ဒီမိုကရေစီအရေး စုစည်းရာမျိုးချစ်ညီအကိုများသို့ကြိုဆိုပါ၏.......
မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံခြားလွမ်းမိုးမှုအန္တရာယ်စောင့်ကြည့်ကာကွယ်ရေး
အမေရိကန်ပြည်ထောင်စု
အတ္တလန်တာမြို့အခြေစိုက် ကမ္ဘာကျော်ရုပ်/ သံသတင်းဌာနCNN ကမြန်မာနိုင်ငံကို
လာမည့် ၂၀၁၂ ခုနှစ်တွင် ခရီးသွားများသွားလာလည်ပတ်ရန်
အကောင်းဆုံးနေရာကိုးခုအနက် နံပါတ်(၃) အဆင့်အဖြစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က
ထည့်သွင်းဖော်ပြလိုက်သည်။ CNN က မြန်မာနိုင်ငံကို ယင်းကဲ့သို့
ထည့်သွင်းဆုံးဖြတ်ရာတွင် Lonely Planet အပါအဝင် ကမ္ဘာကျော်
ခရီးသွားလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူလေးဦးထံမှ
ကိုယ်တွေ့သွားလာမှုထောက်ခံချက်မ...ျားမှ ရယူဖော်ပြခဲ့ခြင်းဖြစ်သည်ဟုလည်း
ယင်းသတင်းတွင်ဖော်ပြပါရှိသည်။ “မြန်မာနိုင်ငံကို သွားလာခဲ့ရတာ
ရင်သပ်ရှုမောပါပဲ။ ကမ္ဘာမှာ မပျက်စီးသေးတဲ့ နေရာတစ်ခုကို ရောက်သွားသလိုပါပဲ။
မြန်မာပြည်မှာရှိတဲ့ လူတွေလောက် ခင်မင်နှစ်လိုဖွယ်ကောင်းတဲ့ သူတွေ
မတွေ့ဖူးပါဘူး” ဟု ခရီးသွားလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူတို့ကို ကိုးကား၍
CNN က ဖော်ပြသည်။ ၂၀၁၂ ခုနှစ်တွင် ခရီးသွားများသွားလာလည်ပတ်ရန် အကောင်းဆုံး
နေရာကိုးခုအနက် အင်္ဂလန်၊ မာယာ လူမျိုးတို့နေထိုင်ခဲ့ရာ မက္ကဆီကို
နယ်တွင်းဒေသ၊ မြန်မာနိုင်ငံ၊ အမေရိကန်ပြည်ထောင်စု ချီကာဂို၊ အီတလီနိုင်ငံ
ဗင်းဆင့်၊ နယ်သာလန်၊ ကနေဒါနိုင်ငံ အတ္တလန်တစ်၊ တောင်အမေရိကတိုက် ဥရုဂွေး
နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် ရှိ
အော်လန်ဒိုဒေသတို့ဖြစ်သည်ဟု ဖော်ပြပါရှိသည်။ ပြီးခဲ့သည့်
နိုဝင်ဘာလအတွင်းကလည်း
Lonely Planet ခရီးသွားလမ်းညွှန်ကမ္ဘာကျော်စာအုပ်ကြီးကလည်း ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ရှိပြီး အဖော်ရွေဆုံး၊ သဘောအကောင်းဆုံးလူမျိုးများနေထိုင်ရာ
မြန်မာနိုင်ငံသည် ၂၀၁၂ ခုနှစ်အတွင်း ကမ္ဘာပေါ်တွင် ခရီးသွားလာရန်
အကောင်းဆုံးဒေသများအနက် နံပါတ် ၂ နေရာတွင်ရှိသည် ဟု
ထည့်သွင်းဖော်ပြခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့ထုတ် The Voice
ဂျာနယ်တွင် ဖော်ပြထားပါသည်။
No comments:
Post a Comment