“ ဒီမိုကရေစီစနစ်ကိုအမှန်တစ်ကယ်ကျင့်သုံးချင်တယ်ဆိုရင်ခိုင်မာပြီးသိက္ခာရှိတဲ့
နိုင်ငံရေးပါတီတွေ ထူထောင်ဖို့ဟာ မဖြစ်မနေလိုအပ်ချက်ပါ။ ပါတီနိုင်ငံရေးနဲ့
အမျိုးသားနိုင်ငံရေးရယ်လို့ ခွဲခြားပြီး မြင်တာဟာ ဒီမိုကရေစီ
လုပ်ထုံးလုပ်နည်းတွေကို အသေအချာ မလေ့လာထား...လို့ဖြစ်နိုင်သလို ပါတီနိုင်ငံရေးရဲ့ အဓပ္ဂါယ်ကိုတမျိုးမြင်လို့လည်းဖြစ်နိုင်ပါတယ်။ အန်တီဖေဖေ ကိုယ်တိုင် ပါတီနိုင်ငံရေးမှတဆင့်
မြန်မာနိုင်ငံလွှတ်လပ်ရေးကိုဦးတည်တဲ့ (၁၉၄၇ ) ရွေးကောက်ပွဲမှာပါဝင် ယှဉ်ပြိုင်ခဲ့တာပါ။
တောင်အာဖရိက က တကမ္ဘာလုံးလေးစားရတဲ့ခေါင်းဆောင်ကြီး နယ်လ်ဆင်မင်ဒဲလ် လားဆိုရင်လည်း မိမိနိုင်ငံရေးသက်တမ်းတလျှောက် ANC
ပါတီဝင်အဖြစ် လှုပ်ရှားရပ်တည်ခဲ့တာပါ။အနားယူနေပြီးဖြစ်ပေမယ့်လည်း ခုထိတောင် ပါတီဝင်ဆဲဖြစ်နိုင်ပါတယ်။
ကိုယ့်ကိုကိုယ် ပါတီနိုင်ငံရေးအထက်မှာရှိတယ်လို့ ယူဆတဲ့ပုဂ္ဂိုလ်များဟာ တကယ်တော့ ဒီမိုကရေစီအရေးထက် ကိုယ့်အနေအထားကို ပိုပြီး အလေးထားတယ်လို့ အန်တီထင်မိပါတယ်။
နောက်ပြီး လွှတ်တော်ထဲက လူတွေထက် ကိုယ့် ကိုကိုယ် သာတယ်လို့ လည်း မမြင်သင့်ပါဘူး။ သူတို့တွေလည်း နိုင်ငံသားတွေပဲမဟုတ်ပါလား။
ကိုယ်စားလှယ်တွေ အရည်အသွေးတက်လာပြီး အန်တီကို အနိုင်မကျင့်နိုင်အောင်လို့ သားတို့က၀ိုင်းပြီးလုပ်ပေးကြလေ” ။
ဗွီအိုအေ မေးမြန်းခန်းနောက်ဆုံးနေ့ တွင် ဦးနွယ်တိုး (ကျောက်မြောင်း) ရဲ့
ပါတီနိုင်ငံရေးဝေါဟာရ နဲ့ ပါတ်သက်ပြီး မေးမြန်းချက်ကို
အထက်ဖေါ်ပြပါအတိုင်းဖြေကြာခဲ့ခြင်းပါ။
မြန်မာပြည်နိုင်ငံရေးစင်မြှင့် မှာကပြအသုံးတော်ခံမယ့်
အတိုက်အခံမဟုတ်တော့တဲ့ ပေါတောတော အဖွဲ့ဝင်နောက်လိုက်တွေရဲ့ ပေါချာချာ
အောက်စ်ဖို့ဆင်း စုကြည်ရဲ့ ချာတူးလန် စကားရပ်တွေပါပဲ။
မျက်ကန်း ပုဂ္ဂိုလ်စွဲသမားတွေ သတိသာထားကြပေတော့။ အပြန်အလှန်အားဖြင့် ပေါတောတော ခေါင်းဆောင်ဆိုသူရဲ့အနောက်ကိုလိုက်ရင် ပေါချာချာ ဘ၀နဲ့ပဲ နိဂုံးကမ္ဂတ် အဆုံးသတ် သွားကြပါလိမ့်မယ်ဆိုတာပါပဲ။ သတိပြုနိုင်ဖို့နဲ့ ဆင်ခြင်နိုင်ကြဖို့ပါ။
မျက်စိစုံမှိတ်ပြီး မျက်ကန်းကဲ့သို့ မိမိတို့ကိုယ်ကို မိမိတို့ သဘောထားနေကြမယ်ဆိုရင် (နိုင်ငံ့အရေးဆိုတဲ့)အလုပ်လုပ်နေခြင်းဟာ တိုင်းပြည်အတွက်လို့ မကြွေးကြော်ကြပါနဲ့တော့ ။ တစ်ဦးတစ်ယောက်တစ်ဖွဲ့ရဲ့အရေးသာဖြစ်တယ်လို့ ရဲရဲ သာ ကြွေးကြော်လိုက်ကြပေတော့ ။
သင်တို့ တစ်ဦးတစ်ယောက် တစ်ဖွဲ့ကြောင့် ငါတို့ သန်း(၆၀ ) ပိုင်တဲ့ တိုင်းပြည်ကြီး ပေါချာချာ တိုင်းပြည် အဖြစ်မခံနိုင်။
ပေါတောတော နိုင်ငံသားတွေ ဘ၀ အရောက်မခံ နိုင်။
ပေါချာချာ တိုင်းပြည် ဖြစ်မသွားရေးနဲ့ ပေါတောတော နိုင်ငံသားများဘ၀ မရောက်
ရှိရေးအတွက် “ သတိသမ္မဇဉ် ။ဥာဏ်မြေ ကတုတ်။ပညာချွန်းဖြင့်အုပ် နိုင်ကြပါစေ။
တာဝန် /ခံယူချက် / ယုံကြည်ချက်အရ ------------------ သင်း နီ နီ
No comments:
Post a Comment