Thursday, January 19, 2012
STOP ONLINE PIRACY ACT

ဓါတ်ပုံ ခရက်ဒစ်
အခုရက်ပိုင်း အချိန်ပိုင်း လပိုင်းအတွင်းမှာ မြန်မာပြည်က လူတွေအတွက် ၀မ်းသာအားရ ဖြစ်စရာ အကြောင်း ကိစ္စတွေ ပေါ်နေခဲ့တယ်။ မြန်မာတွေ အကုန်လုံးလည်း စိတ်ဝင်တစားနဲ့ ပြည်တွင်းက ပြောင်းလဲမှု့ သတင်းတွေ တိုးတက်မှု့သတင်းတွေ နားစွင့်နေရင်း အတော်အလုပ်ရှုတ်နေ ကြပါတယ်။ ကျွန်တော် ကိုယ်တိုင်လည်း အင်တာနက် ငတ်တလှည့် ပြတ်တလှည့် မြန်မာပြည်ကနေ ကမ္ဘာ့သတင်းတွေ အာရုံမစိုက် မိခဲ့ပါဘူး။ မြန်မာတီးရှော့ခ် ဖိုရမ်က ရဲဘော် ရဲဘက် တစ်ယောက်က အကြောင်းကြား အသိပေးမှ အွန်လိုင်း ဘ၀တွေနဲ့ ပတ်သတ်ပြီး အရေးကြီးတဲ့ သတင်းကို ကြားသိလိုက်ရပါတယ်။ ခရက်ဒစ်တူ ကိုမွန်ခိုက်စ် (မြန်မာတီးရှော့ခ့်) ပေါ့ဗျာ။
အခုရက်ပိုင်းမှာ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတာတွေ၊ ၅၀၀၀ တန်ဆင်းမ်ကတ် ကိစ္စ၊ NLD ကြားဖြတ် ရွေးကောက်ပွဲ ဝင်မယ့်ကိစ္စတွေ စတဲ့သတင်းတွေနဲ့ လုံးလည်ချာလည် လိုက်ပြီး မြန်မာပြည်သူ ပြည်သားတွေ အတော် အလုပ်ရှုပ်ခဲ့ကြမှာပါ.။ ဒီလိုတွေ ရှုပ်နေလို့လဲ ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ Event တွေကို လိုက်မကြည့် နိုင်ခဲ့ကြဘူး.။ ဒါနဲ့ပဲ အရေးကြီးတဲ့ ကမ္ဘာ့ Event တစ်ခုကို မြန်မာနိုင်ငံက လူအများစု သတိမပြုမိ ခဲ့ကြပါဘူး.။ အဲ့ဒါက ဘာလဲဆိုတော့ SOPA လို့ခေါ်တဲ့ လုပ်ဆောင်ချက် တစ်ခုကို ဆန္ဒပြတဲ့ အနေနဲ့ Wikipedia နဲ့ redit အပါအဝင် website ပေါင်းများစွာ ဘလော့ခ် ပေါင်းများစွာ ၁၂ နာရီကြာအောင် Blackout လုပ်ခဲ့တာပါပဲ.။
လွန်ခဲ့တဲ့ ၁၂ နာရီအတွင်းမှာ ကမ္ဘာ့ website တော်တော်များများ Blackout လုပ်ပြီး service ရပ်ဆိုင်းခဲ့ ကြပါတယ်.။ ဘာကြောင့်လဲ ဆိုတော့ SOPA လုပ်ဆောင်ချက်ကို ဆန္ဒပြခဲ့ ကြတာပါ.။ SOPA ဆိုတာ Stop Internet Piracy Act ကို ကိုယ်စားပြုပါတယ်.။ ဘာလဲဆိုတော့ ကျနော်တို့ အခုအသုံးပြု နေတဲ့ website တွေကို ဆင်ဆာ ကန့်သတ် ဖို့လုပ်ဆောင်ချက်ပါပဲ.။ အခုအသုံးပြုနေတဲ့ ဆိုက်ဒ်တွေမှာ Copyright အရ ကာကွယ်ထားတာတွေ မရှိဘူး မဟုတ်ဘူး ရှိပါတယ်.။ ဥပမာ- သီချင်း၊ ရုပ်ရှင် စတာတွေကို အွန်လိုင်းပေါ် တရားမဝင်တင်ခဲ့ရင် အဲ့ဒီလင့်ခ်ကို ဖျက်ချခွင့်၊ ဖိုင်ဖျက် သိမ်းခွင့် စတာတွေပါ.။ ကျနော်တို့ Mediafire မှာ ဖိုင်တွေ တင်တော့ နာမည်မပြောင်းမိ လို့ဖျက်ချခံရ သလိုပေါ့ဗျာ.။ ဒါတွေက အရင်ကတည်းက ရှိခဲ့ပါတယ်.။
ဒါပေမယ့် အခု SOPA ရဲ့သဘောတရား အနှစ်ချုပ်က ဘာလဲဆိုတော့.. Website တစ်ခုဟာ Copyright ချိုးဖောက်ပြီး တင်ထားတဲ့ ဖိုင်တစ်ခုကို လင့်ခ်ထုတ်ပြခဲ့ရင် ဖြစ်ဖြစ်၊ တင်ပေးခဲ့ရင် ဖြစ်ဖြစ်၊ ပြန်လည်ဝေငှရင် ဖြစ်ဖြစ် အရင်ကလို လင့်ခ်ကိုဖျက်ချ၊ ဖိုင်ကို ဖျက်ချ ရုံသာမဟုတ်၊ အဲ့ဒီဆိုက်ဒ်ကိုပါ Shutdown လုပ်ပစ်သည် အထိ အရေးယူမယ်… ဆိုတာပါပဲ.။ ဒီပုံအတိုင်း ဆိုရင် အဲ့ဒီဥပဒေစတင် အသက်ဝင်တာနဲ့ တပြိုင်နက် ပထမဆုံး Search Engine တွေအပိတ်ခံရမယ်၊ နောက် Facebook . Twitter. ဆိုရှယ်နပ်ဝက်ခ်တွေ၊ နောက် Mediafire တို့လို ဖိုင် Upload တင်တဲ့ဆိုက်ဒ်တွေ၊ နောက် အွန်လိုင်းပေါ်မှာ ဖိုင်တွေဝေမျှ၊ ဖလှယ် နေကြတဲ့ ဖိုရမ်၊ ဘလော့၊ website တွေ၊ အားလုံးကုန်တော့မှာပါ.။ ဒါကြောင့်လဲ ဒီ SOPA လို့ ခေါ်တဲ့ ဆိုးဝါးတဲ့ ဆင်ဆာ ဖြတ်တောက်မှုအက်ရှင်ကို ကန့်ကွက် ဆန္ဒပြ ကြရတာပါ.။
အခု လောလောဆယ်အထိ Backout လုပ်ခဲ့ကြတဲ့ ဆိုက်ဒ်တွေထဲမှာ Wikipedia, Mozilla, Reddit တို့အပါအဝင် မေဂျာ ဆိုက်ဒ်ပေါင်း ၇၀၀၀ ကျော်နဲ့ ဘလော့ပေါင်း မရေမတွက် နိုင်အောင် ပါဝင်ခဲ့ကြတယ် လို့ သိရပါတယ်.။ ဒီထဲမှာ Facebook လို အကြီးစား ဆိုရှယ်နက်ဝပ်ခ်တွေ တော့မပါဝင် သေးပါဘူး.။ Facebook ပူးတွဲ တည်ထောင်သူ Mark Zuckerberg ကတော့ သူ့ရဲ့ Personal Opinion ကို Facebook Status မှာ ဒီလိုပြောခဲ့ပါတယ်.။
The internet is the most powerful tool we have for creating a more open and connected world. We can't let poorly thought out laws get in the way of the internet's development. Facebook opposes SOPA and PIPA, and we will continue to oppose any laws that will hurt the internet.
ကျနော်တို့တွေ ဟာလဲအင်တာနက်ထဲမှာ မွှေနှောက်နေ ကြတဲ့သူတွေ ဖြစ်တဲ့အတွက် အင်တာနက်ကြီး ဘာဖြစ်နေတယ် ဆိုတာ သိကြဖို့ လိုပါတယ်.။ တကယ်လို့ ဒီအက်ရှင်သာ အတည်ဖြစ်မယ် ဆိုရင် ကျနော်တို့တွေ အင်တာနက် ကျောက်ခေတ်ကို ပြန်ရောက်ကြရ တော့မှာပါ.။ ဒါကြောင့် အမှုမဲ့အမှတ်မဲ့ မနေကြဘဲ နားစွင့်ထား ကြဖို့၊ ဒီအက်ရှင်ကို ကန့်ကွက်နေကြတဲ့ အင်တာနက် အသိုင်းအဝိုင်းကို ထောက်ခံအားပေး ကြဖို့လိုကြောင်း သတိပေးလိုက်ရကြောင်းပါ.။
No comments:
Post a Comment