီနေရာမှာ(ဒေါ်စု၊ကို
မင်းကိုနိုင်၊ကိုဇာဂနာ၊ဦးသုဝေ၊ဦးခင်မောင်ဆွေ၊ကြံ့ဖွံ့ 
ပါတီ၊အခြား)ဘယ်သူကိုမဆိုရွေးချယ်လို့ ရပါတယ်။
ထောက်ခံသွားမယ်လို့ ပြောသွားပါတယ်။ကျနော်တို့ 
ပြည်သူတွေတချိန်တုန်းကဘာပြောကြသလည်းဆို
ရင်ကျောင်းသားတွေကိုလည်းမဖမ်းပါနဲ့ ဒီမိုကရေစီမရ
ချင်လည်းနေ လက်ရှိစစ်ခေါင်းဆောင်တွေပဲအုပ်ချုပ်ပါ
စေ မီးမှန်၊ရေမှန် နဲ့ မချမ်းသာချင်နေပါ လးတန်းစေ့
လေးနေရရင်၊အေးအေးချမ်းချမ်းနဲ့ အလုပ်လေးလုပ်ပြီး
ထမင်းမှန်မှန်စားရရင် သား သမီးတွေကိုပညာသင်ပေး
နိုင်ရင်တော်ပါပြီ ဒုက္ခ ဆင်းရဲတွေလည်းမခံစားချင်ပါ
ဘူးလို့ ညဉ်းခဲ့ကြတဲ့အသံနားထဲမှာအခုထိကြားနေစဲ
ပါ။ဒီအထဲမှာခင်ဗျားတို ကျနော်တို့ အမေတွေ သား
ပျောက်ခဲ့တဲ့မိခင်တွေပါမှာပါ။ကောင်းမှာပါဆိုပြီး
စောင့်ကြည့်ရင်း စောင့်ကြည့်ကာလနဲ့ သေဆုံးသွားခဲ့
တဲ့လူတွေဒုနဲ့ ဒေးပါ။ဒေါ်စုတိုင်းပြည်အတွက်လုပ်နေ
တယ်ဆိုတာအရွယ်ရောက်ပြီးအသိဥာဏ်ရှိသူတိုင်း
သိကြပါတယ်။အချိန်ကာလကြာသွားခဲ့တာကလွဲလို့ 
ပေါ့ သူ့ မှာလည်းအကျပ်အတည်း အခက်အခဲတွေ
ဒုက္ခတွေ အန္တရာယ်တွေကြားကလုပ်ရတာလေ ဒါကို ကျနော်တို့ နားလည်သဘောပေါက်သလို သားစိုး
လည်းသိပြီးသားဖြစ်မှာပါ။ဒါကိုဒီသတင်းဖွလိုက်တဲ့
လူက"ဒေါ်စုနဲ့ အနုပညာလောကကိုစော်ကားလိုက်
တဲ့နတ်ကတော်သားစိုး" စာလုံးကတော်တော်ကြီးပါ
တယ်။ဒီမှာတင်ကျနော်ဘာလည်းဟဆိုပြီး စာကိုတ
လုံးချင်းသေသေချာချာ နားလည်သဘောပေါက်
အောင် လေး၊ငါးခေါက်ဖတ်ကြည့်လိုက်တော့ သားစိုး
ကဒေါ်စုကိုရော၊အနုပညာလောကကိုပါ ဆဲရေးတိုင်း
ထွာ၊ရိုင်းပြစော်ကားထားတဲ့စကားလုံးတလုံးမှပါတာ
မတွေ့ မိပါဘူး။ဘယ်စာရေးဆရာ၊စာပေပညာရှင်၊ဥပ
ဒေပညာရှင်ကိုမဆိုသားစိုးပြောတာကိုသွားမေးကြည့်
ကြပါ။မှန်လား၊မှားလား ဘာနဲ့ အကျုံးဝင်လည်းဆိုတာ
တချိန်တုန်းကဒေါ်စုကိုကုလားအုတ်မလို့ ပြောခဲ့တဲ့
ကိုခင်ညွန့် နဲ့ ထောက်လှမ်းရေးအဖွဲ့ ကိုကျတော့ ကို
ခင်ညွန့် ကဘုရား၊တရားပဲလုပ်တော့မယ်။ဖြစ်ပြီးရင်
ပျက်မယ် ဒီသဘောတရားတွေကိုနားလည်သွားပြီပြော
တော့ကျနော်တို့ လူတွေမျက်ရည်တောင်ကျကြမယ်
ထင်ပါတယ်။ခွင့်လွှတ်ခဲ့ကြတယ်လို့ ထင်ပါတယ်။အသံတွေကိုကြားနေရလို့ ပါ။တခုတော့သတိပေးပါရ
စေ "မှန်ကန်" သူနဲ့  "မှန်" ကို "ကန်"တဲ့သူကိုခွဲခြား
သိဖို့ လိုပါတယ်။
မှတ်ချက်မှာ မျိုးချစ်မြန်မာ ဆိုတဲ့နာမည်ကိုတွေ့ တော့
ထပ်ပြီးဖတ်ကြည့်ပါတယ်။ သားစိုး ကိုစော်ထားတာ
တွေ့ ပါတယ်။မျိုးချစ်မြန်မာ နာမည်ရော စကားလုံးကြီး
ကအကြီးကြီးပဲ။သူကဒေါ်စုကိုချစ်တယ်တဲ့ ထိရင်မခံ
ဘူးတဲ့။မောင်မင်းကြီးသားမျိုးချစ်မြန်မာ ၂၀၀၃ မေ ၃၀
သူဘယ်ရောက်နေလည်း? ၂၀၀၇စက်တင်ဘာဘုန်းဘုန်းတွေဒေါ်စုအိမ်ရှေ့  ကြွတဲ့
နေ့ ကရောဘယ်ရောက်နေလည်း? ဒေါ်စုအိမ်ချုပ်
လွတ်တဲ့နေ့ ကရော? အဲ့ဒီလောက်တော့မေးချင်ပါ
တယ်။ဒေါ်စုကိုချစ်တယ် ဖမ်းမှာကြောက်လို့ ဝေးဝေး
မှာ အမေရိကမှာနေပြီး ကို့ အမျိုး ကို့ မိန်းမကိုချစ်ပြီး
ကိုယ်ကျိုးအတွက်ကို့ စီးပွါးကိုရှာနေတယ်ထင်တယ်။
ဟုတ်မဟုတ်မေးကြည့်ကြပါ။တခါတုန်းကသူ့ ကိုရုရှ
ရောက်စစ်ဗိုလ်တွေလား အစာမကျေတဲ့သူတွေလား
တော့မသိ ရုပ်ရှင်မင်းသားကြီးတယောက်ရဲ့လူမသိ
သူမသားဆိုလားရေးတာဖတ်ခဲ့ရဖူးလိုပါ (စော်ကားလို
စိတ်မရှိပါ) ကျနော်ပြောတာမဟုတ်ပါသူ့  ကိုဘယ်သူပြောခဲ့တယ်ဆိုတာသူသိပါတယ် မကျေနပ်ရင်အဲ့ဒီလူကိုသွားပြောပါ။မျိုးချစ်မြန်မာကိုတော့ကျနော်မသိပါဘူး။ကျန်သေးပါတယ်ဂုဏ်သိက္ခာအရစောင့်သိပေးလိုက်
တာပါ။သူကမျိုးချစ်မြန်မာဆိုလို့ နောက်ဒေါ်စုကို
ချစ်တယ်ဆိုလို့ ပါ။ချစ်တော့ချစ်တယ် ဒါပေမယ့်ဆိုတာ
လို့ ပေါ့။ဖြစ်နိုင်ရင်အနီးအနားကနေဒေါ်စုကိုသွားချစ်ဖို့ 
အကြံပြုချင်ပါတယ်။မြန်မာပြည်သူလူထုကြီးက
ဗိုလ်ချုပ်အောင်ဆန်းကိုချစ်ကြတယ် အဲ့ဒီကနေဆင်း
သက်လာတော့ ၁၉၈၈လောက်ကစလို့ သူတွေသိလာ
ကြပြီးဗိုလ်ချုပ်သမီးမို့ ချစ်ကြတယ် ဒါကမဆန်းပါဘူး
သူတယောက်ထဲချစ်တာမှာမဟုတ် မိမိရဲဘလော့မှာ
၊တီရှပ်အင်္ကျီမှာ၊အိမ်မှာဓါတ်ပုံချိတ်မှ၊ရင်ထိုး ထိုးမှ
ဒေါ်စုကိုချစ်တယ်လို့ ပြောလို့ မရပါဘူး။စိတ်ထဲနှလုံး
သားထဲမှာရှိတာလည်းချစ်တာပါပဲ။လူမြင်အောင်
ကြားအောင်အော်သလိုငါးပွက်ရာငါးစာချတာမျိုး
တော့ ကျနော်မလုပ်တတ်ပါ မလုပ်ချင်ပါ ရှက်လို့ ။
ကျနော်ကဒေါ်စုကိုချစ်တယ်ပြောတာထက် ပိုလေး
စားတယ်၊တန်ဖိုးထားတယ်၊မြတ်နိုးတယ်၊အလေး
ထားတယ်။ချစ်တယ်ဆိုတာပြောရင်လွယ်ပါတယ်
မျိုးချစ်မြန်မာတယောက်သူ့ မိန်းမနဲ့ သူ့ အမေဘယ်
သူကိုပိုချစ်လည်း? အဲ့ဒီလူတွေနဲ့ ဒေါ်စုကိ ဘယ်သူ့ 
ကိုပိချစ်လည်း? လို့ မေးရင် သူကမတူဘူးလို့ ပြော
မှာပေါ့ သိပြီးသားပါနော်။
အဲ့ဒီတော့အချုပ်အားဖြင့်ဆိုရရင် သားစိုး ကိုပြောတာ
လည်းပြောတာပေါ့ မောင်မင်းကြီးသားမျိုးချစ်မြန်မ
တယောက်လည်း အမေရိကန် မှာနေပြီး တိုင်းပြည်အ
တွက်ဘာတွေလုပ်ပြီးပြီလည်း၊ဘာတွေလုပ်နေလည်း
၊ဘယ်လောက် ဘယ်လိုထပ်လုပ်ပေးရမလည်းဆိုတာ
စဉ်းစားရင်း မိမိရတဲ့အထဲမှ ဆင်းရဲ ဒုက္ခရောက်နေကြ
တဲ့ပြည်သူတွေ မျက်မမြင်ကျောင်း မိဘမဲ့ဂေဟာတွေ
နဲ့ သဘာဝဘေးကြောင့်ဒုက္ခရောက်နေကြသူတွေ
ကိုယနေ့ မှစ၍ဒီထက်ပိုပြီး လှူဒါန်းနိုင်ပြီး ကုသိုလ်
ရယူနိုင်ပါစေ။ဒေါ်စုကိုလည်းအမြဲတစေ အနီးကပ်ချစ်
နိုင်ပါစေ.....

No comments:

Post a Comment